- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: ရေနှင့်သန့်ရှင်းမှုဌာန
လိုင်စင်ရ တွင်းတူးဆရာ (အငယ်တန်း/ အကြီးတန်း) လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၁။ | မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ သတ်မှတ်ထားသော ပုံစံအား ၁'' ၂'' အရွယ် ဓါတ်ပုံ (၃)ပုံနှင့်အတူ လျှောက်ထားရမည်။ |
၂။ | လျှောက်ထားရာတွင် သတ်မှတ်သောပုံစံဖြင့် အဝီစိတွင်းတူးခြင်း လုပ်ငန်းတွင် အသုံးပြုမည့် နည်းစနစ်၊ စက်အမျိုးအစား၊ အရေအတွက်၊ အဖွဲ့၏ ဖွဲ့စည်းပုံနှင့် အင်အား စသည်တို့ကို ဖော်ပြ၍ အဝီစိတွင်းပိုက်၏ အရွယ်အစား အချင်း (၂)လက်မထိနှင့်အောက် တူးဖော်မည့်အဖွဲ့သည် တွင်းတူးဆရာ (အငယ်တန်း) လိုင်စင်ကို လည်းကောင်း၊ အဝီစိတွင်းပိုက် အရွယ်အစား (၂)လက်မ အထက် တူးဖော်မည့် အဖွဲ့သည် တွင်းတူးဆရာ (အကြီးတန်း) လိုင်စင်ကို လည်းကောင်း လျှောက်ထားရမည်။ |
၃။ | လျှောက်လွှာတစ်စောင် (၁၅၀ ကျပ်) |
၄။ |
တွင်းတူးဆရာ (အကြီးတန်း) လိုင်စင်ကြေး - ၈၀၀၀ ကျပ်၊ တွင်းတူးဆရာ (အငယ်တန်း) လိုင်စင်ကြေး - ၅၀၀၀ ကျပ် ၃နှစ်တစ်ခါ သက်တမ်းတိုးရမည်။ |
၅။ |
တွင်းတူးဆရာ (အကြီးတန်း) လိုင်စင်လျှောက်ထားလိုသူများသည် တွင်းတူးသည့် အတွေ့အကြုံ အနည်းဆုံး ၃နှစ် ရှိရမည် ဖြစ်ပြီး လိုအပ်ပါက လူတွေ့စစ်ဆေးခြင်းကို ခံယူရမည် ဖြစ်သည်။ |
၆။ |
ကော်မတီကဖြစ်စေ၊ ရေနှင့် သန့်ရှင်းမှုဌာန ကဖြစ်စေ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းချက်များ၊ အမိန့်ညွှန်ကြားချက်များကို လိုက်နာရမည်။ |
၇။ | အဝီစိတွင်းများကို ခွင့်ပြုချက်မရှိဘဲ တူးဖော်ခြင်းနှင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ တူးဖော်မှု မရှိပါက တွင်းတူးဆရာအား ဒဏ်ငွေ (၃၀၀၀ ကျပ်)အထိ တင်ရိုက်ခြင်း ခံရသည်။ တွင်းတူးဆရာလိုင်စင် သိမ်းဆည်းနိုင်သည်။ ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်သည်။ |
၈။ | လိုင်စင်မရှိဘဲ အဝီစိတွင်းများ တူးဖော်ခြင်းအတွက် ဒဏ်ငွေ (၅၀၀၀၀ ကျပ်)အထိနှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်သည်။ |
၉။ | တွင်းတူးဆရာလိုင်စင်ကြေး ပေးသွင်းရန် နောက်ကျခြင်းအတွက် ဒဏ်ငွေမှာ သတ်မှတ်လိုင်စင်ကြေး၏ နှစ်ဆ ပေးသွင်းရန်နှင့် ပေးသွင်းမှု မရှိပါက တွင်းတူးဆရာလိုင်စင် သိမ်းဆည်းနိုင်သည်။ |
၁၀။ |
ကော်မတီပိုင် နယ်နိမိတ်အတွင်း နေထိုင်သူ ပုဂ္ဂလိကတစ်ဦးမှ အဝီစိတွင်း တူးဖော်လို၍ ယာယီလိုင်စင်လျှောက်ထားလာပါက အဆိုပါ လျှောက်လွှာပေါ်တွင် သက်ဆိုင်ရာ အဝီစိတွင်း တူးဖော်မည့် လိုင်စင်ရ တွင်းတူးဆရာတစ်ဦးဦးအနေဖြင့် သတ်မှတ်ထားသော မြေစာနမူနာများကို မှန်ကန်စွာ ဖော်ပြပါမည်ဟု ကတိ၀န်ခံချက် ရေးဆွဲပေးရမည်။ |
၁၁။ | ကော်မတီပိုင် နယ်နမိတ်အတွင်း နေထိုင်သူ တစ်ဦးဦးမှ ယာယီအဝီစိတွင်း တူးဖော်ခွင့် လိုင်စင်နှင့် အညီ တူးဖော်ပြီး၍ အမြဲတမ်းလိုင်စင် လျှောက်ထားပါက အဆိုပါ လျှောက်လွှာတွင် သက်ဆိုင်ရာ အဝီစိတွင်း တူးဖော်ခဲ့သော လိုင်စင်ရတွင်းတူးဆရာ တစ်ဦးဦးအနေဖြင့် အဝီစိတွင်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်စွာ တင်ပြထားခြင်း ဖြစ်ပါကြောင်း ၀န်ခံကတိပြုချက် ရေးထိုးပေးရမည်။ |
|
|
ဦးစီးဌာန: ရေနှင့် သန့်ရှင်းမှုဌာန
ရေနှင့်သန့်ရှင်းမှုဌာနရှိ အခြားသော Topics များ
-
မိလ္လာကားငှား၍ စုပ်ထုတ်ရန် လျှောက်ထားခြင်း
- 4076 hit(s)
-
မိလ္လာကန်ဆောက်မိန့် လျှောက်ထားခြင်း
- 2865 hit(s)
-
ရေပိုက်လိုင်းပြောင်းခွင့် လျှောက်ထားခြင်း
- 2904 hit(s)
-
ရေမီတာ တပ်ဆင်ခွင့် လျှောက်ထားခြင်း
- 3382 hit(s)
-
ကျုံးရေသွယ်ယူတပ်ဆင်ခွင့် လျှောက်ထားခြင်း
- 2870 hit(s)