s8 cover

အားကစားနှင့်ကာယပညာသိပ္ပံ

Agency: အားကစားနှင့်ကာယပညာဦးစီးဌာန

     

အားကစားနှင့်ကာယပညာသိပ္ပံ၏ရှေ့လုပ်ငန်းစဉ်(၁၀)ရပ်

(၁) အားကစားကိုအခြေခိုင်မာလာစေရေးအတွက် အားကစားနှင့်ပညာရေးကို ထိထိမိမိပေါင်းစည်းဆက်စပ်ဆောင်ရွက်သွားရန်။ အားကစားနှင့် ကာယပညာသိပ္ပံတွင် အားကစားနှင့်ပညာရေးပေါင်းစပ်၍ ပြိုင်တူသင်ကြားမှုအစီအစဉ်ကိုဆောင်ရွက်သွားရန်နှင့် ပြည်သူတစ်ရပ်လုံး ပါဝင်လှုပ်ရှားသည့် လူထုအားကစား (MASS SPORTS) ကို မြှင့်တင်ဆောင်ရွက်သွားရန်။
(၂) အားကစားသမားများရွေးချယ်မှုကိုတိတိကျကျ မှန်မှန်ကန်ကန် ရွေးချယ်သွားရန်။
(၃) အားကစားသမားများအားခေတ်မီတိုးတက်သည့် အားကစားနည်းစနစ်များဖြင့် ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးသွားရန်။
(၄) အားကစားပစ္စည်းများပြည့်ပြည့်ဝဝရရှိနိုင်ရေးဆောင်ရွက်ပေးရန်။
(၅) အားကစားကွင်း/အားကစားရုံများအားအဆင့်မြှင့်၍ ပြင်ဆင်မွမ်းမံထိန်းသိမ်းသွားရန်နှင့် အားကစားကွင်း/အားကစားရုံသစ်များတိုးချဲ့တည်ဆောက်သွားရန်။
(၆) အားကစားလေ့ကျင့်ရေးစခန်းများတိုးချဲ့တည်ဆောက်သွားရန်။
(၇) အားကစားသုတေသနလုပ်ငန်းအားကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်  ဆောင် ရွက်သွားရန်။
(၈) အားကစားပြိုင်ပွဲများတွင် အတွေ့အကြုံတိုးတက်ရရှိစေရေးအတွက်  ပြည်တွင်းအားစားပြိုင်ပွဲများ ဆက်တိုက်ကျင်းပပေးရန်နှင့် ပြည်ပအားကစားပြိုင်ပွဲများသို့ စေလွှတ် ယှဉ်ပြိုင်စေရန်။
(၉) အားကစားလုပ်ငန်းကိုစီးပွားရေးလုပ်ငန်းရှင်းများ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက အားတက်သရော ပါဝင်ကူညီရေးနှင့် အားကစားပရိတ်သတ်ကအဆင့်အတန်းမြင့်မြင့် အားပေးတက်လာစေရေးစည်းရုံးဆောင်ရွက်သွားရန်။
(၁၀) အားကစားသမားများ၏ ဘဝနောင်ရေးအဆင်ပြေစေရေးအတွက် စီမံဆောင်ရွက်သွားရန်။ အားကစားသမားများ၏ ဘဝနောင်ရေး အဆင်ပြေစေရေးအတွက် စီမံဆောင်ရွက် သွားရန်။

 

အားကစားနှင့်ကာယပညာသိပ္ပံ၏ ဦးတည်ချက်(၅)ရပ်

(၁) တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုအတွက် အားကစားနှင့်ကာယပညာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်စေရန်။
(၂) “မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့” ဟူသောနိုင်ငံတော်၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန်။
(၃) သွေးသစ်လောင်းနိုင်ပြီး ထူးချွန်သောလူငယ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာရေးအတွက် အထောက်အကူဖြစ်စေရန်။
(၄) မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် နည်းစနစ်မှူးများ၊ နည်းပြဆရာကောင်းများ အလုံအလောက်မွေးထုတ်ပေးရန်။
(၅) အားကစားနှင့်ကာယပညာလုပ်ငန်းတွင် အစဉ်အမြဲတိုးတက်မှုရှိစေရန်အတွက် အားကစားနှင့်ကာယပညာနှင့်ပါတ်သက်သော သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

 

အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)၏ တာဝန်ကြီး(၅)ရပ်

(၁) နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီလိုအပ်သော အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားခြင်း။
(၂) အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် အားကစားအရာရှိသင်တန်၊ အားကစားနည်းပြသင်တန်း၊ အားကစားနည်းစနစ်မှူးသင်တန်းများကို ဖွင့်လှစ်သင်ကြားခြင်း။
(၃) အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ကူညီမှုဖြင့် အခါအားလျော်စွာဖွင့်လှစ်မည့် အားကစားခေါင်းဆောင်သင်တန်း၊ အားကစားနည်းပြ သင်တန်းများအတွက် စီစဉ်ဆောင်ရွက်ခြင်း။
(၄) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် နည်းပြဆရာများ၊ အားကစားခေါင်းဆောင်များမွေးထုတ်ပေးခြင်း။
(၅) မြန်မာ့လက်ရွေးစင် အားကစားသမားများနေရာတွင် သွေးသစ်လောင်းနိုင်ရန် လူငယ် အားကစားသမားများစဉ်ဆက်မပြတ် ပေါ်ထွက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန်ဆောင်ရွက်ခြင်း။

 

ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ

(၁) လူထုအားကစားနှင့် ပညာပေးဌာနခွဲ
(၂) MRTV Channel
(၃) မန္တလေးသတင်းစာ
(၄) ရတနာပုံသတင်းစာ
(၅) မြန်မာ့အလင်း

 

 

     
  ရုံးလိပ်စာ ၆၈လမ်းနှင့် ၇၃လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ - ၈၀၉၃၆
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ
   Social Link
https://www.facebook.com/ispe.mandalay.1

 

 

Eservices   Topics
   
News