အ.ထ.က (၆) တွင် လူငယ်ရေးရာ ဟောပြောပွဲ ပြုလုပ်သည့်သတင်း

အ.ထ.က (၆) တွင် လူငယ်ရေးရာ ဟောပြောပွဲ ပြုလုပ်သည့်သတင်း

(၁၁-၈-၂၀၂၃)ရက်နေ့

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၁ ရက်နေ့၊ နံနက်ပိုင်း၌ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၂၇ လမ်း၊ ၇၄×၇၅ လမ်းကြားရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲ ပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင် နှင့် တာဝန်ရှိသူများ၊ အထက်တန်းပြဆရာမ ဒေါ်သန်းသန်းဆွေ နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါဟောပြောပွဲတွင် ဒေါ်သန်းသန်းဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ဦးထွန်းထွန်းနိုင်မှ လူငယ်ရေးရာအကြောင်းအရာများအား ရှင်းလင်းပြောကြား၍ ကျောင်းအုပ်ဆရာကြီး ကိုယ်စား အထက်တန်းပြဆရာမ ဒေါ်သန်းသန်းဆွေမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် ဟောပြောပွဲ နှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်း ပြသခြင်း၊ သုတရသစာအုပ်၊ စာစောင် ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ပါသည်။