- Types: Topics
- Categories: ပညာရေး
နေ့သင်တန်း ကျောင်းဝင်မှတ်ပုံတင်ရန် လုပ်ဆောင်ရမည့်အစီအစဉ်နှင့် လိုအပ်သည့်အချက် အလက်များ
၁။ | ပထမနှစ် တက်ရောက်မည့် ကျောင်းသား/သူများသည် ကျောင်းသားရေးရာဌာနမှ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူရန်။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာမပါရှိသူများသည် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ အမှတ်စာရင်း၊ ကျောင်းသားနှင့် မိဘနှစ်ဦးစလုံး၏ မှတ်ပုံတင် မိတ္တူများ ယူဆောင်လာရန်။ ဒုတိယနှစ်နှင့်အထက် ကျောင်းသား/သူများသည် ကျောင်းသားရေးရာဌာနမှ ကျောင်းသား ဟောင်းများ ပညာသင်ကြားခွင့်လျှောက်လွှာများ ထုတ်ယူရန်။ |
၂။ | ၎င်းနောက် သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ ထံသွားရောက်၍ သတင်းပေးပို့ စာရင်းသွင်းရန်။ |
၃။ | သက်ဆိုင်ရာဘာသာရပ်ဌာနသို့ စာရင်းပေးသွင်းပြီးပါက လျှောက်လွှာများနှင့်အတူ တစ်လ အတွင်းရိုက်ကူးထားသည့် ပတ်(စ်)ပို့ဓာတ်ပုံ(၄)ပုံ (ဓာတ်ပုံနောက်ကျောတွင် အမည်နှင့်ခုံအမှတ် (သို့) ဝင်ခွင့်အမှတ်စဉ်များဖြည့်ပေးရန်)တို့ ပူးတွဲ၍ ကျောင်းသားရေးရာဌာန အတန်းတာဝန်ခံထံ တွင်လာရောက်စာရင်းသွင်းရန်။ (ဓာတ်ပုံတွင်ကျောင်းသားများသည် ကော်လံပါသောအင်္ကျီ ဖြစ်ရမည်။ ကျောင်းသူများသည်ရင်စေ့၊ ရင်ဖုံးအင်္ကျီဖြစ်ရမည်။ ဆံပင်ဆေးဆိုးခြင်း၊ တီရှပ်၊ စပို့ရှပ် ဝတ်ဆင်ခြင်းမပြုရ၊ ဆံပင်စည်းရမည်၊ နားရွက်ပေါ်ရမည်၊ ကာလာဓာတ်ပုံ ဖြစ်ရမည်။) |
၄။ | ဘဏ္ဍာရေးဌာနခွဲ၊ ငွေကိုင်ဌာနစု(ငွေသွင်းကောင်တာ)သို့ သွားရောက်၍ ကျောင်းဝင်မှတ်ပုံ တင်ခြင်းနှင့် ကျောင်းလခပေးသွင်းပြီးလျှင် ကျောင်းဝင်ခွင့်ပုံစံ/ကျောင်းသားဟောင်းများ ပညာ သင်ကြားခွင့်လျှောက်လွှာကို ငွေကိုင်ဌာနစုတွင်ထားခဲ့ရန်၊ ငွေသွင်းပြေစာကိုမိမိနှင့် တစ်ပါတည်း ပြန်လည်ယူဆောင်၍ သိမ်းဆည်းထားရန်။ |
၅။ | ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို ကျောင်းသား/သူများကိုယ်တိုင် ဆောင်ရွက်ကြရန်။ |
Agency : မိတ္ထီလာတက္ကသိုလ်
မိတ္ထီလာ တက္ကသိုလ်ရှိ အခြားသော Topics များ
Read
2