ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ 26.7.2017
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကွပ်ကဲမှုဗဟိုဌာန Hot Line တယ်လီဖုန်းနံပါတ်များ ပြောင်းလဲ
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကွပ်ကဲမှုဗဟိုဌာနတွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၄ရက်မှ စတင်၍ မူခင်းကျဆင်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထုမှ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရန် မန္တလေးခရိုင်အတွင်း (၇)မြို့နယ်မှ မည်သည့်ဖုန်းဖြင့်မဆို ခေါ်ဆိုသတင်းပေးနိုင်သော Hot Line တယ်လီဖုန်းနံပါတ် 199 သို့လည်းကောင်း၊ မန္တလေးခရိုင် ပြင်ပမြို့နယ်များမှ 02-27199 သို့လည်းကောင်း ဆက်သွယ် သတင်းပေးနိုင်ကြောင်း အသိပေးကြေညာထားခဲ့သည်။
ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်း အိတ်ချိန်းစနစ်များ ပြန်လည် အဆင့်မြှင့်တင်ခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ကွပ်ကဲမှုဗဟိုဌာနတွင် အသုံးပြုလျက် ရှိသော Hot Line တယ်လီဖုန်းနံပါတ်များအား မန္တလေးခရိုင်အတွင်း (၇)မြို့နယ်အတွင်း 199 သို့ လည်းကောင်း၊ မန္တလေးခရိုင်ပြင်ပမြို့နယ်များမှာ 02-4027199 သို့လည်းကောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ရက်မှစ၍ ပြောင်းလဲခေါ်ဆိုသတင်းပေးပို့နိုင်ကြောင်း ရဲတပ်ဖွဲ့မှ အသိပေး ကြေညာထားသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ News များ