တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
Category: တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
သမိုင်းကြောင်းနောက်ခံအကျဉ်းချုပ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်း တစ်ရာကျော်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါသည်။ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းအတည်ပြု နိုင်ခဲ့ပါသည်။ ထိုဥပဒေအရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ၃၀.၃.၂၀၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး မွန်အမျိုးသား ဦးနိုင်သက်လွင်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ဟူ၍ ဖွဲ့စည်းထားရှိပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ဦးစီးဌာန(၂)ခု၏ ညွှန်ကြားရေးမှူးရုံးများကို ၆၃ လမ်း၊ သိပ္ပံလမ်းနှင့် ချယ်ရီလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်တွင် ဖွင့်လှစ်ထားရှိပါသည်။
မျှော်မှန်းချက်
တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများကို အပြည့်အဝရရှိ၍ ပြည်ထောင်စုစိတ်ဓါတ်ကို အခြေခံပြီး ချစ်ကြည်ရင်းနှီးစွာ ထာဝစဉ်လက်တွဲ နေထိုင်နိုင်ရေးအတွက် အထောက်အကူပြုစေရန်။
မူဝါဒ
(က) | တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဥပဒေပါသတ်မှတ်ချက်များအတိုင်း အပြည့်အဝခံစားရရှိရေး။ |
(ခ) | တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊ ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေးနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် အခြေခံ၍ ထာဝစဉ် အတူတကွ လက်တွဲနေထိုင်ရေး။ |
(ဂ) | တိုင်းရင်းသားလူမျိုးများအချင်းချင်း ထာဝစဉ်အတူတကွ လက်တွဲနေထိုင်လိုသည့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ခိုင်မာစေရေး။ |
ရည်မှန်းချက်
(က) | နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားများကို မဆန့်ကျင်စေဘဲ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ရန်။ |
(ခ) | တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရန်။ |
(ဂ) | တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အငြင်းပွားမှုဖြေရှင်းရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သုတေသနပြု ဆောင်ရွက်ရန်။ |
လုပ်ငန်းဆောင်ရွက်ချက်များ
- | မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါအတိုင်း အခြားသော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ |
- | ယခုလက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့် တိုင်းရင်းသားလူမျိုးများအားလုံး တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ပိုမိုသိရှိ နားလည်နိုင်စေရန်အတွက် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (၂၀၁၉-၂၀၂၈) ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်းအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးအတွင်း (၄)ကြိမ် ပြုလုပ်ရန် လျာထားပါသည်။ |
- | ပထမအကြိမ်အဖြစ် ချမ်းမြသာစည်မြို့နယ်၊ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းတိုက်တွင် (၁၉.၁.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် (၂.၃.၂၀၁၉) ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကျန်ရှိနေသည့် (၂)ကြိမ်အား မိုးကုတ်မြို့နယ်နှင့် မိတ္တီလာမြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားရန် လျာထားပြီး ဖြစ်ပါသည်။ |
Eservices | Topics | |
|
|
|
News | ||
|