မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း

Category: လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

 

ရည်ရွယ်ချက်

(၁) 
မိမိရန်ပုံငွေ အစီအစဉ်ဖြင့် သီးခြားရပ်တည်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲရမှု လျော့ချနိုင်ရေး။
(၂)
လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကမှ ပါဝင်ရင်းနှီး မြှုပ်နှံ ဆောင်ရွက်ခွင့်ရရှိရေး။
(၃) တိုးပွားလာသော ရင်းနှီးမြှုပ်နှံမှုများကို အသုံးပြု၍ နိုင်ငံတကာစံချိန်နှင့် အညီ လုံခြုံစိတ်ချရသော ဓာတ်အားဖြန့်ဖြူးမှုစနစ်ကို တည်ဆောက်ပြီး တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေးနိုင်ရေး၊ မန္တလေးတိုင်းဒေသကြီးတွင် မှီတင်းနေထိုင်သူ ပြည်သူအားလုံး ရာနှုန်း ပြည့် ဓာတ်အားသုံးစွဲခွင့် ရရှိနိုင်ရေး။

 

အဓိကလုပ်ငန်းတာဝန်များ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း  သည် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး နယ်နမိတ်အတွင်း အောက်ပါလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ပါမည်-
(၁)
ရေတို ၊ ရေရှည် လုပ်ငန်းစီမံချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
(၂) 
လျှပ်စစ်ဓာတ်အားကဏ္ဍအား နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာစေရေး အတွက် စီမံဆောင်ရွက်ခြင်း။
(၃)
လျှပ်စစ်ဓာတ်အား သုံးစွဲသူများ လိုအပ်သော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ရရှိစေရေးအတွက် စီမံဆောင်ရွက်ခြင်း။
(၄)
လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး စီမံဆောင်ရွက်ခြင်း။
 (၅) 
အရည်အသွေးပြည့်ဝသောလျှပ်စစ်ဓာတ်အားကို လျှပ်စစ်ဓာတ်အားသုံးစွဲသူများ ထံသို့ စဉ်ဆက်မပြတ် စနစ်တကျ ဖြန့်ဖြူးပေးခြင်း။
 (၆)
လျှပ်စစ်ဓာတ်အားခများ အပြည့်အဝရရှိစေရေးအတွက် ကြီးကြပ်ဆောင် ရွက်ခြင်း။
 (၇) 
ကော်ပိုရေးရှင်းပိုင် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို အဖွဲ့ဖွဲ့၍ဖြစ်စေ၊ လျှပ်စစ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးဦးကို တာဝန်ပေး၍ဖြစ်စေ အခါအားလျော်စွာ စစ်ဆေးစေခြင်း။
 (၈)
လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းကိုစစ်ဆေးခြင်း၊ပုဂ္ဂိုလ်တစ်ဦးအား တာဝန်ပေး၍ စစ်ဆေးစေခြင်း။
 (၉) ကော်ပိုရေးရှင်း၏ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်ရေးနှင့် လုပ်ငန်းခွင် စည်းကမ်း လိုက်နာရေးတို့ကို စီမံဆောင်ရွက်ခြင်း။
 (၁၀)
ကော်ပိုရေးရှင်း၏ လုပ်ငန်းတာဝန်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အတွက် သက်ဆိုင်ရာအစိုးရဌာနများ ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ၊ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
 (၁၁)  လျှပ်စစ်ဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်းချက်နှင့်အညီလိုက်နာ ဆောင်ရွက်ခြင်း။

 

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်  ပေးရသည့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) 
ကော်ပိုရေးရှင်း၏ နယ်မြေ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်း ၊ ဖြန့်ဖြူးခြင်း။
(၂)  
လျှပ်စစ်ဓာတ်အားလိုင်းများ၊ဓာတ်အားခွဲရုံများတပ်ဆင်ခြင်း ၊ တည်ဆောက်ခြင်း။ခြင်း။
(၃) 
နိုင်ငံတော်အစိုးရနှင့်ပြည်တွင်းပြည်ပ ၊ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သောလုပ်ငန်း   များမှ လျှပ်စစ်ဓာတ်အားကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း။
(၄) 
ကော်ပိုရေးရှင်း၏ နယ်မြေတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားမရရှိသေး သောရွာများ ၊ အိမ်ထောင်စုများအားလုံးသို့ လျှပ်စစ်ဓာတ်အားဆက်သွယ်ဖြန့်ဖြူး  ပေးနိုင်ရေးအတွက် စီမံချက်များချမှတ်ပြီးဆောင်ရွက်ခြင်း။
 (၅)  
ဓာတ်အားစနစ်မှ အလှမ်းကွာဝေးသော ကျေးလက်ဒေသများရှိပြည်သူများ၏  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက်   ယင်းဒေသများတွင် သီးခြား  Mini-Grid များ၊ Solar Home System ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး   ဆောင်ရွက်ခြင်း။

မီတာဝန်ဆောင်ခ (Service Charge)နှုန်းထားများ

စဉ်
အိမ်သုံး/လုပ်ငန်းသုံး/ပါဝါမီတာ/ထရန်စဖော်မာမီတာ အမျိုးအစား မီတာ ဝန်ဆောင်ခနှုန်းထား
(က)
တစ်သွင်(နှုန်းထားအားလုံး) ၅၀၀ ကျပ်
(ခ)
သုံးသွင်(နှုန်းထားအားလုံး) ၂၀၀၀ ကျပ်
(ဂ)
စီတီမီတာ(တစ်လုံးတစ်ခဲတည်း၊ အသေးစားစက်မှုလက်မှု၊ စက်မှုလက်မှု၊ ယာယီ) ၅၀၀၀ ကျပ်

အိမ်သုံးမီတာများအတွက်အစားထိုး တပ်ဆင်ခ

စဉ်
မီတာ အမျိုးအစား အစားထိုးတပ်ဆင်ခနှုန်းထား
(က)
အိမ်သုံးမီတာ (Analogue) ၃၀၀၀၀ ကျပ်
(ခ)
အိမ်သုံးမီတာ (Digital/OMR) ၅၅၀၀၀ ကျပ်
     
  ရုံးလိပ်စာ ၂၆ x ၂၇လမ်း ၊ ၇၇ x ၇၈လမ်း၊ ဟေမာဇလရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး။
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၃၉၃၃၀၊ ၀၂ ၆၅၆၆၆၊ ၀၂ ၇၂၆၁၇၊ ၀၂ ၇၂၆၁၈၊ ၀၂ ၇၂၆၁၉၊ ၀၂ ၇၃၆၆၆
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ www.mescmm.com
   Social Link https://goo.gl/WztKoF

 

Eservices   Topics
 
News