မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ပြည်သူများထံသို့ ရောင်းချပေးခဲ့ခြင်း

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ပြည်သူများထံသို့ ရောင်းချပေးခဲ့ခြင်း

(၄-၈-၂၀၂၃) ရက်နေ့

 ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လ ၄ ရက် ဝ၇ဝဝ မှ ၁ဝ၃ဝ ချိန်ထိ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက် ရပ်ကွက်၊ ၃၃×၃၄ လမ်းကြား၊ သင်္ဂဇာချောင်းအရှေ့ဖက်ပတ်လမ်းရှိ ချမ်းအေးရတနာစျေးတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီးဝန်ထမ်းများမှ ဧည့်မထဆန် တစ်ပြည်လျှင် (၂၉ဝဝ)ကျပ်နှုန်းဖြင့် ပြည် (၈၄ဝ)၊ စားအုန်းဆီတစ်ပိဿာလျင် (၅၂ဝဝ)ကျပ်နှုန်းဖြင့် ပိဿာ (၅ဝဝ)၊ ကြက်ဥတစ်လုံးလျှင်(၂၄ဝ)ကျပ်နှုန်းဖြင့် အလုံးရေ (၉ဝဝ)၊ ဘဲဥတစ်လုံးလျှင် (၃ဝဝ)ကျပ်နှုန်းဖြင့် အလုံးရေ (၅ဝဝ)၊ ဝက်သားတစ်ပိဿာလျှင် (၁၄ဝဝဝ)ကျပ်နှုန်းဖြင့် ပိဿာ (၁၅ဝ)၊ အမဲသားတစ်ပိဿာလျှင် (၁၄ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝ)ပိဿာ၊ တီလားဗီးယား တစ်ပိဿာလျှင် (၅ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝ) ပိဿာ၊ ငါးမုတ်တစ်ပိဿာလျှင် (၄၂ဝဝ)ကျပ်နှုန်းဖြင့် (၁ဝ)ပိဿာ၊ ငါးတန် တစ်ပိဿာလျှင် (၄၅ဝဝ)ကျပ်နှုန်းဖြင့် (၁၅) ပိဿာ၊ ငါးအုံတုံ တစ်ပိဿာလျှင် (၈ဝဝဝ)ကျပ်နှုန်းဖြင့် ၁၅ ပိဿာ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၆၉ဝဝ)ကျပ်နှုန်းဖြင့် (၁ဝ) ပိဿာ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၅ဝဝ)ကျပ်နှုန်းဖြင့် အထုပ် (၃ဝ)၊ ဂေါ်ရခါးသီး တစ်လုံးလျှင် (၂ဝဝ) ကျပ်နှုန်းဖြင့် အလုံး (၅ဝ)၊ ခရမ်းချဉ်သီး တစ်ပိဿာလျင် (၁၈ဝဝ)ကျပ်ဖြင့် (၅ဝ) ပိဿာ၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် (၈ဝဝ)ကျပ်ဖြင့် အထုပ် (၄ဝ) တို့အား ပြင်ပ ပေါက်စျေးများထက် (၄ဝ) ကျပ်မှ (၄ဝဝဝ)ကျပ်အတွင်း အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် အဆိုပါ စျေးရောင်းချခဲ့ရာ၌ အမှတ် (၃)စစ်နယ်မြေမှ  ဗိုလ်ကြီးဇော်ဇော်မြတ် ဦးစီး ၁+၂ ဦး၊ စည်ပင်သာယာရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ကျော်မင်း ဦးစီး ၁+၅ ဦး တို့မှ လုံခြုံရေးဆောင်ရွက်ပေးခဲ့ပါသည်။