သပိတ်ကျင်းမြို့နယ်၊ ကဘဲ့ရပ်ကွက်၌ သံဃာတော်အပါး(၇၀)အား ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူခြင်း

သပိတ်ကျင်းမြို့နယ်၊ ကဘဲ့ရပ်ကွက်၌ သံဃာတော်အပါး(၇၀)အား ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူခြင်း

(၁၆-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်၌ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်း မြို့နယ်၊ ကဘဲ့ရပ်ကွက်၊ ဆုတောင်းပြည့်ကမ္ဘာအေးစေတီတော်ကျောင်းတိုက်ရှေ့တွင် ဒုတိယဝါဆို လကွယ်နေ့၌ ဝါဆိုဝါကပ်သည့် သံဃာတော်ဆရာတော်/သံဃာတော်အပါး(၇၀)အား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးနှင့်ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များစုစုပေါင်း(၁၀၀)ဦးခန့်မှ ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူခဲ့ကြောင်း သတင်းရရှိပါသည်။