- Types: Topics
- Categories: တိုင်းဒေသကြီးအစိုးရအဖွဲ့
- agencies: ကုန်တင်ကုန်ချကော်မတီရုံး
မှတ်ပုံတင်အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် လျှောက်ထားခြင်း
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးတိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီရုံး၏ ကွပ်ကဲ မှုအောက် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးများဖြစ်သော မန္တလေး၊ အမရပူရ၊ ကျောက်ဆည်၊ သာစည်၊ မြင်းခြံ၊ ပုဂံ-ညောင်ဦးမြို့နယ်များတွင် မှတ်ပုံတင်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်လိုပါက အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါအလုပ်သမားလျှောက်လွှာပုံစံနှင့်အတူ လျှောက်ထား နိုင်ပြီးမှတ်ပုံတင်အလုပ်သမားများအဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိပါက အောက်ဖော်ပြပါစည်းကမ်းချက်များနှင့် အလုပ်တာဝန်များကို လိုက်နာဆောင်ရွက်ရပါမည်-
(၁) | အသက်(၁၈)နှစ်မှ(၄၀)အတွင်းဖြစ်ပြီး ကျန်းမာသန်စွမ်း၍ လက်တွေ့ထမ်းပိုး နိုင်သည့် အမျိုးသားဖြစ်ခြင်း၊ |
(၂) | ရက်ပျက်ဖြင့် ထုတ်ပယ်ခံထားရသူများအား အလုပ်ပြန်လည်လျှောက်ထား လာပါက အသက်(၄၅)နှစ်အထိသာခွင့်ပြုခြင်း၊ ထို့အပြင် အလုပ်မှထုတ်ပယ်ခံရ သည့်နေ့မှစ၍(၆)လအတွင်းသာ လျှောက်ထားခွင့်ပြုခြင်း၊ |
(၃) | သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိခြင်း၊ |
(၄) | ပြစ်မှုတစ်စုံတစ်ရာကျူးလွန်မှုမရှိကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံချက် ပါရှိခြင်း၊ |
(၅) | ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန(သို့မဟုတ်) လူမှုဖူလုံရေးအဖွဲ့ဆရာဝန်၏ ထောက်ခံချက်ပါရှိခြင်း၊ |
(၆) | အသက်ကိုစိစစ်နိုင်ရန် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူပါရှိရမည့်အပြင် မူရင်းကို လည်း တင်ပြနိုင်ခြင်း၊ |
(၇) | အလုပ်သမားလောင်းသည် လျှောက်လွှာနှင့်အတူ ကိုယ်ရေးမှတ်တမ်းကိုသတ်မှတ် ထားသောပုံစံ(၁)ဖြင့် ကိုယ်တိုင်လျှောက်ထားခြင်း၊ |
(၈) | ခန့်ထားခြင်းခံရပါက ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ ချမှတ် ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်းကိုယ်တိုင်ဝန်ခံ ချက်ပါရှိခြင်း။ |
မှတ်ပုံတင်အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိသူများသည် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် အလုပ်တာဝန်များကို လိုက်နာဆောင်ရွက်ရမည်-
(၁) | မိမိတာဝန်ကျလုပ်ငန်းကို မခိုမကပ်လုပ်ဆောင်ခြင်း၊ |
(၂) | အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ |
(၃) | မိမိအတင်အချပြုလုပ်သော ကုန်ပစ္စည်းများပျက်စီးခြင်း၊ လေလွင့်ဆုံးရှုံးခြင်းမရှိ စေရန် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ |
(၄) | အလုပ်သမားအချင်းချင်း ဆက်ဆံရာတွင်လည်းကောင်း၊ ပြင်ပပုဂ္ဂိုလ်များနှင့် ဆက်ဆံရာတွင်လည်းကောင်း ပြေပြစ်ချောမောစွာ ဆက်ဆံခြင်း၊ |
(၅) | အလုပ်သမားအချင်းချင်း ခိုက်ရန်မဖြစ်ပွားစေရေး၊ အခြားသူများနှင့်လည်း ခိုက်ရန် မဖြစ်ပွားစေရေးတို့ကို ဂရုပြုဆောင်ရွက်ခြင်း၊ |
(၆) | လုပ်ငန်းခွင်အတွင်း အရက်သေစာများ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းနှင့် လောင်းကစားခြင်းများမပြုလုပ်ရန် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ |
(၇) | သတ်မှတ်ထားသော ဝတ်စုံများကို ဝတ်ဆင်ခြင်း၊ |
(၈) | မုတ်ဆိတ်ကျင်စွယ်နှင့် ဆံပင်ရှည် မထားရှိခြင်း၊ |
(၉) | အလုပ်သမားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ဆက်ဆံခြင်း၊ |
(၁၀) | မိမိနှင့်တကွ အလုပ်သမားအများ အသုံးပြုနေသော ပစ္စည်းများနှင့် ပရိဘောဂ များကို စနစ်တကျကိုင်တွယ် အသုံးပြုခြင်း၊ |
(၁၁) | အလုပ်သမားမှူး၊ အလုပ်သမားစုမှူး၊ စောင့်ရှောက်ရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် မြို့နယ်ဦးစီးအရာရှိတို့၏ ထိန်းသိမ်းကြီးကြပ်ကွပ်ကဲမှုများကို ခံယူခြင်း။ |
မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးများသို့ မှတ်ပုံတင်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်လိုပါက အောက်ဖော်ပြပါ အလုပ်သမားလောင်း၏ ကိုယ်ရေးမှတ်တမ်းတွင် ပါရှိ သောအချက်များကိုဖြည့်စွက်၍ ပတ်စပို့စ်အရွယ်ဓါတ်ပုံ(၂)ပုံစီနှင့်အတူလျှောက်ထားရမည်-
Form Download: |
မှတ်ပုံတင်အလုပ်သမားအဖြစ် ဝင်ရောက် လုပ်ကိုင်လိုသူများအတွက် လျှောက်လွှာ |
ဦးစီးဌာန: မန္တလေးတိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံး
မန္တလေးတိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံးရှိ အခြားသော Topics များ