j9 cover

မြန်မာ့အာမခံလုပ်ငန်း

Category: စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ရည်ရွယ်ချက်

(၁) ဖြစ်ပျက်တတ်သော ဘေးအန္တရာယ်များကြောင့် ပြည်သူများကြုံတွေ့နိုင်သည့် လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများကို နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ အာမခံထားခြင်းဖြင့် ငွေကြေးပြေလည်မှုရရှိစေရန်၊
(၂) လူတစ်ဦးစီအလိုက် အသက်အာမခံထားခြင်းဖြင့် ငွေစုဆောင်းသည့် အလေ့အထ တိုးပွားစေပြီး နိုင်ငံတော်၏ အရင်းအနှီးစုဆောင်းမှုကို အထောက်အကူပြုစေရန်။
(၃) လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လိုအပ်လာသည့် အာမခံအကာအကွယ်အမျိုးမျိုးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အာမခံစနစ်အပေါ် ပြည်သူများယုံကြည်ကိုးစားမှုရှိလာစေရန်။

 

အကောက်ခွန်ဦးစီးဌာန၏ဆောင်ပုဒ်
“မြန်မာ့အာမခံသည် ပြည်သူအတွက်”

 

မြန်မာ့အာမခံလုပ်ငန်း၏ အဓိကလုပ်ငန်းတာဝန်များ
မြန်မာ့အာမခံလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီးရုံးအနေဖြင့် အာမခံလုပ်ငန်းကြီး(၅) မျိုးကို အဓိကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

(၁) အသက်အာမခံလုပ်ငန်း
(၂) သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း
(၃) မီးနှင့်အမျိုးမျိုးအာမခံလုပ်ငန်း
(၄) ရေကြောင်းအာမခံလုပ်ငန်း
(၅) ခရီးသွားအာမခံလုပ်ငန်း

 

 

     
  ရုံးလိပ်စာ - အကွက်၄၁၄၊ ၆၃ လမ်း၊ ၃၄×၃၅လမ်းကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၂-၃၉၁၁၉၊ ၀၂-၆၂၀၀၄၊ ဖက်စ်-၀၂၆၂၀၀၄၊
  အီးမေးလ်လိပ်စာ -
  website လိပ်စာ - www.mminsurance.gov.mm
     

 

Eservices   Topics
No tagged items found
 
News