h10cover

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး

Category: ကျန်းမာရေးဝန်ကြီးဌာန

     

 ရည်ရွယ်ချက်

(၁) လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး
(၂) လူတိုင်းရောဂါဘယကင်းရှင်းရေး
(၃)  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းလွှမ်းခြုံမှုတိုးတက်စေရေး
(၄) ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေး
(၅) နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက် ဖြစ်ထွန်းလာစေရေး

 

ဆောင်ပုဒ်

(၁) လူနာများကို နွေးထွေးစွာ ကြိုဆိုပါ
(၂) စေတနာနှင့် ကုသပေးပါ

အဓိကလုပ်ငန်းတာ၀န်များ

(၁) ကုသရေးလုပ်ငန်းတာ၀န်များ
(၂) သင်ကြားရေးလုပ်ငန်းများ
(၃) ကာကွယ်ရေးလုပ်ငန်းများ
(၄) ပြန်လည်သန်စွမ်းရေးလုပ်ငန်းများ

 ဌာနကုသဆောင်အလိုက် ကုသရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျှက် ရှိပါသည်။

သင်ကြားရေးလုပ်ငန်းများအနေဖြင့် ဆေးတက္ကသိုလ်-မန္တလေး၊ ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ သင်တန်းသူ/သားများအားဘွဲ့ကြို၊ ဘွဲ့လွန်၊ ပါရဂူဘွဲ့၊ မျက်စိရောဂါပညာမဟာသိပ္ပံ၊ ဓာတ်ခွဲ၊ ဓာတ်မှန် ပါရဂူသင်တန်း၊ သူနာပြုအကူသင်တန်း၊ သင်တန်းသား/သူများအား

(၁) Bed side teaching
(၂) Nurse teaching
(၃) Lecture
(၄) CPR Training
(၅) MRCP, PACES စာမေးပွဲများကျင်းပခြင်း
(၆) CME (Continuons Medical Education)
(၇) CNE (Continuons Nurse Education)
(၈) On Job Training for House Office တို့ကိုသင်ကြားပေးပါသည်။


ဦးစီးဌာနတွင် ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာ၀န်များ

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ပြည်သူ(လူနာများ)နှင့် ထိတွေ့မှုများသောဌာနများ ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပြည်သူများသို့ အသိပေးရန် လိုအပ်သောအချက်များကို တင်ပြထား ပါသည်။

(၁) အရေးပေါ်ကုသမှုဌာန၏ လုပ်ငန်းများ
(၂) ဆေးလူမှုဆက်ဆံရေးဌာန၏ လုပ်ငန်းများ
(၃) သွေးလှူဘဏ်၏ လုပ်ငန်းတာ၀န်များ
(၄) ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိတ်ကုဌာန၏ လုပ်ငန်းများ
(၅) မှုခင်းရုံး၏ လုပ်ငန်းများ
(၆) နှလုံးရောဂါအထူးကုဌာန၏ လုပ်ငန်းများ
(၇) ဓာတ်မှန်ဌာန၏ လုပ်ငန်းများ
     
  ရုံးလိပ်စာ ၇၇ လမ်း၊ ၂၉ x ၃၀ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂-၃၉၀၀၇
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ
   Social Link

 

Eservices   Topics
     
News