- Types: Topics
- Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
- agencies: မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ဘဏ်ချေးငွေများ ထုတ်ချေးခြင်း
၁။ | မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးခြင်း |
၂။ | ဆောင်းရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးခြင်း |
၃။ | မိုးကြိုရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးခြင်း တို့ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ စပါးတစ်ဧကလျှင် ကျပ် ၁၅၀၀၀၀/-နှုန်း၊ ကြံ တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀/- နှုန်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ ဂုန်လျှော်၊ အစေ့ထုတ်ပြောင်း တစ်ဧကလျှင် ကျပ် ၅၀၀၀၀/- ထုတ်ချေးပေးလျှက် ရှိပါသည်။ |
ဖွံဖြိုးရေးချေးငွေများ ဖြစ်သည့် (၁)လက်တွန်းထွန်စက် ချေးငွေ ထုတ်ချေးခြင်း၊ (၂)ရေစုပ်စက် ချေးငွေ ထုတ်ချေးခြင်း၊ (၃)အခြား လယ်ယာသုံးစက်ကိရိယာ ထုတ်ချေးခြင်းတို့ဖြစ်ပြီး လယ်ယာသုံး စက်ကိရိယာ များ ထုတ်ချေးရာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ထုတ်လုပ်သော စက်များအတွက် စက်တန်ဘိုး၏ (၃၀%) စုဆောင်းရမည်ဖြစ်ပြီး စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော စက်များအား ဝယ်ယူလိုပါက ဝယ်ယူမည့် စက်တန်ဘိုး၏ (၄၀%)ကို စုဆောင်းငွေ အဖြစ် စုဆောင်းရပြီး ဘဏ်မှ စက်တန်ဘိုးအပြည့် ထုတ်ချေးပါသည်။ အခြားပြင်ပ ပုဂ္ဂလိက ကုမ္ပဏီများမှ ရောင်းချသော စက်များ ဖြစ်ပါက စက်တန်ဘိုး၏ (၅၀%)ကို ကြိုတင်ငွေ အဖြစ် စုဆောင်းရပါသည်။
မိုး၊ ဆောင်း၊ မိုးကြို ရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေထုတ်ချေးရန် လိုက်နာရမည့် စည်းကမ်းချက်များ
၁။ | အချိန်စေ့ရောက်ပြီး နှစ်စဉ်ချေးငွေ၊ နှစ်တိုချေးငွေ၊ နှစ်ရှည်ချေးငွေ အရစ်ကျငွေ အရင်း၊ အတိုးများ ပြေကျေရမည်။ |
၂။ | ၂၀၁၂-ခုနှစ်၊ ပြည်ထောင်စု လက်ကော် ဥပဒေအမှတ် (၁၁)၊ လယ်ယာမြေဥပဒေ အခန်း(၂)၊ ပုဒ်မ ၄၊ ၅၊ ၆ များအရ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရရှိပြီးသူ ဖြစ်ရမည်။ ၄င်းလက်မှတ် မိတ္တူတစ်စောင်ကို ဘဏ်သို့ကြိုတင် ပေးပို့ထားရမည် ဖြစ်ပြီး၊ ငွေချေးယူရန် ဘဏ်သို့လာရောက်သည့်အခါ ဘဏ်က တိုက်ဆိုင် စစ်ဆေးရန်အတွက် ၄င်းလက်မှတ် မူရင်းကို ယူဆောင်လာရမည်။ |
၃။ | ဘဏ်တွင် ငွေစုစာရင်းဖွင့်လှစ်ထားပြီးသူ ဖြစ်ရမည်။ |
၄။ | တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေ(၂၃)အရ ဆန္ဒအရပါဝင်သော တောင်သူလယ်သမား(၃)ဦးပါဝင်သည့် အဖွဲ့ဖြင့် ထုတ်ချေးရမည်။ |
၅။ | ချေးငွေကို ဘဏ်ကသတ်မှတ်သည့် ကောက်ခံရေးကာလအတွင်း ကျသင့်အတိုးနှင့်တကွ ပြေကျေစွာ ပေးဆပ်ရမည်။ |
၆။ | ချေးငွေပြေကျေရန်အတွက် ကိုယ်စီကိုယ်ငှဖြစ်စေ၊ တွဲဖက်၍ ဖြစ်စေ တာဝန်ယူရမည်။ ငွေချေးယူသူ တစ်ဦးချင်းအနေဖြင့် မိမိကိုယ်တိုင်ချေးယူငွေသာမက မိမိအဖွဲ့ပါ ကျန်(၂)ဦး ၏ ချေးငွေအရင်းနှင့် ကျသင့်အတိုး၊ ဒဏ်တိုးများ ပြေကျေရေးအတွက်လည်း စိုက်လျော် ပေးသွင်းရန် အပြည့်အဝ တာဝန်ယူကြောင်း ကတိပြုသူ ဖြစ်ရမည်။ |
၇။ | မိမိကိုယ်တိုင်ချေးယူသော ချေးငွေ အရင်း၊ အတိုးများ ပြေကျေပြီးဖြစ်စေကာမူ ကျန်(၂)ဦး ချေးယူသော ချေးငွေအရင်း၊ အတိုးများ ပြေကျေခြင်းမရှိပါက အဖွဲ့ဝင် (၃)ဦးလုံးသည် ချေးငွေသစ် ထုတ်ချေးရန် ဘဏ်သို့ တင်ပြတောင်းဆိုခြင်း မပြုရပါ၊။ |
ဘဏ်သို့ချေးငွေထုတ်ချေးရန် လာရောက်ပါက ယူဆောင်လာရမည့် စာရွက်စာတမ်းများ
၁။ | နိုင်ငံသား မှတ်ပုံတင်ကဒ် |
၂။ | လယ်သမားပိုင် ငွေစုစာရင်း ဖွင့်လှစ်ထားသည့် ငွေစုစာအုပ် (ငစ-၄) ယူဆောင်လာရန်။ အိမ်ထောင်စုဇယားအတွင်း ငွေစုစာရင်းမဖွင့်လှစ်ရသေးပါကကျေးရွာအုပ်စု ချေးငွေဥက္ကဌ နှင့် ချေးငွေစိစစ်ရေးအတွင်းရေးမှူး၏ ထောက်ခံချက်နှင့် ငွေစုစာရင်းဖွင့်လှစ်ရန်(ချေးငွေ မထုတ်ချေးမီ ကြိုတင်ဖွင့်လှစ်ရန်၊ ချေးငွေစိစစ်ရေးအဖွဲ့သို့ ချေးငွေထုတ်ချေးမည့် အကြောင်း တင်ပြရန်) ။ |
၃။ | လက်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) မိတ္တူနှင့်တကွ မူရင်းပါယူဆောင်လာရန်။ |
၄။ | ချေးငွေစာချုပ်(ကဘ-၈)တွင်သက်ဆိုင်ရာ ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်။ |
၅။ | ချေးငွေစာချုပ်(ကဘ-၈)တွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များ။ |
၆။ | ချေးငွေထုတ်ချေးရာတွင် ကျေးရွာအုပ်စုအလိုက် ထုတ်ချေးခြင်းဖြစ်ပါသည်။ ကြွေးဟောင်းကျန် တောင်သူများအား ထုတ်ချေးခြင်းမပြုပါ။ ကြွေးဟောင်း ချေးငွေ ပြေကျေပြီးပါက ချေးငွေရာသီချိန်မီပါက ထုတ်ချေးသွားပါမည်။ |
၇။ |
ကာယကံရှင်ကိုယ်တိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော်လည်း ထူးခြားသည့် အခြေအနေ ဖြစ်ပေါ်ပါက ပူးတွဲ(ခ)စာရင်းဖွင့်လှစ်ထားသူသည် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ချေးနိုင်မည် ဖြစ်ပါသည်။ |
Form Download: |
လျှောက်လွှာဖောင် Download ရယူပါ။ |
ဦးစီးဌာန: မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ အခြားသော Topics များ
-
ဘဏ်ချေးငွေများ ထုတ်ချေးခြင်း
- 3594 hit(s)