- Types: Topics
- Categories: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး
- agencies: ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ယာဉ်မောင်းလိုင်စင်လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များ
' သ ' အမောင်းသင် လိုင်စင်မှအပ 'က-၁'၊ 'က'၊ 'ခ'၊ 'ဂ'၊ 'ဃ'၊ 'င'၊ 'ဌ' နှင့် 'စ' လိုင်စင်များကို အောက်ပါလိုအပ်ချက်များ ပြည့်စုံပါက ဖြေဆိုစေ၍ ထုတ်ပေးပါသည်။ -
(၁) | 'သ' အမောင်းသင်လိုင်စင်အတွက် အသက်(၁၆)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကဒ်(မူရင်း+ မိတ္တူ)၊ ဓာတ်ပုံ(၂)ပုံ လိုအပ်ပါသည်။ |
(၂) | 'က-၁' ယာဉ်မောင်းလိုင်စင်အတွက် အသက်(၁၆)နှစ်ပြည့်ပြီး၊ 'က' ယာဉ်မောင်း လိုင်စင်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကဒ်(မူရင်း+ မိတ္တူ)၊ ကညနမှဖွင့်လှစ်သော ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး သင်တန်း(သို့) မှတ်ပုံတင်ထားသည့် ပြင်ပယာဉ်မောင်းသင်တန်းကျောင်း တစ်ခုခုမှ သင်တန်းတက်ရောက်ပြီးစီးကြောင်းအထောက်အထား(မူရင်း+မိတ္တူ)၊ ဓာတ်ပုံ(၃)ပုံ လိုအပ်ပါသည်။ |
(၃) | 'ခ' ယာဉ်မောင်းလိုင်စင်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေး ကဒ်(မူရင်း+မိတ္တူ)၊ သက်တမ်း(၃)လပြည့်ပြီး ' သ' အမောင်းသင်လိုင်စင်(သို့) 'က-၁' ယာဉ်မောင်းလိုင်စင် (သို့) 'က' ယာဉ်မောင်းလိုင်စင်(မူရင်း)၊ ကညနမှ ဖွင့်လှစ်သော ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးသင်တန်း (သို့) မှတ်ပုံတင်ထားသည့် ပြင်ပယာဉ်မောင်းသင်တန်းကျောင်းတစ်ခုခုမှ သင်တန်း တက်ရောက်ပြီးစီးကြောင်း အထောက်အထား(မူရင်း+မိတ္တူ)၊ ဓာတ်ပုံ(၃)ပုံ လိုအပ်ပါသည်။ |
(၄) | ' ဂ ' ယာဉ်မောင်းလိုင်စင်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေး ကဒ်(မူရင်း+မိတ္တူ)၊ 'သ' အမောင်းသင်လိုင်စင်(မူရင်း)၊ သက်ဆိုင်ရာသင်တန်း ကျောင်းတစ်ခုခုမှ စက်ယန္တရားမောင်းနှင်နိုင်ကြောင်းထောက်ခံစာ (မူရင်း+ မိတ္တူ)၊ ဓာတ်ပုံ(၃)ပုံ လိုအပ်ပါသည်။ |
(၅) | 'ဃ' ယာဉ်မောင်းလိုင်စင်အတွက် အသက်(၂၁)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေး ကဒ်(မူရင်း+မိတ္တူ))၊ သက်တမ်း(၃)နှစ်ပြည့်ပြီး 'ခ' ယာဉ်မောင်းလိုင်စင်(မူရင်း)၊ ကညနမှဖွင့်လှစ်သော ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးသင်တန်း တက်ရောက်ပြီးစီးကြောင်း အထောက်အထား(မူရင်း+မိတ္တူ)၊ ဓာတ်ပုံ(၃)ပုံ လိုအပ်ပါသည်။ |
(၆) | 'င' ယာဉ်မောင်းလိုင်စင်အတွက် အသက်(၂၃)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေး ကဒ်(မူရင်း+မိတ္တူ)၊ သက်တမ်း(၅)နှစ်ပြည့်ပြီး ' ခ ' ယာဉ်မောင်းလိုင်စင်(သို့) သက်တမ်း(၂)နှစ်ပြည့်ပြီး 'ဃ' ယာဉ်မောင်းလိုင်စင်(မူရင်း)၊ ကညနမှဖွင့်လှစ် သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်း တက်ရောက် ပြီးစီးကြောင်း အထောက်အထား(မူရင်း+မိတ္တူ)၊ ဓာတ်ပုံ(၃)ပုံလိုအပ်ပါသည်။ |
(၇) | စပယ်ယာ/လက်မှတ်ရောင်းလိုင်စင်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး၊ နိုင်ငံသား စိစစ်ရေးကဒ်(မူရင်း+ မိတ္တူ)၊ ဓာတ်ပုံ(၃)ပုံလိုအပ်ပါသည်။ |
(၈) | 'ဌ' ယာဉ်မောင်းလိုင်စင်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေး ကဒ်(မူရင်း)၊ 'သ' အမောင်းသင်လိုင်စင်၊ ဓာတ်ပုံ(၃)ပုံလိုအပ်ပါသည်။ |
Form Download: |
ယာဉ်မောင်းလိုင်စင်လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များ |
ဉီးစီးဌာန: ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး)
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး)အခြားသော Topics များ
-
ဖောင်းကြွနံပါတ်ပြားထုတ်ပေးခြင်း
- 3645 hit(s)