- Types: Topics
- Categories: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး
- agencies: ကုန်းလမ်းပို့ဆောင်ရေး၊ကုန်စည်ပို့ဆောင်ရေး
ဆိုင်ကယ်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာပညာပေးသင်တန်း
သင်တန်းတည်နေရာ
ကုန်းလမ်းပို့ဆောင်ရေး၊ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(မန္တလေး)မန္တလေး-စစ် ကိုင်းလမ်းမကြီးနှင့် လမ်းသစ်လမ်းထောင့်၊ ကန်တော်ကြီးအရှေ့ဘက်၊တမ္ပ ဝတီရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်တွင်သင်တန်းဖွင့်လှစ်ထားပါသည်။
သင်တန်းတက်ရောက်ရန်
ဌာနခွဲဝင်းအဝင်ဝ ထိပ််ရှိ ပြည်သူ့ဆက်ဆံရေး ဌာနစိတ်သင်တန်းသား/သူ လက်ခံဌာနစိတ်တွင် လျှောက်လွှာတင်စာရင်းဖြည့်သွင်းရပါမည်။
သင်တန်းတက်ရောက်ရန်လိုအပ်ချက်
သင်တန်းတက်ရောက်လိုသူ၏ နိုင်ငံသားစိစစ်ရေး ကဒ်ပြားမိတ္တူ(၂)စောင် နှင့်လိုင်စင် ဓါတ်ပုံ(၆)ပုံ လိုအပ်ပါသည်။ အသက်(၁၆)နှစ် မပြည့်သေးပါက မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်လိုင်စင်ဖြေဆိုခွင့်ရရှိမည်မဟုတ်ပါ။
သင်တန်းအစီအစဉ်
ဌာနခွဲဝင်းအဝင်ဝ ထိပ််ရှိ ပြည်သူ့ဆက်ဆံရေး ဌာနစိတ်သင်တန်းသား/သူ လက်ခံဌာနစိတ်တွင် လျှောက်လွှာတင်စာရင်းဖြည့်သွင်းရပါမည်။
သင်တန်းတက်ရောက်ရန်လိုအပ်ချက်
သင်တန်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြော ဆွေးနွေးခြင်း၊ မော်တော်ဆိုင်ကယ် အန္တရယ် ကြိုတင်ကာကွယ် မောင်းနှင်နည်း ရှင်းလင်း ဆွေးနွေးခြင်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိမ်းသိမ်းခြင်းဆိုင်ရာများကိုဟော ပြောဆွေးနွေးပြီး လက်တွေ့မောင်းနှင် လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးပါ သည်။
သင်တန်းဖွင့်လှစ်ရက်
သင်တန်းကိုအပတ်စဉ်ကြာသာပတေးနေ့တိုင်းတစ်ကြိမ်လျှင်သင်တန်းသား /သူဦးရေ(၁၅၀)ဦးထိ လက်ခံသင်ကြားပေးပြီး တစ်လလျှင်(၄)ကြိမ် သင်တန်း ဖွင့်လှစ်ပါသည်။
သင်တန်းဝန်ဆောင်မှု
သင်တန်းဆင်းပြီး သူများအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ( မန္တလေးတိုင်း ဒေသကြီး )မှ သင်တန်းသို့ လာရောက်၍ တစ်လလျှင် (သောကြာ)နှစ်ကြိမ် လိုင်စင်စစ်ဆေးပြီး မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့် လိုင်စင်ထုတ်ပေးလျှက်ရှိပါသည်။
Form Download: |
လျှောက်လွှာဖောင် Download ရယူပါ။ |
ဉီးစီးဌာန: ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ဌာနခွဲ(မန္တလေး)
ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ဌာနခွဲ(မန္တလေး) Topic များ
-
ယာဉ်ငယ်မောင်းသင်တန်း
- 1426 hit(s)
-
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း
- 1611 hit(s)