- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: တိုင်းစည်ပင်သာယာရေးအဖွဲ့
ရေပိုက်သွယ်တန်းခြင်းနှင့်ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းအတွက်
မြို့နယ်စည်ပင်သာယာရေး ကော်မတီသို့ခွင့်ပြုမိန့်တင်ပြရာတွင်ပါ၀င်ရမည့်အချက်များ
၁။ | သတ်မှတ်လျှောက်လွှာ |
၂။ | တင်ပြလျှောက်ထားရမည့်ပုံစံနှင့် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အထောက်အထားများ (က) မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့တင်ပြရမည့်လျှောက်လွှာပုံစံ ( ခ) မှတ်ပုံတင်မိတ္တူ ( ဂ) အဆောက်အအုံတည်နေရာပြပုံ ( Building Lay Out Plan ) (ဃ) လျှောက်ထားသူ၏ဝန်ခံကတိ ( င) လျှောက်ထားသည့်နေအိမ်၏ မြေကွက်အမှတ်၊ ဉီးပိုင်အမှတ်၊ ဧရိယာတို့ ပါဝင်သော တစ်နှစ် အတွင်း ရေးဆွဲထားသည့်မြေစာရင်းပုံစံ( ၁၀၅) |
၃။ |
ဆောင်ရွက်ရမည့်လုပ်ငန်း၊ဆောင်ရွက်ပုံနည်းလမ်းအဆင့်ဆင့် ဌာနသို့ လျှောက်ထားရမည်။ ကွင်းဆင်းစစ်ဆေးတိုင်းတာ၍ ရရှိနိုင်ပါက တာ၀န်ခံအင်ဂျင်နီယာသို့တင်ပြပြီး စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် ဖြင့်ရေပိုက်သွယ်တန်းပြီး ဌာနသို့ ရေမီတာတန်ဘိုး၊ရေမီတာဆက်သွယ်ခအားဘဏ်သို့ ချလံဖြင့် ပေးသွင်းပြီးပါကရေပိုက်သွယ်တန်းပေးပြီး ရေမီတာတပ်ဆင်ပေးပါသည်။ |
၄။ | အခြားထောက်ခံချက်များ (က) သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် |
Form Download: |
လျှောက်လွှာဖောင် Download ရယူပါ။ |
ဦးစီးဌာန: တိုင်းစည်ပင်သာယာရေးအဖွဲ့
တိုင်းစည်ပင်သာယာရေးအဖွဲ့ရှိ အခြားသော Topics များ
-
ရေသွယ်ပြွန် ဆက်သွယ်ချထားပေးရန် လျှောက်လွှာပုံစံ
- 1754 hit(s)