မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး

နှလုံးရောဂါအထူးကုဌာန

Agency : မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး

 အရေးပေါ်နှလုံးသွေးကြောချဲ့ ကုသမှုလုပ်ငန်း (PCI)

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် PCI ကုသမှုကို စတင်ခဲ့ပြီး ၂၀၁၅ခုနှစ် မတ်လ (၁)ရက် နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ စနစ်တကျနှင့် လျင်မြန်စွာ လူနာလွှဲပြောင်းနိုင်သော နှလုံးသွေးကြောပိတ်ရောဂါ ကုသမှု ကွန်ယက်ကို စတင် ဆောင်ရွက်ခဲ့ပါသည်။

 

နှလုံးသွေးကြောပိတ်ရောဂါကုသနည်းများ/နှလုံးသွေးကြောပြန်ပွင့်ရန်နည်းလမ်းများ

ရုတ်တရက်နှလုံးသွေးကြောပိတ်လျှင် သွေးကြောအမြန်ပွင့်ရန်အတွက် ကုသရန်နည်းလမ်း (၃)ခု ရှိပါသည်။

(၁) သွေးခဲပျော်ဆေးသွင်း၍ ကုသခြင်း (Thrombolytic therapy)
(၂) အရေးပေါ်နှလုံးသွေးကြောချဲ့၍ကုသခြင်း (Primary PCI)
(၃) အရေးပေါ်နှလုံးသွေးကြောခွဲစိတ်ကုသခြင်း(Emegency CABG)

 နှလုံးသွေးကြောပြန်ပွင့်ရန်အတွက် အရေးပေါ်သွေးကြောချဲ့ခြင်းပြုလုပ်ရန် ကြာမြင့်ချိန်မှာ နာရီ ၀က် တစ်နာရီခန့်သာဖြစ်ပါသည်။ သွေးခဲပျော်ဆေးသွင်း၍ ကုသမှကြောင့် ရရှိနိုင်သည့် သွေးယိုစီးမှု အန္တရာယ် အင်မတန် နည်းပါးပါသည်။

(၁) 09-259898661, 09-259898662 သို့ Viber ဖြင့် ဆက်သွယ်ရန်
(၂) လူမှုကူညီရေးအသင်းများရှိ လူနာတင်ကားများကို အကူအညီရယူရန်
(၃) Referal System နှင့် Guideline ပါရှိသော ကွန်ယက် (Network)ကို MGH နှလုံးကုဌာနကို ဗဟိုပြု၍ တည်ဆောက်သွားရန် ( MGH  STEMI  Network )

ပထမဆုံး ကြည်ရှု့စစ်ဆေးသော ဆရာဝန်မှ နှလုံးသွေးကြောပိတ်ရောဂါကို အမြန်ဆုံး သိရှိရန် လိုအပ်ပါက Hand Phone ဖြင့် ECG ကို VIBER ဖြင့် ဖုန်းနံပါတ် 09-259898661, 09-259898662 များသို့ ဆက်သွယ်ပြီး AMI သေချာလျှင် သွေးကြောပွင့်အောင်ကုသပေးနိုင်မယ့် ဆေးရုံသို့ အမြန်ဆုံးလွှဲပြောင်းပေးပို့ရန် ဆေးရုံ (STEMI Receiving Centre) မှ MGH နှလုံး အထူးကုဌာန (STEMI Referral Centre) သို့ လွှဲပြောင်းပို့ဆောင်ရာတွင် မိမိတို့နိုင်ငံတော် အရေးပေါ် လူနာတင်ယာဉ်စံနစ် မရှိသေးသည့်အတွက် မိသားစုမှမိမိကိုယ်ပိုင် အစီအစဉ်ဖြင့် မလာရောက်နိုင်ပါက လူမှုကူညီရေးအသင်းရှိ လူနာတင်ယာဉ်ကားများကို လောလောဆယ်အကူအညီရယူ၍ ဤလုပ်ငန်းစဉ် ကို ချောချောမွေ့မွေ့ဖြင့် အချိန်မလစ်ဟင်းစေဘဲ အောင်မြင်စေရန် Referral System နှင့်Guideline ပါရှိသော ကွန်ယက် (Network) ကို MGH နှလုံးအထူးကုဌာနကို ဗဟိုပြု၍ တည်ဆောက်သွားမည် ဖြစ်ပါသည်။ အဆိုပါ Network ကို MGH STEMI Network ဟုခေါ်ဆိုပါမည်။
နှလုံးသွေးကြောပိတ်ရောဂါအတွက် စံကုထုံးသည် အရေးပေါ်နှလုံးသွေးကြောချဲ့ကုသခြင်းဖြစ် ပြီး နှလုံးသွေးကြောပွင့် ဆေးကုသမှုနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ ဆေးရုံတွင် သေနှုန်းသည် ၁၃.၉% မှ ၄.၅%သို့ သိသာစွာလျော့ကျပါသည်။ ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။ သို့ဖြစ်ပါ၍ လူနာများ ဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ထိရောက်အောင်မြင်သော ကုသမှုပေးသည့်နေရာသို့ အချိန်မှီ ရောက်ရှိရေး နှောင့်နှေးကြန့်ကြာမှုများကို လျော့ချရန်အတွက် ကျန်းမာရေးအသိပညာပေးမှု လိုအပ်နေ ဆဲဖြစ်၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြပါသည်။

 

 

Zone 1 မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးသွေးကြောချဲ့ဌာနသို့ နာရီဝက်အတွင်း ရောက်နိုင်၍ အရေးပေါ် နှလုံးသွေးကြောချဲ့ကုသပေးခြင်း
Zone 2 မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးသွေးကြောချဲ့ဌာနသို့ (၁)နာရီအတွင်း ရောက်နိုင်၍ အရေးပေါ် နှလုံးသွေးကြောချဲ့ကုသပေးခြင်း
Zone 3 မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးသွေးကြောချဲ့ဌာနသို့ (၃)နာရီအတွင်း ရောက်နိုင်၍ နှလုံးသွေးကြေပွင့်ဆေးသွင်းကုသပေးခြင်းနှင့် နှလုံးသွေးကြောချဲ့ဌာနသို့ လူနာ လက်ခံခြင်း