- Types: Topics
- Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
- agencies: မြန်မာ့အာမခံလုပ်ငန်း
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ
မည်သူမဆိုမတော်တဆထိခိုက်မှုကြောင့်သေဆုံးခြင်း၊ ကိုယ်အင်္ဂါဆုံးရှုံးခြင်း၊ မသန်မစွမ်း ဖြစ်ခြင်းများ ဖြစ်ပွားပါက ဘဝရပ်တည်မှုကို အထိုက်အလျောက်ဖြည့်စွမ်းပေးသည့် အာမခံလုပ်ငန်း တစ်ရပ်ဖြစ်ပါသည်။
အသက် ၁၆ နှစ်မှ ၆၀ နှစ်အတွင်း ကျန်းမာရေးကောင်းသူများ အာမခံထားရှိနိုင်ပြီး အာမခံ ထားသူ၏ အသက်နှင့် ခန္ဓာကိုယ်သည် အာမခံထားမည့်ပစ္စည်း ဖြစ်ပါသည်။ အာမခံ သက်တမ်းမှာ ၁ လ၊ ၃ လ၊ ၆ လ၊ ၁ နှစ် ထားရှိနိုင်ပါသည်။ အာမခံထားငွေမှာ အမြင့်ဆုံး ကျပ်သိန်း ၅၀ အထိ (သို့မဟုတ်) USD 20000 အထိ ထားရှိနိုင်သည်။ အာမခံထားသူ၏ အလုပ်အကိုင် အဆင့်အတန်း နှင့် ထားရှိ
မည့် အာမခံအကာအကွယ်များအား အဆိုလွှာပါ ဇယား(အေ)(ဘီ)(စီ) အရ ရွေးချယ် စေပြီး ပရီမီယံနှုန်းထား သတ်မှတ်ပါသည်။
အာမခံအကာအကွယ်များမှာ မတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ ယာယီမသန်မစွမ်းမှုဖြစ်ခြင်း၊ အမြဲတမ်းမသန်မစွမ်းမှုဖြစ်ခြင်းနှင့် ခြေလက်အင်္ဂါဆုံးရှုံးခြင်းများ ဖြစ်ပွားပါက အကျိုးခံစားခွင့်များ ရရှိနိုင်ပါသည်။ ရောဂါဘယကြောင့် မျက်စိ (၂) လုံး လုံးဝကွယ် ခြင်း၊ ခြေလက်အင်္ဂါ (၂) ဘက် လုံးဝသေသွားခြင်း၊ အဆိုလွှာတွင် ဖော်ပြထားသော ရောဂါ (၅၅) မျိုးကြောင့် ယာယီမသန်မစွမ်းမှု ဖြစ်ပွားပါကလည်း အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။ သေဆုံးမှု အကျိုးခံစားခွင့်နှင့် ထိခိုက်ဒဏ်ရာရမှုအကျိုးခံစားခွင့်များကို ဖြစ်ပွားသည့်နေ့မှ (၂) ပတ်အတွင်း တောင်းခံရပါမည်။
ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုဒဏ်ရာ အနာတရဖြစ်စေခြင်းနှင့် သေဆုံးခြင်း၊ မူးယစ် စေတတ်သော အရက်သေစာနှင့် ဆေးဝါးများသုံးစွဲစဉ် မတော်တဆထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံး ခြင်း၊ ရူးသွပ်ခြင်း၊ စစ် (သို့မဟုတ်) စစ်အသွင်ကဲ့သို့ ဖြစ်ပွားသောကိစ္စများ၊ သောင်းကျန်းသူများ ကြောင့် ဒဏ်ရာရခြင်း/သေဆုံးခြင်း၊ ရာဇဝတ်မှုကျူးလွန်ရာမှ ထိခိုက်ဒဏ်ရာရခြင်း/သေဆုံးခြင်း တို့ကြောင့် အကျိုးခံစားခွင့်မရရှိနိုင်ပါ။
Form Download: |
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံပုံစံ |
ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း
မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ
-
အထူးခရီးသွားအာမခံလုပ်ငန်း
- 1513 hit(s)
-
ခရီးသွားအာမခံလုပ်ငန်း
- 1760 hit(s)
-
ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံလုပ်ငန်း
- 1745 hit(s)
-
ကုန်းလမ်းကုန်စည်အာမခံလုပ်ငန်း
- 1650 hit(s)
-
ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်း
- 2028 hit(s)
-
ရေကြောင်းကုန်ပစ္စည်းအာမခံလုပ်ငန်း
- 1587 hit(s)
-
ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ
- 1535 hit(s)
-
ငွေသားလုံခြုံမှုအာမခံလုပ်ငန်း
- 6037 hit(s)
-
ငွေပို့ငွေသယ်အာမခံလုပ်ငန်း
- 1570 hit(s)
-
သမာဓိအာမခံလုပ်ငန်း
- 1518 hit(s)
-
မီအားမခံလုပ်ငန်း
- 1763 hit(s)
-
အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်း
- 2154 hit(s)
-
သူတစ်ပါးထိခိုက်မှု နစ်နာကြေးတောင်းခံလွှာ
- 1643 hit(s)
-
ကျန်းမာရေးအာမခံလျော်ကြေးတောင်းခံခြင်း
- 1444 hit(s)
-
ကျန်းမာရေးအာမခံအဆိုလွှာ
- 1474 hit(s)
-
အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံအဆိုလွှာ
- 1355 hit(s)
-
စုပေါင်းအသက်အာမခံအဆိုလွှာ
- 1550 hit(s)
-
ပြည်သူပြည်သား အသက်အာမခံအဆိုလွှာ
- 1556 hit(s)
-
ပြည်သူ့ဝန်ထမ်း/တပ်မတော်ဝန်ထမ်းအသက်အာမခံအဆိုလွှာ
- 1590 hit(s)