- Types: Topics
- Categories: စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
- agencies: စားသုံးသူရေးရာ
စာဖြင့်တိုင်ကြားသည့်စားသုံးသူတိုင်ကြားလွှာ
စားသုံးသူတိုင်ကြားလွှာအား ရေးသားဖြည့်သွင်းခြင်းမပြုမီ အရေးကြီးသော အောက်ပါ သတင်းအချက်အလက်များကို ဦးစွာဖတ်ရှုပါ။
(၁) | စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၊ စားသုံးသူတိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီသည် စားသုံးသူများအား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှု မခံရစေရန် ဥပဒေအရ အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ |
(၂) | ကျွန်ပ်တို့၏ စားသုံးသူရေးရာဌာနခွဲဝန်ထမ်းများသည် စားသုံးသူများ၏ မေးခွန်းများအား ကူညီဖြေဆိုပေးနိုင်ရန် အသင့်ဖြစ်သည်။ သင့်အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို မေးမြန်းလိုပါက ဆက်သွယ်မေးမြန်းနိုင်သည်။ |
(၃) | ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးရာ၊ မိသားစု သို့မဟုတ် အိမ်ထောင်စုအတွက် ရည်ရွယ်ချက်ဖြင့် ဝယ်ယူသုံးစွဲသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုများ၊ သို့မဟုတ် ယင်းရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည့်ကြော်ငြာ၊ ရောင်းချရန်ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်းတို့နှင့် ပတ်သက်သည့် တိုင်ကြားမှုများကိုသာ ဖြေရှင်းဆောင်ရွက်ပေးရန် အခွင့်အာဏာရှိသည်။ |
(၄) | ကျွန်ုပ်တို့သည် ပုဂ္ဂလိက ကဏ္ဍမှ တစ်ဦးချင်းလုပ်ငန်းဆောင်ရွက်သူများ အချင်းချင်း ၄င်းတို့၏ လုပ်ငန်းများနှင့်ပတ်သက်သည့် တိုင်ကြားမှုများနှင့် စီးပွားရေးလုပ်ငန်းအလို့ငှာ ရည်ရွယ်ဆောင်ရွက်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ပါဝင်သော လုပ်ငန်းများနှင့် ပတ်သက်သည့် တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးမည်မဟုတ်ပါ။ |
(၅) | ကျွန်ုပ်တို့သည် တရားရုံးတွင် တိုင်ကြားသူများ၏ ကိုယ်စားအနေဖြင့် ဥပဒေအကြံဉာဏ်ပေးခြင်း၊ ဥပဒေကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း သို့မဟုတ် အမှုကိစ္စများကို လိုက်လံဆောင်ရွက်ခြင်း၊ တရားရုံးတစ်ခုတွင် ကြားနာရန် စီစဉ်ဆောင်ရွက်ထားသော သို့မဟုတ် ကြားနာပြီးသော တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ သင့်လျော်သော ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ဌာန သို့မဟုတ် အဖွဲ့အစည်းတို့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်သော သို့မဟုတ် ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးမည်မဟုတ်ပါ။ |
(၆) | အချို့သော တိုင်ကြားမှုများမှာ အခြားသက်ဆိုင်သည့် ဌာနများ၏ ဆုံးဖြတ်ပိုင်ခွင့်အာဏာအတွင်းကျရောက်မည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ဝန်ထမ်းများမှ သင့်အား သင့်လျော်သော ရွေးချယ်မှု ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးလိမ့်မည်။ |
(၇) | သင့်အနေဖြင့် ကျွန်ပ်တို့ထံသို့ တိုင်ကြားလွှာပုံစံကိုပေးပို့မည်ဆိုပါက စာချုပ်များ၊ ကုန်အမှာလွှာများ သို့မဟုတ် အရောင်းပြေစာများ စသည့် စာရွက်စာတမ်းတစ်ခုခုကို မိတ္တူနှင့်တကွ ပူးတွဲ ပေးပို့ရန် ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့အနေဖြင့် သင်၏ တိုင်ကြားမှုနှင့် ဆက်နွယ်မှုမရှိသော မည်သည့်ပုဂ္ဂိုလ်ရေးရာ ငွေကြေးသတင်းအချက် အလက်ကိုမျှ မလိုအပ်ပါ။ ယင်းစာရွက်စာတမ်းများ ပါဝင်ပါက ချန်လှပ်ထားပါ။ |
(၈) |
ကျွန်ုပ်တို့ထံ ဆက်သွယ်လိုပါက စားသုံးသူရေးရာ ဌာနခွဲ ရုံးအမှတ် (၅၂)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၃၀၂၁၇၊ ဖက်စ် ၀၆၇-၄၃၀၂၀၃ |
စာဖြင့်တိုင်ကြားသည့်စားသုံးသူတိုင်ကြားလွှာ |
ဦးစီးဌာန: စားသုံးသူရေးရာဦးစီးဌာန
စားသုံးသူရေးရာဦးစီးဌာနရှိ အခြားသော Topics များ
-
နှုတ်ဖြင့်တိုင်ကြားသည့်စားသုံးသူတိုင်ကြားလွှာ
- 1618 hit(s)
-
စာဖြင့်တိုင်ကြားသည့်စားသုံးသူတိုင်ကြားလွှာ
- 1468 hit(s)