d2cover

မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း

Category: လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

 

ရည်ရွယ်ချက်

(၁) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သောစွမ်းအင် ရေနံနှင့်သဘာဝဓါတ်ငွေ့များကို ဖြည့်ဆည်းပေးသွားရန်။
(၂) စက်မှုကဏ္ဍ၊လယ်ယာကဏ္ဍနှင့် အခြားကဏ္ဍများအတွက် လိုအပ်သောစက်မောင်းဆီများ ယူရီယား ဓါတ်မြေသြဇာများနှင့် ရေနံဓါတုဗေဒကုန်ကြမ်းများကို ဖြည့်ဆည်းပေးသွားရန်။
(၃) နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန်။
(၄) နိုင်ငံတော်၏ လုံခြုံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုစေမည့် အရံစက်မောင်းဆီပမာဏများကို စနစ်တကျစုဆောင်းထားရှိသွားရန်။
(၅) မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုပုံစံ၊ စွမ်းအင်အမျိုးအစားအလိုက် လိုအပ်ချက်စသည်များကို စဉ်ဆက်မပြတ် လေ့လာနေပြီး အချက်အလက်များကို အချိန်နှင့်တပြေးညီ ပြင်ဆင်ပြုစုထားရှိသွားရန်။
(၆) စွမ်းအင်(ရေနံနှင့်သဘာဝဓါတ်ငွေ့)စီမံကိန်းများတွင် ခေတ်မှီနည်းပညာများ အသုံးပြုခြင်း နှင့်တိုင်းရင်းသားပညာရှင်များ၏ အရည်အသွေးတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်များ ပြုစုပျိုးထောင်သွားရန်။
(၇) စွမ်းအင်သုံးစွဲရာတွင် သုံးစွဲမှုနှင့် ပတ်ဝန်းကျင်ဖြစ်ပေါ်မှု သဟဇာတဖြစ်စေရေးဦးတည်လျက် အသုံးပြုမှုနှင့် အလေအလွင့်ဆုံးရှုံးမှုနည်းပါးစေရေးအတွက် စွမ်းအင်ချွေတာရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်။
(၈) စွမ်းအင်သုံးစွဲမှုများတွင် အဓိကသုံးစွဲမှုဖြစ်သော အိမ်သုံးလောင်စာသုံးစွဲမှုတွင် ထင်း၊မီးသွေးအပြင် အခြားလောင်စာဆီများကိုလည်း အစားထိုးသုံးစွဲသွားရန်။

 

 အဓိကလုပ်ငန်းတာဝန်များ

(၁) ရေနံနှင့်သဘာဝဓါတ်ငွေ့ ပြည်တွင်းသုံးစွဲမှုလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံခြားရေနံကုမ္ပဏီများအားဖိတ်ခေါ်၍ မြန်မာတိုင်းရင်းသားပိုင်ကုမ္ပဏီများနှင့် ပူးပေါင်းစေပြီး ရေနံမြေသစ်များကို ကုန်းတွင်းနှင့်ကမ်းလွန် လုပ်ကွက်များတွင် တိုးချဲ့ရှာဖွေထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပါမည်။
(၂) ရေနံလက်ယက်တွင်းတိမ်များကိုလက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်နည်းလမ်း အတိုင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆက်လက် ဆောင်ရွက်သွားနိုင်ရန် လိုအပ်သောလုပ်ထုံးလုပ်နည်းများ ပြဌါန်းနိုင်ရေး ဆောင်ရွက်ပါမည်။
(၃) ရေနံတွင်းသစ်များ တိုးချဲ့ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းများကို အဓိကဦးတည်ဆောင်ရွက်မည့် နည်းတူ လက်ရှိထုတ်လုပ်လျက်ရှိသော ရေနံတွင်းဟောင်းများ၏ ထုတ်လုပ်မှုကျဆင်းနှုန်း အနည်းဆုံး ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ပါမည်။
(၄) သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် သဘာဝဓါတ်ငွေ့ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် အမျိုးသားလုံခြုံရေး လိုအပ်ချက်အရ နိုင်ငံတော်၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံခြားကျွမ်းကျင်အဖွဲ့အစည်း များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပါမည်။
(၅) နိုင်ငံပိုင်ရေနံချက်စက်ရုံများ၊ ရေနံဓါတ်ငွေ့ရည်စက်ရုံများ၊ စက်ဆီ/ချောဆီရောစပ်စက်ရုံ၊ မက်သနောစက်ရုံများ၊ ဓါတ်မြေသြဇာစက်ရုံများနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို စီးပွားရေးတွက်ခြေကိုက်မှု၊ သဘာဝဓါတ်ငွေ့နှင့် ရေနံစိမ်းရရှိမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ မဟာဗျူဟာမြောက်အရေးပါမှုတို့ကို ထည့်သွင်းစဉ်းစား၍ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၏ ပါဝင်ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက် သွားပါမည်။
(၆) အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော စွမ်းအင်ကဏ္ဍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကြီးကြပ်ကွပ်ကဲ ဆောင်ရွက်မည့် အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်ပါမည်။
(၇) တွင်းတူးဖော်ခြင်း၊ ဆိုက်စမစ်တိုင်းတာခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ကြီးကြပ်မှုဖြင့် သီးခြားအဖွဲ့အစည်းတစ်ခုကို နိုင်ငံခြားကျွမ်းကျင်အဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်းဖွဲ့စည်းကာ နိုင်ငံခြားကုမ္ပဏီများမှ ခေါ်ယူသည့်တင်ဒါများတွင် ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်သွားပါမည်။
(၈) နိုင်ငံတော်မှ အနာဂတ်ကာလတွင် ကမ်းလွန်ရေနံလုပ်ငန်းကို Operator အနေဖြင့် တာဝန်ယူ ဆောင်ရွက်သွားနိုင်ရန် လိုအပ်သည်များကို လေ့လာသုံးသပ်၍ စီမံဆောင်ရွက်သွားပါမည်။
(၉) နိုင်ငံတော်မှ ပေးဆောင်ရမည့်အခွန်အခများ ပေးဆောင်ပြီးရရှိမည့် အမြတ်အစွန်းမှ အချို့ကို စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သော အကျိုးအမြတ်ရရှိမည့်လုပ်ငန်းများတွင် အစုရှယ်ယာထည့်ဝင် နိုင်ရေး စီမံဆောင်ရွက်သွားပါမည်။
(၁၀)

ရေနံထွက်ပစ္စည်းများ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စီးပွားရေးတွက်ခြေကိုက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ မဟာဗျူဟာမြောက်ရေးပါဝင်မှုတို့ကို ထည့်သွင်းစဉ်းစား၍ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၏ ပါဝင်ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွား ပါမည်။

  

လုပ်ငန်းဆောင်ရွက်ချက်များ

(က) တိုင်းရောင်းဝယ်ရေးအရာရှိရုံး(မန္တလေးတိုင်းဒေသကြီး)လက်အောက်တွင် မန္တလေးမြို့ပေါ်၌ နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်(၂)ဆိုင်ရှိပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့်အောက်တိန်း 92Ron အား ပုဂ္ဂလိကသို့စျေးနှုန်းရှင်စနစ်ဖြင့် လွတ်လပ်စွာ(၁-၁၀-၂၀၁၆) ရက်နေ့မှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။ နိုင်ငံပိုင်ကဏ္ဍနှင့်အထူးစီမံကိန်းလုပ်ငန်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုလုပ်ငန်းသုံးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံး စက်သုံးဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်း များကိုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်)မှသတ်မှတ်လျာထားချက် အတိုင်း စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း၊ ပုဂ္ဂလိကများသို့ရောင်းချပေးခြင်းများ ပြုလုပ်လျက်ရှိပါသည်။

(ခ) ပုဂ္ဂလိကအရောင်းဆိုင်သစ်များအား သတ်မှတ်လျာထားချက်နှင့်အညီ သိုလှောင်ဖြန့်ဖြူး ရောင်းချမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ချက်

(၁) ပုဂ္ဂလိကလုပ်ငန်းရှင်များ စက်သုံးဆီအရောင်းဆိုင်သစ်များ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ရုံးချုပ်မှဖွဲ့စည်းသော အဖွဲ့ဝင်(၃)ဦးပါ အဖွဲ့ဖြင့် လိုင်စင်ပြုလုပ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းနှင့် အစီရင်ခံစာတင်ပြခြင်း၊
(၂) ပုဂ္ဂလိကအရောင်းဆိုင်များ၏ စက်သုံးဆီရောြုလုပ်ခြင်း၊
(၃) ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးအန္တရာယ်လုံခြုံရေး၊ စက်သုံးဆီများ စနစ်တကျသိုလှောင်ဖြန့်ဖြူးရောင်းချရေး၊ စက်သုံးဆီများအရည်အသွေး ကောင်းမွန်ရန်အတွက် Mobile Fuel Lab ယာဉ်များဖြင့် စစ်ဆေးခြင်း စသည့် လုပ်ငန်းများ အတွက် ကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက်ခြင်း၊
(၄) မန္တလေးတိုင်းဒေသကြီး ၂၀၁၆ခုနှစ်၊ဧပြီလ မြို့နယ်အလိုက် ရောင်းချခွင့်လိုင်စင် ခွင့်ပြုပြီး(၄၅၀)ဆိုင်မှ ၂၀၁၇ခုနှစ်၊ မတ်လအထိ ( ၈၅ ) ဆိုင် ထပ်မံဖွင့်လှစ်ခွင့်ပြုခဲ့သဖြင့်   ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်  စုစုပေါင်း( ၅၃၅ )ဆိုင်

  

စဉ် တည်နေရာမြို့နယ် အရောင်းဆိုင်
(၁) အောင်မြေသာစံမြို့နယ်
(၂) ချမ်းအေးသာစံမြို့နယ
(၃) မဟာအောင်မြေမြို့နယ် ၁၄
(၄) ချမ်းမြသာစည်မြို့နယ် ၁၄
(၅) အမရပူရမြို့နယ် ၃၀
(၆) ပြည်ကြီးတံခွန်မြို့နယ် ၃၃
(၇) ပုသိမ်ကြီးမြို့နယ် ၃၉
(၈) ​ကျောက်ဆည်မြို့နယ် ၂၅
(၉) စဉ့်ကိုင်မြို့နယ် ၂၂
(၁၀) တံတားဦးမြို့နယ် ၁၃
(၁၁) မြစ်သားမြို့နယ် ၁၉
(၁၂) ပြင်ဦးလွင်မြို့နယ် ၂၄
(၁၃) မတ္တရာမြို့နယ် ၄၃
(၁၄) စဉ့်ကူးမြို့နယ် ၂၁
(၁၅) သပိတ်ကျင်းမြို့နယ် ၁၀
(၁၆) မိုးကုတ်မြို့နယ် ၁၁
(၁၇) ကျပ်ပြင်မြို့နယ် ၁၀
(၁၈) ငါန်းဇွန်မြို့နယ် ၁၀
(၁၉) နွားထိုးကြီးမြို့နယ်
(၂၀) မြင်းခြံမြို့နယ် ၂၁
(၂၁) ​တောင်သာမြို့နယ်
(၂၂) ကျောက်ပန်းတောင်းမြို့နယ် ၂၁
(၂၃) ​ညောင်ဦးမြို့နယ် ၁၆
(၂၄) ရမည်းသင်းမြို့နယ် ၂၁
(၂၅) ​ပျော်ဘွယ်မြို့နယ ၂၂
(၂၆) မိတ္ထီလာမြို့နယ် ၂၆
(၂၇) သာစည်မြို့နယ် ၂၀
(၂၈) ဝမ်းတွင်းမြို့နယ်် ၁၈
(၂၉) မလှိုင်မြို့နယ်
စုစု​​ပေါင်း ၅၃၇
 
  ရုံးလိပ်စာ ဦးပိုင်အမှတ်(၃)၊ အကွက်အမှတ် (၃၂၂+၃၂၃+၃၂၄)၊ ဂေါဝိန်ဆိပ် အနီး၊ ကမ်းနားလမ်း(အတွင်း)လမ်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉-၂၀၀၀၂၀၄၊ ၀၂-၄၀၆၃၅၃၄၊ ၀၂-၄၀၆၃၇၀၃
  ဖက်စ်ဖုန်း ၀၂-၄၀၆၃၅၃၂
   အီးမေးလ်လိပ်စာ

(ရုံးချုပ်) This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.

(တိုင်းရုံး) This email address is being protected from spambots. You need JavaScript enabled to view it.

   Facebook Page -
   Website www.moee.gov.mm

  

Eservices   Topics
     
News