ကုတင်(၃၀၀)ဆံ့ကလေးဆေးရုံကြီး
Category: ကျန်းမာရေးဝန်ကြီးဌာန
ရည်မှန်းချက်
(၁) | ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လွှမ်းခြုံမှုတိုးတက်လာစေရေး။ |
(၂) | ပြည်သူ့ဆေးရုံများ၏ကုသမှုအရည်အသွေးမြင့်မားရေး။ |
(၃) | နိုင်ငံတော်၏ကျန်းမာရေးမူါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတိုးတက် ဖြစ်ထွန်းလာစေရေး။ |
မူဝါဒ
(၁) | မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အရည်အသွေးပြည့်မီစွာ ရရှိရေး ဆောင်ရွက်ပေးရန်။ |
(၂) | ဆေးရုံအခြေပြု ကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်။ |
လုပ်ငန်းစဉ်များ
(၁) | ပြည်သူများ၏ကိုယ်တိုင်ကျခံသုံးစွဲရသည့်ကျန်းမာရေးဆိုင်ရာ ငွေကြေးအခက်အခဲလျော့နည်း ကျဆင်းစေရန်ဆောင်ရွက်ခြင်း။ |
(၂) | ဆေးရုံတွင် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေရေးနှင့် အရည်အသွေးပြည့်ဝသော ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ |
(၃) | ဆေးရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ခြင်း။ |
(၄) | ဆေးရုံအဆောက်အဦတည်ဆောက်မှုနှင့် ပတ်သက်၍ အဆောက်အဦဒီဇိုင်း၊ ခန်းမှန်းတွက်ချက်မှုနှင့် အရည်အသွေးထိန်းသိမ်းစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်း။ |
(၅) | ဆေးရုံရှိဆေးရုံသုံးပစ္စည်းများပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်း။ |
(၆) | ဆေးနှင့်ဆေးပစ္စည်း၊ ဆေးရုံသုံးပစ္စည်းများ ၊ ကိရိယာများ စနစ်တကျ ထောက်ပံ့ ဖြန့်ဖြူးနိုင်ရန် ကွပ်ကဲကြီးကြပ်ဆောင်ရွက်ခြင်း။ |
(၇) | ကုသမှုဆိုင်ရာ စီမံခန့်ခွဲမှု သတင်းစနစ် ၊ ဆေးနှင့်ဆေးပစ္စည်းသတင်းစနစ်ဆောင်ရွက်ခြင်း။ |
(၈) | ကုသမှုအရည်အသွေး မြင့်မားရေးကို အထောက်အကူ ပြုစေမည့် သုသေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း။ |
(၉) | ဆရာ၀န် ၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင် ၀န်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ဆောင်ရွက်ခြင်း။ |
(၁၀) | ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေး မြင့်မားလာစေရေး ဆောင်ရွက်ခြင်း။ |
(၁၁) | ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရေးအတွက်နိုင်ငံတကာအဖွဲ့အစည်းများ ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ခြင်း။ |
(၁၂) | အရည်အသွေးပြည့်မီသော ကျန်းမာရေး ဓါတ်ခွဲစောင့်ရှောက်မှုနှင့် အန္တရာယ်ကင်းသော သွေးများ စုဆောင်းဖြန့်ဖြူးရေးဆောင်ရွက်ခြင်း။ |
(၁၃) | ဆေးလူမှုဆက်ဆံရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ |
ရုံးလိပ်စာ | ၇၄x၇၅ လမ်းကြား၊ ၂၉x၃၀ လမ်းကြား၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် |
ဆေးရုံအုပ်ကြီး (ရုံးခန်း) ၀၂ - ၄၀၃၂၂၂၅၊ စီမံဌာန/ငွေစာရင်းဌာန ၀၂ - ၂၈၄၄၆၁၂ (Fax) ဆက်သွယ်ရေးဌာန ၀၂ - ၄၀၃၃၉၆၅ |
|
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | ||
Social Link |
Eservices | Topics | |
News | ||