i1cover

မန္တလေးတိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံး

 

Category: တိုင်းဒေသကြီးအစိုးရအဖွဲ့

သမိုင်းနောက်ခံအကျဉ်း

မန္တလေးတိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံးသည် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၁၈၈)၊ ဇယား(၂)အရ ဖျက်သိမ်းခဲ့သော ဗဟိုပြည်တွင်းကုန်တင်ကုန်ချ ကော်မတီရုံး (ရုံးချုပ်) ၏ ကွပ်ကဲမှုအောက်ရှိ ဌာနများဖြစ်သော ဇုန်နယ် မြေ ပြည်တွင်း ကုန်တင်ကုန်ချကော်မတီရုံး (၄)ရုံးနှင့် မြို့နယ် ပြည်တွင်း ကုန်တင်ကုန်ချကော်မတီရုံး (၆၃) ရုံးတို့အား သက်ဆိုင်ရာ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များထံသို့ (၃၁-၃-၂၀၁၅) ရက်နေ့မှ (၉-၄-၂၀၁၅)ရက်နေ့အထိ လွှဲပြောင်းပေးအပ်ရာတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဇုန်နယ်မြေ ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး (မြောက်ပိုင်းဇုန်)နှင့် မန္တလေး၊ အမရပူရ၊ ကျောက်ဆည်၊ သာစည်၊ မြင်းခြံ၊ ပုဂံ-ညောင်ဦးမြို့နယ်များရှိ မြို့နယ်ပြည်တွင်းကုန်တင်ကုန်ချ ကော်မတီရုံး(၆)ရုံးတို့အား စုစည်း၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ၄-၄-၂၀၁၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဥပဒေအမှတ်(၃)ဖြင့် မန္တလေးတိုင်းဒေသကြီး ကုန်တင်ကုန်ချ လုပ်ငန်းဥပဒေနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၆-၁၂-၂၀၁၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၄) ဖြင့် မန္တလေးတိုင်းဒေသကြီး ကုန်တင်ကုန်ချ လုပ်ငန်းနည်းဥပဒေများအရ ဖွဲ့စည်းထားသော ရုံးဖြစ်ပါသည်။

 ရည်ရွယ်ချက်

  • အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေရန်၊
  • ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသည့် ကုန်တင်ကုန်ချလုပ်ငန်းများ စနစ်တကျရှိစေရန်၊
  • အလုပ်သမားများ၏ လုပ်အားနှင့် ထိုက်တန်သော လုပ်ခအပြည့်အဝကို မှန်ကန်စွာ ရရှိစေရန်၊
  • အလုပ်သမားများ၏လုပ်ငန်းခွင် သက်သာချောင်ချိရေးနှင့် ဘဝအာမခံချက်များ ရရှိစေရန်၊
  • အလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊
  • အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စည်းကမ်းလိုက်နာမှု ကောင်းမွန်စေရန်၊

  အဓိက လုပ်ငန်းတာဝန်များ

မန္တလေးတိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီ၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က) လုပ်ငန်းများကို ဤဥပဒေနှင့် ဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးခြင်း သို့မဟုတ် အရာရှိတစ်ဦးဦးက ဖြစ်စေ၊ အဖွဲ့ဖွဲ့စည်း၍ဖြစ်စေ စစ်ဆေးခြင်း၊
(ခ) မြို့နယ်ကော်မတီများနှင့် အလုပ်သမားကြီးကြပ်ရေး ကော်မတီများ၏ သက်သာချောင်ချိရေးရန်ပုံငွေနှင့် ငွေကြေးစာရင်းဇယားများအား စစ်ဆေးခြင်း၊အတည်ပြုခြင်း၊ကန့်ကွက်ခြင်းနှင့်အရေးယူခြင်း၊
(ဂ) မြို့နယ်ကော်မတီများနှင့် အလုပ်သမားကြီးကြပ်ရေး ကော်မတီများက လုပ်ငန်းလုပ်ကိုင်လိုသူ အလုပ်သမားများအား မှတ်ပုံတင်ပြီးကြောင်း တင်ပြချက်များကိုအတည်ပြုခြင်း၊
(ဃ) ဒေသအခြေအနေ၊ အချိန်ကာလနှင့် လိုက်လျောညီထွေရှိသည့် အလုပ်သမားများ၏ လုပ်ခများရရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
(င) မြို့နယ်ကော်မတီဝင်များနှင့် အလုပ်သမားကြီးကြပ်ရေး ကော်မတီဝင်များ ခန့်ထားခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း၊ နှုတ်ထွက်ခြင်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊
(စ) အလုပ်သမားများ၏ လုပ်ငန်းခွင်ကိစ္စရပ်များ ကြီးကြပ်နိုင်ရန် နည်းဥပဒေအရ ခန့်ထားသော အလုပ်သမားခေါင်းဆောင်များ ခန့်ထားခြင်း၊ နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်းတို့နှင့် ပတ်သက်၍ ကြီးကြပ်ခြင်း၊ အတည်ပြုအမိန့်များ ထုတ်ပြန်ခြင်း၊
(ဆ) သက်ဆိုင်ရာလုပ်ငန်းများအား ကြီးကြပ်ရန် တာဝန်ပေးထားသည့် အရာရှိများ၊ ကြီးကြပ်ရေးမှူးများ၊ စာရင်းကိုင်များ၊ ကော်မတီအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ၏ တာဝန်ဝတ္တရားများကို သတ်မှတ်ခြင်း၊ ကျေပွန်စွာ ထမ်းဆောင်ခြင်း ရှိ/မရှိ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရေးယူခြင်း၊
(ဇ) အလုပ်သမားအင်အား အတိုးအလျော့ကို အတည်ပြုခြင်း၊
(စျ) ပြစ်မှုကျူးလွန်သော အလုပ်သမားတို့ကို အရေးယူအပြစ်ပေးခြင်း ကိစ္စရပ်များအား ကြီးကြပ်ခြင်းနှင့် အတည်ပြုခြင်း၊
(ည) အလုပ်သမား တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ နစ်နာမှုများကို တင်ပြလာပါက စစ်ဆေးခြင်း၊
(ဋ) အလုပ်သမားများ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ လိုအပ်ချက်များနှင့် စည်းကမ်းချက်များသတ်မှတ်ပေးခြင်း၊
(ဌ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မတော်တဆထိခိုက်မှု မဖြစ်ပွားစေရေးတို့အတွက် ကြီးကြပ်ပေးခြင်း၊
(ဍ) အလုပ်သမားများ၏ သက်သာချောင်ချိရေး လုပ်ငန်းများ၊ သက်သာချောင်ချိရေး ရန်ပုံငွေများနှင့်စပ်လျဉ်း၍ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း၊
(ဎ) လုပ်ငန်းခွင် စည်းကမ်းချက်များ သတ်မှတ်ခြင်းနှင့် အပြစ်ပေးအရေးယူခြင်း၊
(ဏ) မြို့နယ်ကော်မတီရုံးများ၏ ရသုံးမှန်းခြေ သက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာငွေ စာရင်းများအား အတည်ပြု သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း၊
(တ) လုပ်ငန်းနှင့် သက်ဆိုင်သည့် အလံပုံစံ၊ အလံအရွယ်အစား၊ ရုံးတံဆိပ်၊ ရင်ထိုး၊ လက်မောင်းတံဆိပ်နှင့် ဝတ်စုံ (Uniform) များကို ဝန်ကြီးထံ တင်ပြပြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ခြင်း၊

 

 မြို့နယ်ကော်မတီ၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က) မြို့နယ်အတွင်းရှိလုပ်ငန်းများနှင့် အလုပ်သမားများ၏ သက်သာချောင်ချိရေးတို့အတွက် အမိန့်နှင့်ညွှန်ကြားချက်များ၊ ဘဏ္ဍာရေးစည်းမျဉ်း များနှင့် အညီကြီးကြပ်စစ်ဆေးခြင်း၊
(ခ) အလုပ်သမားအဖြစ် လုပ်ကိုင်လိုသူများကို စနစ်တကျရွေးချယ်၍ မှတ်ပုံတင်ခွင့်ရရှိရေးအတွက် တိုင်းဒေသကြီးကော်မတီသို့ တင်ပြ အတည်ပြုချက်ရယူခြင်း၊
(ဂ) လုပ်ငန်းအလိုက် အလုပ်သမားအင်အားအနည်းဆုံးနှင့် အများဆုံးသတ်မှတ်ခြင်း၊ ကရုဏာကြေးသတ်မှတ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက် များကို တိုင်းဒေသကြီးကော်မတီသို့တင်ပြအတည်ပြုချက်ရယူခြင်း၊
(ဃ) ဒေသအခြေအနေအချိန်ကာလနှင့်လိုက်လျောညီထွေရှိသည့်လုပ်ခများရရှိစေရေးအတွက်တိုင်းဒေသကြီးကော်မတီသို့တင်ပြအတည်ပြုချက်ရယူခြင်း၊
(င) လုပ်ငန်းခွင်ကြီးကြပ်ရေးကော်မတီများ၏ဆောင်ရွက်ချက်များကိုကြီးကြပ်ခြင်း၊
(စ) ဘဏ္ဍာရေးနှစ်အလိုက်သက်သာချောင်ချိရေးဆိုင်ရာရသုံးမှန်းခြေငွေစာရင်းကိုရေးဆွဲ၍တိုင်းဒေသကြီးကော်မတီသို့တင်ပြအတည်ပြုချက်ရယူခြင်း၊
(ဆ) အလုပ်ရှင်နှင့်အလုပ်သမားကြားပေါ်ပေါက်လာသောအခက်အခဲများကိုညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်း၊
(ဇ)  တိုင်းဒေသကြီးကော်မတီမှအခါအားလျော်စွာပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊

 

အလုပ်သမားကြီးကြပ်ရေးကော်မတီရုံး၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က) လုပ်ငန်းများနှင့်အလုပ်သမားများစနစ်တကျရှိရေးအတွက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီကြီးကြပ်ဆောင်ရွက်ခြင်း၊
(ခ) လုပ်သားများ၏လုပ်အားခတိုးမြှင့်ပေးရန်လိုအပ်လာပါကမြို့နယ်ကော်မတီသို့တင်ပြခြင်း၊
(ဂ) တိုင်းဒေသကြီးကော်မတီနှင့်မြို့နယ်ကော်မတီတို့မှအခါအားလျော်စွာညွှန်ကြားသောလုပ်ငန်းများအားဆောင်ရွက်ခြင်း၊

 

မန္တလေးတိုင်းဒေသကြီး ကုန်တင်ကုန်ချ ကော်မတီရုံး၏ ကွပ်ကဲမှုအောက်ရှိ မြို့နယ်ကော်မတီရုံး (၆) ရုံး

စဉ် မြို့နယ် ရုံးလိပ်စာ လုပ်ငန်းတာ၀န်များ
(က) မန္တလေးမြို့နယ် ၃၅ လမ်း၊ ၈၉ လမ်း နှင့် ၉၀ လမ်းကြား၊ မန္တလေးမြို့။

 ဌာနခွဲ (၅)ခုဖြင့် ဖွဲ့စည်းထားရှိပါသည်။

- ကုန်ရုံဌာနခွဲနှင့် ဘူတာဌာနခွဲတို့သည် မန္တလေးဘူတာကြီး နယ်မြေအတွင်း မြန်မာ့မီးရထားမှ ပါရှိလာသည့် အထွေထွေကုန်ပစ္စည်းများကို အတင်/အချ လုပ်ကိုင်ပေးရပါသည်။

- ဆိပ်ကမ်းဌာနခွဲနှင့် ထင်း/ ဝါးဌာနခွဲတို့သည် ပြည်တွင်းရေကြောင်းဦးစီးဌာနပိုင် ရေယာဉ်/ သင်္ဘောများနှင့် ပုဂ္ဂလိက ရေယာဉ်များမှ အထွေထွေပစ္စည်းများကို ကမ်းနားလမ်းတလျှောက် အတင်/ အချ လုပ်ကိုင်ရပါသည်။

- ပင်မဌာနခွဲသည် ယခင် လယ်ယာထွက်ကုန်ပစ္စည်းများ ထားသိုရာ ဂိုဒေါင်များအတွင်းရှိ ဆန်၊ စပါး၊ ပဲမျိုးစုံနှင့် တပ်မတော်မှ ထောက်ပံ့ရေးရိက္ခာများကို အတင်/ အချ ပြုလုပ်ပေးပါသည်။

မန္တလေးမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးတွင် ယခုလက်ရှိမှတ် ပုံတင် လုပ်သားအင်အား (၅၂၅)ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ မြစ်ရိုးတစ်လျှောက်ရှိ ယခင်က တရားမဝင် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသော လုပ်သား(၄၂၀)ဦးအား မှတ်ပုံတင်စေပြီး မြို့နယ် ကုန်တင်ကုန်ချကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုအောက်တွင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

(ခ)  အမရပူရမြို့နယ်  စစ်ကိုင်း- မန္တလေးလမ်း ကပ်ကျော်ကွေ့၊ နယ်မြေ(၅)၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့

ဆိပ်ကမ်းဌာနခွဲနှင့် ဘူတာဌာနခွဲတို့ ရှိပါသည်။

- ဘူတာဌာနခွဲသည် မီးရထားနှင့် ပါလာသော အထွေထွေကုန်ပစ္စည်းများကို အတင်/အချ ပြုလုပ်ပြီး

- ဆိပ်ကမ်းဌာနခွဲသည် အမရပူရ ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကုန်ပစ္စည်းများကို အတင်/ အချ ပြုလုပ်ရပါသည်။

အမရပူရမြို့နယ် ကုန်တင်ကုန်ချ ကော်မတီရုံးတွင် ယခုလက်ရှိ လုပ်သား (၁၅၀)ဦး ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။

(ဂ)  ကျောက်ဆည်မြို့နယ်  အောင်ချမ်းသာ ရပ်ကွက်၊ စုပေါင်းရုံးကြီး ဝန်းအတွင်း ဆင်မင်း ဘိလပ်မြေစက်ရုံနှင့် စက်မှုဝန်ကြီးဌာန ဘိလပ်မြေစက်ရုံတို့တွင် လုပ်သားအင်အား (၁၀၆)ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။
(ဃ) မြင်းခြံမြို့နယ် (၁၆)ရပ်ကွက်၊ စံပြစျေး တောင်ဘက်၊ မြင်းခြံမြို့။

- ဆိပ်ကမ်းဌာနခွဲအနေဖြင့် ရေကြောင်းမှလာသော အထွေထွေကုန်ပစ္စည်းများကို လုပ်သားအင်အား(၆၃)ဦးဖြင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက် ရှိပါသည်။
 (င)  သာစည်မြို့နယ်  ကုန်ရုံလမ်း၊ အမှတ်(၃)ရပ်ကွက်၊ သာစည်မြို့။ သာစည်ဘူတာ၌ မီးရထားဖြင့် တင်ဆောင်လာသော လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ဒေသထွက် အထွေထွေကုန်ပစ္စည်းများကို လုပ်သားအင်အား(၅၂)ဦးဖြင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။
(စ) ပုဂံ-ညောင်ဦးမြို့နယ် သာယာ၀တီရပ်ကွက်၊ ညောင်ဦးမြို့။ ညောင်ဦးသင်္ဘောဆိပ်နှင့် ပုဂံဘူတာတို့တွင် အထွေထွေကုန်ပစ္စည်းများကို လုပ်သား အင်အား(၁၀၀)ဦးဖြင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။

 

     
  ရုံးလိပ်စာ

ကမ်းနားလမ်း  ၃၅-၂၆ လမ်းကြား၊ အကွက် (၃၁၉)၊ ထင်းဝင်းရပ် ဒေးဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၂၁၀၄၆၊ ၀၉ ၄၂၅၅၅၇၇၂

  ဖက်(စ်)ဖုန်း  
  အီးမေးလ်လိပ်စာ  This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ

  

Eservices   Topics
   
News