Types: Topics
Categories: စည်ပင်သာယာရေး
agencies: ရေနှင့်သန့်ရှင်းမှုဌာန

ရေမီတာ တပ်ဆင်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

   

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ ရေမီတာတပ်ဆင်ခွင့် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေးကြေညာအပ်ပါသည်-

၁။ ရေမီတာလျှောက်လွှာဝယ်ယူခြင်း ၁၀၀ ကျပ်
၂။  လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ(၁)စောင်
၃။ မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
၄။  မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အခွန်စည်းကြပ်ထားသော အိမ်ခွန်ပြေစာ
၅။ 
လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ(ပုံစံ-၁၀)
၆။ 
အိမ်ဆောက်၍ လူနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း
၇။ ကွင်းဆင်းစစ်ဆေးခ - ၅၀၀၀ ကျပ်
၈။ လုပ်ငန်းတန်ဖိုးအား ပေအကွာအဝေးပေါ် မူတည်၍ ကုန်ကျမည့် ခန့်မှန်းကုန်ကျစရိတ်အား တွက်ချက်၍ မန်းစည်ပင်ကော်မတီသို့ တင်ပြပေးပါသည်။

 

Form Download:

 

လျှောက်လွှာဖောင် Download ရယူပါ။

 ဦးစီးဌာန: ရေနှင့် သန့်ရှင်းမှုဌာန