i

ဦးစီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန စက်မှုဝန်ကြီးဌာနစက်မှုဝန်ကြီးဌာနစက်မှုဝန်ကြီးဌာန

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၉  ရက်။

  

မြန်မာ SME Product များအား ဒေသတွင်း စျေးကွက်ချိတ်ဆက်နိုင်ရန်အတွက်

အာဆီယံ WebPortal အား အသုံးပြုနိုင်ကြောင်း အသိပေးကြေညာခြင်း

 

      ASEAN SME Service Center Webportal (www.aseansme.org) ကို အသုံးပြု၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ SME လုပ်ငန်းများနှင့် ထုတ်ကုန်များအား ဒေသတွင်းချိတ်ဆက်နိုင်ရန်နှင့် မိမိတို့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အထောက်အကူ ဖြစ်စေရန်အတွက် Webportal တွင်အခမဲ့ Register ပြုလုပ်နိုင်ကြောင်းနှင့် SME လုပ်ငန်းရှင်များ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ SME Service Provider များ၏ ဝန်ဆောင်မှု၊ သတင်းအချက်အလက်များအား ဖြည့်စွက်၍ Upload ပြုလုပ်နိုင်ကြောင်းကို စိတ်ပါဝင်စားသော SME လုပ်ငန်းရှင်များ၊ SME Service Providers များနှင့် Experts များအားအသိပေးကြေညာအပ်ပါသည်။

            မြန်မာ SME များမှ ASEAN SME Service Center Webportal (www.aseansme.org) ကို အသုံးပြုခြင်းဖြင့် အောက်ဖော်ပြပါဒေသတွင်း စျေးကွက်ချိတ်ဆက်နိုင်မှု သတင်းအချက်အလက်များ ရရှိနိုင်မည်ဖြစ်သည်−

၁။ ASEAN SME Service Center Webportal(www.aseansme.org) သို့ မြန်မာ SME လုပ်ငန်းရှင်များမှ User အဖြစ်လည်းကောင်း၊ Expert အဖြစ်လည်းကောင်း၊ Service Provider အဖြစ်လည်းကောင်း အခမဲ့ Register ပြုလုပ်၍ အသုံးပြုနိုင်ခြင်း။
၂။ SME Product များ၊ Service Provider များ၏ ဝန်ဆောင်မှုသတင်းအချက်အလက်များနှင့် Expert များ၏ ကိုယ်ရေးအချက်အလက်များကို သတ်မှတ် Form တွင် ဖြည့်စွက်၍ Webportal တွင် Upload ပြုလုပ်နိုင်ခြင်း။
၃။ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်ခြင်း။
၄။ စီးပွားရေးဆိုင်ရာ ပညာရပ်များအား သင်ယူနိုင်ခြင်း။
၅။ အာစီယံဒေသတွင်းနိုင်ငံများသာမက အခြားမိတ်ဖက်နိုင်ငံများရှိ SME ဖွံ့ဖြိုးမှုဆောင်ရွက်နေသော အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ NGO များ၊ ကုန်သည်စက်မှုအသင်းများနှင့် ကွန်ယက်ချိတ်ဆက်နိုင်ခြင်း။
၆။ ဒေသတွင်းနိုင်ငံများမှ Upload ပြုလုပ်နိုင်သော New Product နှင့် Sale Product SME ထုတ်ကုန်ပစ္စည်းများကို လေ့လာနိုင်ခြင်း။
၇။ နည်းပညာတီထွင်ဖန်တီးမှု၊ ထုတ်လုပ်မှု၊ ငွေကြေး၊ စျေးကွက်၊ Policy၊ လူ့စွမ်းအား၊ Best Story၊ Policy Level မှ Program Level အထိ အသုံးချနိုင်မည့် Knowledge Center စသည့် Forum များမှ သတင်းအချက်အလက်များ ရယူနိုင်ခြင်း။
၈။ ဒေသအတွင်း ကျင်းပမည့် Event Calender များကို လေ့လာနိုင်ခြင်း။
၉။ ဒေသတွင်းရှိ Resource Types (Financial Service Provider, Human Capital Development, Market Access & Internalization, Policy & Regulation, Productivity, Technology and Innovation) များကို ဖော်ပြထားသဖြင့် Policy Maker များအတွက် ဖွံ့ဖြိုးတိုးတက်ရေး Program များကို လေ့လာနိုင်ခြင်း။

 

             Webportal အသုံးပြုပုံ Manual ကို ဖတ်ရှုလေ့လာ၍ အခမဲ့ Register ပြုလုပ်ကာ  SME လုပ်ငန်းရှင်များ၏ စီးပွားရေးအချက်အလက်များ၊ Service Provider များ၏ ဝန်ဆောင်မှု သတင်းအချက်အလက်များအား ပုံစံတွင် ဖြည့်စွက်၍ Upload ပြုလုပ်နိုင်ကာ မိမိတို့ဒေသရှိ SME လုပ်ငန်းများနှင့်ထုတ်ကုန်များအား ဒေသတွင်းချိတ်ဆက်နိုင်ရန်နှင့် မိမိလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည့် ASEAN SME Service Center Webportal ကိုချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ရလာဒ်ကောင်းများ ရရှိစေနိုင်မည် ဖြစ်ပါသည်။

 

တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး
မန္တလေးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
မန္တလေးမြို့။

 

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၏News များ