ဒုတိယအထွေထွေမန်နေဂျာရုံး(မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်)၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
Category: သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန
ဆောင်ပုဒ်
(၁) | သယံဇာတတူးဖော်မှု သားစဉ်မြေးဆက်အကျိုးပြု (Towards Sustainable Mining Development)၊ |
ရည်ရွယ်ချက်
(၁) | ပုဂ္ဂလိက ကုမ္ပဏီများမှ ရွှေနှင့် ခဲမဖြူ၊ အဖြိုက်နက် တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သော ဖက်စပ်လုပ်ကွက်များ ပိုမိုလျှောက်ထားလုပ်ကိုင်လာစေရန်၊ |
(၂) | လက်ရှိ ခွင့်ပြုထားသော ဖက်စပ်လုပ်ကွက်များ၏ ထုတ်လုပ်မှုလုပ်ငန်းတွင် နည်းပညာနှင့် အခြားလိုအပ်ချက်များကို ဌာနမှ ကူညီဖြည့်ဆည်း ပေးခြင်းဖြင့် ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ၊ |
(၃) | နိုင်ငံတော်အချိုးရရှိမည့် ရွှေနှင့်ခဲမဖြူ၊ အဖြိုက်နက်သတ္တုများကို အပြည့်အဝရရှိစေရန်၊ |
(၄) | ရွှေနှင့်ခဲမဖြူ၊ အဖြိုက်နက် သတ္တုလုပ်ကွက်များ လျှောက်ထားလုပ်ကိုင်လာခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို တိုးတက်ရရှိစေရန်၊ |
(၅) | ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ရန် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုပေးနိုင်ရန်၊ |
(၆) | သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ |
လုပ်ငန်းတာဝန်များ
(၁) | ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထုတ်လုပ်မှုစီမံကိန်းရည်မှန်းချက်များ ပြည့်မီစေရန် ကြီးကြပ်အကောင်အထည်ဖော်ခြင်း၊ ဌာနလက်အောက်ရှိ သတ္တုတွင်းစီမံကိန်းများ၊ သန့်စင်စက်ရုံနှင့် ဖက်စပ်လုပ်ငန်းများ၏ သတ္တုထုတ်လုပ်ရေး၊ ကျိုချက်သန့်စင်ရေး လုပ်ငန်းများ အောင်မြင်စေရန် ကြီးကြပ်ခြင်း၊ ဖက်စပ်လုပ်ငန်းများ အားလုံးကို သတ်မှတ်လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ရရန်ရှိ သတ္တုအချိုး ပြည့်မီစွာရရှိရေး စီမံခြင်း၊ ဝန်ထမ်းဆိုင်ရာဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။ |
(၂) | ယခုအခါ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူရွှေသတ္တုတူးဖော်ဆောင်ရွက်လျှက်ရှိသည့် ကုမ္ပဏီများအား သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အစားထိုးသစ်ပင်များစိုက်ပျိုးစေခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် (CSR)ကိစ္စရပ်များကို တတ်အားသရွေ့ ဆောင်ရွက်စေခြင်းများကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်လျှက်ရှိပါသည်။ |
(၃) | သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် Mine Closure Plan ပါအတိုင်း မြေပြုပြင်ခြင်း၊ သစ်ပင်အစားထိုးစိုက်ပျိုးခြင်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ |
ရုံးလိပ်စာ |
အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာရုံး၊ (မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်) ကျွဲဆည်ကန်မီးပွိုင့်တောင်ဘက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂ ၄၀၅၉၈၇၅ |
|
ဖက်(စ်) | ၀၂ ၄၀၅၉၈၇၅ | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | www.metwo.gov.mm |
Eservices | Topics | |
|
||
News | ||
|