မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး
ဓာတ်မှန်ဌာန၏ လုပ်ငန်းများ
Agency : မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး
ဓာတ်မှန်ဌာနသည် ပြည်သူလူထုတို့၏ ရောဂါကို ရှာဖွေပေးခြင်းဖြင့် ကုသမှုအပိုင်းကို ထိရောက် မှု ရှိစေရန် အထောက်အကူပြုလျှက်ရှိသော ဌာနတစ်ခု ဖြစ်ပါသည်။ ဓာတ်မှန်ဌာနသည် နေ့စဉ် ပြည်သူ များနှင့် ထိတွေ့ဆက်ဆံနေရသော ဌာန တစ်ခု ဖြစ်ပါသည်။ ဓာတ်မှန်ဌာနသည် အဆောက်အဦး တည်နေရာအရ နေရာ (၃)ခုလည်း ရှိပါသည်။ ၎င်းတို့မှာ -
(၁) | ပင်မဓာတ်မှန်ဌာန |
(၂) | အရေးပေါ်နှင့် ပြင်ပလူနာဓာတ်မှန်ဌာန |
(၃) |
(၉)ထပ်ဆောင် (မန်းတောင်ရိပ်) ဓာတ်မှန်ဌာန တို့ဖြစ်ပါသည်။ |
အရေးပေါ်လူနာများအတွက် -
ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိလာသော အရေးပေါ်လူနာများအား ရိုးရိုးဓာတ်မှန် (X-ray) နှင့် ကွန်ပျူတာ ဓာတ်မှန် (CT Scan) ရိုက်ရန်လိုအပ်သော လူနာများကို (၂၄ နာရီ) အခမဲ့ ရိုက်ကူးပေးပါသည်။ ၎င်းအဖြေကို လူနာ(သို့မဟုတ်) လူနာစောင့်များ အား ချက်ချင်းထုတ်ပေးခြင်းဖြင့် လိုအပ်သော ကုသမှု အလျင်အမြန် ရရှိစေပါသည်။
ရုံးဖွင့်ရက်များတွင် -
သက်ဆိုင်ရာကုသဆောင်အသီးသီးမှ ဆေးရုံတက်ရောက်ကုသနေသော လူနာများကို ရုံးချိန် အတွင်း ရိုးရိုးဓာတ်မှန် (X-ray)၊ TV ဓာတ်မှန် (Ultrasound)၊ ဆေးဓာတ်မှန် (Special X-ray)၊ Color Doppler Ultrasound၊ (Angiogram)၊ (CT)၊ (MRI)၊ ကျောက်ချေစက် စသည့်စက်များဖြင့် ပင်မဓာတ်မှန်ဌာန၊ (၉)ထပ်ဆောင် (မန်းတောင်ရိပ်) ဓာတ်မှန်ဌာနတို့တွင် ရောဂါရှာဖွေပေးလျက်ရှိပါ သည်။ ဆေးဓာတ်မှန် (Special X-ray)၊ Color Doppler Ultrasound၊ (Angiography)၊ CT၊ MRI ဓာတ်မှန်များအတွက် ကြိုတင်ရက်ချိန်းယူခြင်း၊ လိုအပ်သော ညွှန်ကြားချက်များပေးခြင်းတို့ ပြုလုပ်ရပါသည်။
(Ultrasound) ရိုက်သော လူနာများကို ရိုက်ပြီးလျှင်ပြီးချင်း အဖြေများကို ချက်ချင်းထုတ်ပေး ပြီး လူနာ(သို့မဟုတ်) လူနာရှင်လက်ထဲ့သို့ သေချာစွာ အပ်နှံပေးပါသည်။ (X-ray)၊ ဆေးဓာတ်မှန် (Special X-ray), CT, MRI, Angiography ဓာတ်မှန်များမှာမူ Technician များမှ ရိုက်ကူးပြီး Computer မှ Processing ပြုလုပ်ပြီး ရောဂါရှာဖွေရန် လိုအပ်သောကြောင့် အဖြေကို ချက်ခြင်း မထုတ်ပေးနိုင်ပါ။ သို့ပါ၍ လူနာများကို ရိုက်ကူးပြီးနောက် မိမိတို့ သက်ဆိုင်ရာကုသဆောင်များသို့ ပြန်လွှတ်ပြီး၊ နောက်နေ့နံနက်ပိုင်း(သို့မဟုတ်) ညနေပိုင်းတွင် အဖြေလာယူရန် ရှင်းလင်းပြောပြရပါ သည်။ (Special X-ray) ဓာတ်မှန်များကို သက်ဆိုင်ရာ တာ၀န်ကျ ဆရာ၀န်မှ ကြည့်ရှု့ပြီး အဖြေထုတ် ပေးရပါသည်။ (Special X-ray) ဓာတ်မှန်အဖြေများကို စနစ်တကျစာရင်းသွင်း စစ်ဆေးပြီးနောက် လူနာ (သို့မဟုတ်) လူနာရှင်များထံသို့ သေချာစွာ စီစစ်ပြီး ချိန်းဆိုထားသည့်နေ့ရက်အချိန်တွင် စနစ်တကျ ပြန်လည်ထုတ်ပေးပါသည်။