ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(မြို့တွင်း)သို့ တိုင်ကြားခြင်း

 

  ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(မြို့တွင်း)သို့ ပြည်သူများမှ ဆက်သွယ်၍ အကြံပြုချက်ပို့လိုခြင်း၊ တိုင်ကြားလိုခြင်း၊ သိလိုသည်များ မေးမြန်းလိုပါက -

(၁) ယာဉ်လိုင်းပြေးဆွဲရန် မိမိဝယ်ယူသောယာဉ် (မှန်လုံ၊ ဒိုင်နာ၊ လိုက်ထရပ်၊ ဟိုင်းလတ် စသည့်) သည် မန္တလေးကညနရုံးတွင် ယာဉ်မှတ်ပုံတင်ထားရှိသော ယာဉ် ဖြစ်ရမည်။ အခြားနယ်လိုင်စင်ဖြစ်ပါက မန္တလေးကညနရုံးတွင် ယာဉ် မှတ်ပုံတင် နယ်ဝင် ဆောင်ရွက်ရမည်။
(၂) မိမိဝင်ရောက်ပြေးဆွဲလုပ်ကိုင်လိုသည့် မော်တော်ယာဉ်အသင်းတွင် ဦးစွာ အသင်းဝင်ရောက်ရပါမည်။
(၃) မော်တော်ယာဉ်အသင်း၏ အသင်းဝင်ယာဉ်ဖြစ်ကြောင်း ထောက်ခံစာဖြင့် ယကကရုံးတွင် ထပ်ဆင့် ထောက်ခံချက်ရယူ၍ မန္တလေးလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ် ညှိနှိုင်းမှုဌာန (ပို့/ဆက်ရုံး)တွင် ယာဉ်လုပ်ငန်း လိုင်စင် ပြုလုပ်ရပါသည်။
(၄) ယာဉ်အသင်းမှ ယကကတွင် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်လွှာနှင့်အတူ ယာဉ်မှတ်ပုံတင် မိတ္တူ၊ ယာဉ်လုပ်ငန်းလိုင်စင်မိတ္တူ၊ ယာဉ်ဓာတ်ပုံ(ရှေ့၊ နောက်၊ဘေး) ၃ ပုံ၊ ယာဉ်လက်ဝယ်ပိုင်ဆိုင်သူ၏ အိမ်ထောင်စုဇယားမိတ္တူနှင့် မှတ်ပုံတင်မိတ္တူ ပူးတွဲလျက် မှတ်ပုံတင်ကြေး (၅ဝဝဝိ/-) ပေးသွင်း၍ ယကကတွင် မှတ်ပုံတင်ပြီး ယာဉ်စတင်ပြေးဆွဲလုပ်ကိုင်နိုင်ပါသည်။ (ယကက မှတ်ပုံတင်ကြေးမှာ မိမိယာဉ် ၎င်းယာဉ်အသင်းတင်ပြေးဆွဲလုပ်ကိုင်နေသရွေ့ စတင်ဝင်ရောက်သည့် တစ်ကြိမ်သာ ပေးသွင်းရပါသည်။)။

 

 

 

Form Download:

ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(မြို့တွင်း)သို့ တိုင်ကြားခြင်း

 ဦးစီးဌာန: မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ  

 

မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီရှိ အခြားသော Topics များ