s16 cover

ဆေးတက္ကသိုလ်၊ မန္တလေး

Category: ကျန်းမာရေးဝန်ကြီးဌာန

     

ရည်ရွယ်ချက်

အရည်အချင်းပြည့်မီသော ဘွဲ့ကြိုနှင့်ဘွဲ့လွန်ဆရာဝန်များကို မွေးထုတ်ပေးရန်နှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေးနှင့်ဘဝ အရည်အသွေးကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။

 

ဆောင်ပုဒ်

"ဥပဌာနံ အနုကမ္ပာ ဒယာ"

ဆရာဝန်တစ်ဦးဖြစ်သော ကျွန်ုပ်သည် ဝေဒနာရှင်လူနာအား
ဥပဌာနံ     -  စိတ်ရော ကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်။
အနုကမ္ပာ  -  ကိုယ်ချင်းစာတရားလက်ကိုင်ထားလျှက် ပြုစုကုသပါမည်။
ဒယာ        -  လူလူချင်း ညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည်။

 

အဓိကလုပ်ငန်းတာဝန်များ

ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု စနစ်ထူထောင်နိုင်ရန် Local  Quality Assurance  Body ဖွဲ့စည်းထားရှိပြီး အရည်အသွေးပြည့်ဝသော ဆေးပညာရှင်များ မွေးထုတ်နိုင်ရန်အတွက် ဆေးပညာမဟာသိပ္ပံသင်တန်း၊ ဆေးလက်တွေ့အခြေခံပါရဂူသင်တန်း၊ ဆေးလက်တွေ့ ပါရဂူသင်တန်းများ ဖွင့်လှစ်ပို့ချလျှက်ရှိပါသည်။ ဆေးတက္ကသိုလ်-မန္တလေး Medical Education Unit  အဖွဲ့မှကြီးမှူး၍ Workshop များကျင်းပခြင်၊ ဆေးသုတေသနဦးစီးဌာန(အထက်မြန်မာပြည်)နှင့် ပူးပေါင်း၍ Research Collaboration Meeting ပြုလုပ်ခြင်းများ ဆောင်ရွက်လျှက်ရှိပြီး ဆေးပညာရပ်ဆိုင်ရာကိစ္စရပ်များ ပိုမိုအဆင့်မြင့်မားလာစေရန်အတွက် ပြည်တွင်း/ပြည်ပသို့  Study Tour, Workshop, Training, Conference, Degree Course များ စေလွှတ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် စီမံခန့်ခွဲရေးဦးစီးဌာနများသို့ တင်ပြအစီရင်ခံပြီး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျှက်ရှိပါသည်။ ယခုအခါတွင် ISO အသိအမှတ်ပြုဆေးတက္ကသိုလ်အဖြစ်ရပ်တည်နိုင်ရန်    ပြည်ပနိုင်ငံမှ ပညာရှင်များဖိတ်ခေါ်၍ ISO Workshop များကျင်းပ၍ ဤတက္ကသိုလ်မှ ဌာနမှူးများတက်ရောက်ကြပါသည်။ Certificate များ ရရှိထားပြီးဖြစ်ပါသည်။

 

ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ

 

ဘွဲ့ကြိုကျောင်းသူ/ကျောင်းသားများ၏ မိဘ/ အုပ်ထိန်းသူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း

ဘွဲ့ကြိုကျောင်းသူ/ကျောင်းသားများ၏ မိဘ/အုပ်ထိန်းသူများအား ၎င်းတို့၏သား/သမီးများ ပညာရေးအခြေအနေများနှင့် ကျောင်းတက်ရာခိုင်နှုန်း များအား အသိပေးအကြောင်းကြားခြင်း၊ မိဘ/အုပ်ထိန်းသူများက တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံမေးမြန်းခြင်းများအား ရှင်းလင်းပြောကြားခြင်း ကိစ္စများ ဆက်သွယ်ဆောင်ရွက်ပါသည်။

 

တင်ဒါကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ခြင်း
နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါခေါ်ယူခြင်းကိစ္စရပ်များ၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူရသည့် သင်ကြားရေးအထောက်အကူပြုစက်ပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊   ရုံးသုံးပရိဘောဂပစ္စည်းများအတွက် တင်ဒါခေါ်ယူခြင်းကိစ္စများ  ဆက်သွယ် ဆောင်ရွက်ပါသည်။

 

 

 

 

     
  ရုံးလိပ်စာ လမ်း၃၀၊ ၇၃လမ်းနှင့် ၇၄လမ်းကြား၊ မောရဂီဝါရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂-၃၆၆၃၄၊ ၀၉-၂၀၀၀၂၃၇၊ ၀၉-၂၀၀၂၁၆၃၊ ၀၂-၃၆၆၃၉
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ http://www.ummdy.gov.mm
   Social Link
https://www.facebook.com/ummdy
     

 

Eservices   Topics
     
News