မော်တော်ယာဉ်လိုင်းများခရီးစဉ်တိုးချဲ့/ ပြောင်းလဲပြေးဆွဲခွင့် လျှောက်ထားခြင်း
ခရီးစဉ်တိုးချဲ့/ ပြောင်းလဲပြေးဆွဲခွင့် လျှောက်ထားခြင်း (မော်တော်ယာဉ်)။ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းခွင့်ပြုချက် ရရှိပြီးဖြစ်သော မော်တော်ယာဉ် အသင်း/ အဖွဲ့များ သည် မူလခွင့်ပြု ခရီးစဉ်ဒေသမှ ထပ်မံ၍ ခရီးစဉ်တိုးချဲ့/ ပြောင်းလဲ ပြေးဆွဲခြင်းများ အတွက် အောက်ပါစာရွက်စာတမ်းနှင့်အတူ တင်ပြလျှောက်ထားရမည်-
၁။ | မူလ ခရီးစဉ်မှ တိုးချဲ့ ပြောင်းလဲ ပြေးဆွဲမည့် ခရီးစဉ် အတွက် လျှောက်ထားချက်။ |
၂။ | တိုးချဲ့ပြောင်းလဲပြေးဆွဲမည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစီမံချက် |
(က) | တိုးချဲ့ပြေးဆွဲမည့်ခရီးစဉ်/ပြောင်းလဲပြေးဆွဲမည့်ခရီးစဉ်ဒေသ |
(ခ) | ပြေးဆွဲမည့် ယာဉ်အမျိုးအစားနှင့် အရေအတွက် |
(ဂ) | နေ့စဉ်ပြေးဆွဲစီးရေ (ယာဉ်ထွက်ခွာချိန် အချိန်ဇယားဖော်ပြရန်) |
(ဃ) | ပြေးဆွဲမည့်ယာဉ်အမျိုးအစားများ၏ ယာဉ်အမှတ် / အမည် |
(င) | တိုးချဲ့ပြောင်းလဲပြေးဆွဲမည့်ခရီးစဉ်အတွက်ဂိတ်ခန်းဆောင်ရွက်ထား ရှိမှုအစီအစဉ် |
(စ) | တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်းပြမြေပုံ |
(ဆ) | တောင်းခံမည့်ယာဉ်စီးခနှုန်းထားများ၊ အခမဲ့တန်ဆာများ၊ တန်ဆာခ နှုန်းထားများ |
(ဇ) | စက်သုံးဆီ အစီအစဉ် |
Form Download: |
လျှောက်လွှာဖောင် Download ရယူပါ။ |
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနရှိ အခြားသော Topics များ
-
လုပ်ငန်းလိုင်စင် ဖျက်သိမ်းရန်လျှောက်ထားခြင်း
- 1461 hit(s)
-
လုပ်ငန်းလိုင်စင် ခရီးစဉ်သတ်မှတ်ခွင့်ပြုခြင်း
- 1334 hit(s)
-
လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်း
- 1743 hit(s)
-
မော်တော်ယာဉ်လိုင်းအသစ်လျှောက်ထားခြင်း
- 1864 hit(s)