- Types: Topics
- Categories: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
- agencies: မွေးမြူရေးနှင့်ကုသရေး
အများပြည်သူ စားသုံးရန် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေး စစ်ဆေးခြင်းမှတ်တမ်း
ဦးစီးဌာန၏ မြို့နယ်ဦးစီးမှူးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်နှင့် မန္တလေးမြို့စည်ပင်သာယာရေးနယ်နိမိတ်တို့မှအပ အခြားဒေသများတွင် အများပြည်သူ စားသုံး ရန်သတ်ဖြတ်မည့် တိရစ္ဆာန်ကိုဖြစ်စေ၊ သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏အသားနှင့် အစိတ်အပိုင်း တစ်ခုခုကိုဖြစ်စေ၊ သားသတ်ရုံကိုဖြစ်စေ စစ်ဆေးနိုင်ပါသည်။ သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေး အခြေအနေကို တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးခြင်းပုံစံ AHD/PC(11)နှင့် သတ်ဖြတ် ပြီးသောတိရစ္ဆာန်၏ အသားနှင့်အစိတ်အပိုင်း တစ်ခုခုတွင် ကူးစက်ရောဂါနှင့် အများပြည်သူတို့ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ရောဂါကင်းရှင်းမှု ရှိ/မရှိ အသားစစ်ဆေးခြင်းပုံစံ AHD/PC(12) အရ စစ်ဆေးပြီး အများပြည်သူစားသုံးရန်သတ်ဖြတ်မည့် တိရစ္ဆာန်၏ကျန်းမာရေး စစ်ဆေးခြင်း မှတ်တမ်း AHD/PC(13) ဖြင့် မှတ်တမ်းတင်ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းဆောင်ရွက်နိုင်သည်။
Form Download: |
အများပြည်သူ စားသုံးရန် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေး စစ်ဆေးခြင်းမှတ်တမ်း |
ဦးစီးဌာန: မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရှိ အခြားသော Topics များ
-
ပျားမွေးမြူရေးလုပ်ငန်း လိုင်စင်လျှောက်ထားခြင်း
- 1860 hit(s)
-
မျိုးတိရစ္ဆာန် မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း
- 1631 hit(s)
-
တိရစ္ဆာန်ဖြတ်သန်းသွားလာမှု စစ်ဆေးခြင်း
- 1739 hit(s)
-
ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်
- 1863 hit(s)