Types: Topics
Categories: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
agencies: အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

အသေးစားရွှေလုပ်ကွက်လျှောက်ထားခြင်း

 

အသေးစားရွှေလုပ်ကွက်လျှောက်ထားရာတွင်အောက်ပါအတိုင်းဆောင်ရွက်ရမည်-

၁။ (က)    ရွှေနှင့်သတ္တုအသေးစားလုပ်ကွက်များ တူးဖော်ထုတ်လုပ်ရန်အတွက် အောက်ပါအထောက်အထားများဖြင့်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လျှောက်ထားရပါမည်-

(၁) ကုမ္ပဏီမှတာဝန်ရှိသူ(ဥက္ကဌ/အုပ်ချုပ်မှုဒါရိုက်တာ)ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် လျှောက်ထားစာနှင့် လျှောက် လွှာပုံစံ(၃)
(၂) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
(၃) ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်စာရင်းပုံစံ(၆/၂၆)
(၄) ဒါရိုက်တာအဖွဲ့ဝင်များ၏ အချက်အလက်များ၊ ရောင်စုံဓါတ်ပုံနှင့် လက်မှတ်မူရင်းပါဝင်သောဇယား
(၅) ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်း
(၆) အဆိုပြုလျှောက်ထားလုပ်ကွက်၏ တစ်လက်မ တစ်မိုင်စကေးမြေပုံညွှန်းအမှတ်များပါဝင်သည့် တည်နေရာပြမြေပုံ (ရောင်စုံဖြင့်)
(၇) (၁)လအတွင်း ရယူထားသော ကုမ္ပဏီ၏ ငွေကြေးခိုင်မာမှု အထောက်အထား(မူရင်း)
(၈) ကုမ္ပဏီတည်ရှိရာ ရဲစခန်း၏ ထောက်ခံချက်(မူရင်း)နှင့် လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (ပြည်ပ ကုမ္ပဏီများအတွက် သက်ဆိုင်ရာ သံရုံးထောက်ခံချက်
(၉) ဘူမိဗေဒပညာရှင်(သို့မဟုတ်)သတ္တုတူးဖော်ရေးအင်ဂျင်နီယာကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်(Initial Work Program/ Exploration Program)

 (ခ)    သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်များရရှိပြီးပါက ကုမ္ပဏီမှ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်
(၂) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
(၃) မြို့နယ်မြေစာရင်းဦးစီးဌာန၏ ထောက်ခံချက်နှင့် မြေစာရင်းပုံစံ(၁၀၅)
(၄) မြို့နယ်သစ်တောဦးစီးဌာန၏ ထောက်ခံချက်
(၅) သက်ဆိုင်ရာ တိုင်းအထွေထွေမန်နေဂျာရုံး၏ ထောက်ခံချက်
(၆) လုပ်ကွက်အလိုက် လုပ်ငန်းစီမံချက်အဆိုပြုလွှာ (Project Proposal)

၂။ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ အထွေထွေမန်နေဂျာရုံး/တာဝန်ခံရုံးတို့မှ အထက်ပါအချက်များ စိစစ်ထောက်ခံပြီးပါက ရုံးချုပ် (နေပြည်တော်)နှင့်နီးသောစစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့အတွက်(၂)ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အတွက် (၃)ရက်အတွင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး တို့အတွက် (၅)ရက်အတွင်း လျှောက်ထား ကုမ္ပဏီနှင့်ညှိနှိုင်း၍ ရုံးချုပ်သို့အမြန်ဆုံး ပေးပို့သွားရမည်။

(မှတ်ချက်။    ။ ယခုအခါ မြန်မာ့သတ္တုတွင်းနည်းဥပဒေအသစ်ထွက်ရှိခြင်းမရှိသေးသဖြင့် လုပ်ကွက်အသစ်လျှောက်ထားခြင်းကို ယာယီဆိုင်ငံ့ထားပါသည်။)

 

Form Download:

အသေးစား ရွှေလုပ်ကွက်များ လျှောက်ထားခြင်းလျှောက်လွှာ

 ဦးစီးဌာန: အမှတ်( ၂ )သတ္တုတွင်းလုပ်ငန်း