ဉီးစီးဌာန၊ အခွန်ဌာန
ဝန်ကြီးဌာန၊ စည်ပင်သာယာရေး၀န်ကြီးဌာန
သတင်းထုတ်ပြန်သည့် ရက်စွဲ ၊
ပစ္စည်းခွန်စည်းကြပ်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
၁။ | မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနသည် မန္တလေး (၆) မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကပိုင်နှင့် အစိုးရဌာနအသီးသီးပိုင် အဆောက်အအုံများအား ပစ္စည်းခွန် (အိမ် + လမ်းမီး + သန့်) ခွန်များကို စည်းကြပ်ကောက်ခံဆောင်ရွက်လျက် ရှိပါသည်။ ပုဂ္ဂလိကပိုင် အဆောက်အအုံများကို ဘဏာရေးနှစ်အလိုက် တစ်နှစ်အတွင်း (၆)လတစ်ရစ်နှုန်းဖြင့် (၂) ကြိမ် (ပထမအရစ်၊ ဒုတိယအရစ်) ခွဲခြား၍လည်းကောင်း၊ အစိုးရဌာနပိုင် အဆောက်အအုံများအား ဘဏာရေးနှစ်အလိုက် တစ်နှစ်လျှင် (၁) ကြိမ် တစ်နှစ်ခစံနှုန်းသတ်မှတ်၍ ထိုစံငှားရမ်းခတန်ဖိုးကို အခြေခံကာ ပစ္စည်းခွန်စည်းကြပ်ကောက်ခံလျက်ရှိပါသည်/ |
၂။ | မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် တိုးတက်ဖွံ့ဖြိုးလာသည့် မန္တလေးမြို့၏ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရန်အတွက် အခွန်အခများ ခေတ်နှင့်အညီ ပြောင်းလဲစည်းကြပ်ကောက်ခံနိုင်မှသာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင့် လက်ရှိကောက်ခံလျက်ရှိသော နှုန်းထားမှ (၀ ဒသမ ၅) ဆ ပြောင်းလဲ၍ စည်းကြပ်ကောက်ခံမည်ဖြစ်ပါသည်။ |
၃။ | ၂၀၁၇-၂၀၁၈ ဘဏာရေးနှစ် (ပထမအရစ်) မှစတင်၍ ပြင်ဆင်သတ်မှတ်သည့် နှစ်စဿ်စံငှားရမ်းခတန်ဖိုးအပေဂ အခြေခံ၍ ပစ္စည်းခွန် (အိမ် + လမ်းမီး + သန့်) ခွန်များကို စည်းကြပ်ကောက်ခံမည်ဖြစ်ပါသည်။ |
၄။ | နှစ်စဉ်စံငှားရမ်းခတန်ဖိုး ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပစ္စည်းခွန်စည်းကြပ်ငွေများ ပြောင်းလဲခြင်းတို့နှင့်စပ်လျည်း၍ သိလိုသောအချက်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၊ ရာပြတ်ဌာနခွဲ (၀၂-၆၁၆၃၆၊ ၃၆၁၇၂၊ လိုင်းခွဲ ၁၅၂) သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ |
အခွန်ဌာန၏ News များ
-
Wed 14 Mar 2018 12:36
ရေခွန်ဌာနမှ အသိပေးကြေညာချက်
- 4115 hit(s)
-
Thu 13 Jul 2017 11:49
-
Thu 08 Jun 2017 13:33
ပစ္စည်းခွန်စည်းကြပ်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
- 4716 hit(s)
Read
3