မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး
မှုခင်းဆရာဝန်ကြီးရုံး၏ လုပ်ငန်းတာ၀န်များ
Agency : မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး
ပြင်ပလူနာဌာန
(၁) | ထိခိုက်ဒဏ်ရာရရှိလူနာများ အားလုံးကို ရာဇဝတ်မှုလူနာဟု မသုံးဘဲ မှုခင်းလူနာ (Medico-legal cases) များဟုသာ တံဆိပ်ရိုက် သတ်မှတ်ပါသည်။ |
(၂) | လူနာများ၏ အခွင့်အရေးအရဓါတ်ပုံရိုက် မှတ်တမ်းတင်ခြင်းများအားလူနာ၏ သဘောတူ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ရိုက်ကူးပါမည်။ မှုခင်းကိစ္စများအတွက် ဆရာဝန်မှ လိုအပ်သည်ဟု ယူဆပါကရိုက်ကူးပါမည်။ |
(၃) | မှုခင်းလူနာများ၏ ဆေးကုသမှတ်တမ်းများနှင့် တွေ့ရှိချက်များအား စိတ်ချလုံခြုံစွာ မှတ်တမ်း တင် သိမ်းဆည်းထားပါသည်။ |
(၄) | လူနာများသည် အရေးပေါ်ဆရာဝန်၏ ဆုံးဖြတ်ချက်အတိုင်းပြင်ပလူနာ(သို့မဟုတ်)အတွင်းလူနာ အဖြစ် ဆေးကုသမှုခံယူရပါမည်။ |
မှုခင်းဆရာဝန်ကြီးရုံး
(၁) | မှုခင်းလူနာများသည် ၄င်းတို့၏ ထိခိုက်ဒဏ်ရာရရှိမှုများအားဆေးစာပေါ်တွင် တိကျမှန်ကန်စွာ ဖော်ပြနိုင်ရေးအတွက် မလိုလားအပ်သည့် သံသယဖြစ်ဖွယ် အချက်များ မပေါ်ပေါက်စေရန် ကုသမှုများ ပြီးချိန်နှင့် တစ်ပြေးညီလာရောက် ပြန်လည်ပြသရန် လိုအပ်ပါသည်။ |
(၂) | ဆေးရုံဆင်းပြီးသည့်နောက် အထူးကုပြင်ပလူနာတွင် လာရောက်ပြသသည်များ၊ အခြားပြည်သူ့ ဆေးရုံသို့ တက်ရောက်ကုသသည်များနှင့် ဆေးရုံထပ်မံတက်ရောက် ရသည်များကိုလည်း မှုခင်း ဆရာဝန်ကြီးရုံးသို့ အချိန်နှင့် တပြေးညီလာရောက်ပြန်လည်ပြသရန် လိုအပ်ပါသည်။ |
(၃) | ဆေးရုံတွင် စတင်ပြသသည်မှ (၂) ပတ် သို့မဟုတ် (၄) ပတ်အတွင်းတွင် မှုခင်းဆေးစာကို သက်ဆိုင်ရာ ပြည်သူ့ရဲစခန်းသို့ ပြန်လည်ထုတ်ပေးပါမည်။ |
(၄) |
မှုခင်းဆေးစာ ပြန်လည်ထုတ်ပေးရန် ပြည်သူ့ရဲ၊ လူနာနှင့် ဆေးမှတ်တမ်းများကို မှုခင်း ဆရာဝန်ကြီးရုံးသို့ လာရောက်ပြသရန် လိုအပ်ပါသည်။ |
(၅) | မှုခင်းဆေးစာကို သက်ဆိုင်ရာပြည်သူ့ရဲမှ တဆင့်ပြည်သူ့ရဲစခန်းသို့ ပြန်လည်ထုတ်ပေးပါသည်။ လူနာကို ထုတ်ပေး၍ မရပါ။ |
(၆) | ဆေးရုံတွင် လူနာများများပြားသဖြင့် အခြားသောစာရွက်စာတမ်းကိစ္စများကို လာရောက်တင်ပြ သည်မှ တစ်ပတ်အတွင်းအပြီးဆောင်ရွက်ပေးနေပါသည်။ |
ရင်ခွဲရုံ
(၁) | မှုခင်းကိစ္စနှင့် သက်ဆိုင်သောအလောင်းများကို ရင်ခွဲစစ်ဆေးပြီးမှသာ ပိုင်ရှင်များထံသို့ ပြန်လည် ထုတ်ပေးပါသည်။ ပုံမှန်အလောင်းများကို မှတ်တမ်းကိစ္စများဆောင်ရွက်ပြီးသည်နှင့် ထုတ်ပေးပါ သည်။ |
(၂) | သေဆုံးပြီးအလောင်းများအား ဓါတ်ပုံရိုက်ခြင်းကိစ္စအား သက်ဆိုင်ရာတာဝန်ရှိသူမှအပ အခြား မည်သူမျှ ရိုက်ခွင့်မပေးပါ။ တာဝန်အရဓါတ်ပုံရိုက်ရာတွင်လည်း မှုခင်းဆရာဝန်ကြီး၏ ခွင့်ပြု ချက်ဖြင့် သတ်မှတ်ပုံစံအတိုင်း ရိုက်ခွင့်ပေးပါသည်။ |
(၃) | ပိုင်ရှင်မဲ့အလောင်းများနှင့် ဆေးရုံမှ သင်္ဂြိုဟ်ပေးရမည့် အလောင်းများအားခွဲစိတ် စစ်ဆေးမှု ပြုလုပ်ပြီး (၃)ရက် စောင့်ဆိုင်းပေးပါသည်။ ထိုအချိန်အထိပိုင်ရှင် ပေါ်ပေါက်ခြင်းမရှိပါက ဆေးရုံ စရိတ်ဖြင့် သင်္ဂြိုဟ်ပေးပါသည်။ |
(၄) |
သေဆုံးမှုပုံစံ(ပုံစံ-၂၀၃)နှင့် သင်္ဂြိုဟ်ခွင့် သင်္ချိုင်းလက်မှတ်(ပုံစံ-၂၀၁)တို့ကို အလောင်းပြန်လည် ထုတ်ယူစဉ်တွင် သေဆုံးသူ၏ ဆွေမျိုးသားချင်းများအား စိစစ်ပြီးနောက် တပါတည်း ထုတ်ပေး ပါသည်။ |
(၅) | အလောင်းများအအေးခန်းထားခတစ်ရက်လျှင် (၁၀၀၀/-)ကျပ်နှုန်း၊ ပြင်ပမှလာရောက်ထားသော အလောင်းများအားတစ်ရက်လျှင် (၃၀၀၀/-)ကျပ်နှုန်းကောက်ခံခြင်းပြုပါသည်။ အခြားမည်သည့် ငွေကြေးတစ်စုံတရာမှ ကောက်ခံခြင်းမရှိပါ။ |
(၆) |
မြို့နေလူနာများအတွက်သာမက နယ်မှ လာရောက်ဆေးကုသသောလူနာများအတွက်ပါ ရင်ခွဲရုံမှ ဝန်ထမ်းများနှင့် မှုခင်းဆရာဝန်ကြီးရုံးမှ ဝန်ထမ်းများသည် နေ့စဉ်အဆင်ပြေအောင် စီစဉ် ဆောင်ရွက်ပေးနေပါသည်။ အများပြည်သူများမှလည်းရေခဲတိုက်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး အား ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ပေးပါရန် အသိပေးအပ်ပါသည်။ |