- Types: Topics
- Categories: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
- agencies: သစ်တောဦးစီး
ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ
(၁) | ပုဂ္ဂလိကသစ်မာစိုက်ခင်းတည်ထောင်လိုသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သို့ အဆိုပြုတင်ပြခြင်း။ |
(၂) | သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သဘောတူပါက မြေနေရာအတည်ပြုရန် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ သဘောထားမှတ်ချက် ရယူခြင်း။ |
(၃) | လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ သစ်တောဦးစီးဌာန၏ အကြံဉာဏ်များရယူပြီး လုပ်ငန်းစီမံချက်ရေးဆွဲ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သို့ တင်ပြခြင်း။ |
(၄) | သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းစီမံချက်ကို အတည်ပြုပါက လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတို့မှ သစ်မာစိုက်ခင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြု ချက်ထုတ်ပြန်ခြင်း။ |
(၅) | သစ်တောဦးစီးဌာနနှင့် လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတို့မှ လုပ်ငန်းစီမံချက်ပါအတိုင်း နှစ်အလိုက်စိုက်ပျိုးပြီးစီးသည့်ကမာဏ(ဧက)အား စစ်ဆေးအတည်ပြု၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများတွင် စာချုပ်ချုပ် ဆိုခြင်း။ |
Form Download: |
ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များ |
ဦးစီးဌာန: သစ်တောဦးစီးဌာန
သစ်တောဦးစီးဌာနရှိ အခြားသော Topics များ