ဗဟိုအမျိုးသမီးဆေးရုံကြီး
Category: ကျန်းမာရေးဝန်ကြီးဌာန
ရည်မှန်းချက်(၂)ရပ်
(၁) | လူတိုင်း သက်တမ်းစေ့အသက်ရှည်စွာ နေနိုင်ရေး။ |
(၂) | လူတိုင်း ရောဂါဘယကင်းရှင်းရေး၊ |
နည်းနာ(၃)ရပ်
လူနာများကို
(၁) | ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပေးခြင်း။ |
(၂) | စေတနာနှင့် ပြုစုကုသပေးပါ။ |
ဆောင်ပုဒ်
(၁) | နွေးထွေးစွာ ကြိုဆိုပါ။ |
(၂) | ရောဂါကာကွယ်တားဆီးခြင်း။ |
(၃) | ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာ ကုသပေးခြင်း။ |
ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)၏ ကိုယ်၀န်စတင်လာပြသည့်နေ့မှစ၍ လုပ်ဆောင်ချက်များ
(၁) | ကိုယ်၀န်ဆောင်မိခင်တစ်ယောက်သည် ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ကိုယ်၀န်လာရောက်အပ်လျှင် ပြင်ပလူနာဌာနတွင် စာရင်းပေးရမည်။ စာရင်းပေးပြီး ကိုယ်၀န်ဆောင်စာအုပ် လုပ်ပေးပါမည်။ စာအုပ်လုပ် ပေးပြီးမိခင်နို့စနစ်တကျတိုက်ကျွေးရေး ကိုယ်၀န်ဆောင်အတွက် လိုအပ်သော ကျန်းမာရေးပညာ ပေးပါသည်။ |
(၂) | ကိုယ်၀န်ဆောင်မိခင်တိုင်းကို မိမိသဘောဆန္ဒအလျှောက် HIV ပိုးရှိ/ မရှိ သွေးဖောက်စစ်ဆေးမှုခံယူနိုင်ရန် အတွက် ဆွေးနွေးပါသည်။ |
(၃) | ဆွေးနွေးမှုခံယူပြီး ကိုယ်၀န်ဆောင်မိခင်တိုင်း ဆီးစစ်၊ ကာလသားရောဂါပိုး၊ HIV ပိုးရှိ/ မရှိ သွေးဖောက် စစ်ဆေးမှုခံယူပါသည်။ မေးခိုင်ကာကွယ်ဆေးထိုးပေးပါသည်။ |
(၄) | သွေးဖောက်ခံယူပြီး ကိုယ်၀န်ဆောင်မိခင်များ သွေးပေါင်ချိန်ပါသည်။ |
(၅) | သွေးပေါင်ချိန်ပြီးသော ကိုယ်၀န်ဆောင်မိခင်များကို တာ၀န်ခံဆရာ၀န်များမှ ကိုယ်၀န်စမ်းသပ်ပြီး လိုအပ်သော စစ်ဆေးမှုများ၊ တီဗွီဓါတ်မှန်များရိုက် စစ်ဆေးမှုပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးပါသည်။ |
(၆) | HIV ပိုး တွေ့ရှိသော ကိုယ်၀န်ဆောင်မိခင်များကို ပိုးထိန်းဆေး (ART) ဆေးတိုက်ကျွေးပါသည်။ |
ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)တွင် အရေးပေါ်ကိုယ်၀န်ဆောင်မိခင်ဆေးရုံတက်ရောက်မီးဖွားခြင်း အတွက် လုပ်ဆောင်ချက်များ
(၁) | အရေးပေါ်ကိုယ်၀န်ဆောင်မိခင်သည် မီးဖွားရန်အတွက် အရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ စတင်၀င်ရောက် ၍ လူနာတက်ရောက်မှတ်တမ်းစာအုပ်တွင် အမည်၊ နေရပ်လိပ်စာများကို ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။ |
(၂) | ဆရာ၀န်စမ်းသပ်မှုနှင့်အတူ လိုအပ်သည့် ကုသမှုများ ပြုလုပ်ရန်အတွက် Inverstigatiol (သွေးနမူနာ) ဖောက်ပြီး ဓါတ်ခွဲဌာနသို့ ပေးပို့ရပါသည်။ |
(၃) | တချိန်တည်းမှာပင် ဆရာ၀န်မှ လူနာအား လိုအပ်သလို စီစဉ်၍ မွေးလူနာအား မီးဖွားဆောင်သို့ စေလွှတ် ပါသည်။ |
(၄) | အရေးပေါ်ခွဲမွေးရန် လိုအပ်လာပါက ခွဲစိတ်ခန်းသို့ အမြန်ဆုံး operation list တင်၍ခွဲနိုင်ရန် အမြန်စီစဉ် ဆောင်ရွက်ပါသည်။ |
(၅) | မီးဖွားပြီးလူနာများအား သက်ဆိုင်ရာကုသဆောင်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးပါသည်။ မွေးကင်း စကလေးများအား (မွေးကင်းစဆောင်)သို့ပို့ဆောင်၍ တာ၀န်ခံမွေးကင်းစဆရာ၀န်ကြီးမှ ကြည့်ရှုစမ်းသပ်၍ ကုသရန်လိုအပ်သော ကလေးများအား အသေးစိတ်ကုသမှုများ ပေးပါသည်။ |
(၆) | မွေးရန် အချိန်လိုအပ်သည့် လူနာအား ကုသဆောင်များသို့ ပို့ဆောင်အနားယူစေပါသည်။ |
ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် မီးယပ်ရောဂါလူနာ ဆေးရုံတက်ရောက်လာပါက လုပ်ဆောင် ချက်များ
(၁) | မီးယပ်ရောဂါရှိသော လူနာသည် ဆေးကုသရန်အတွက် အရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ စတင်၀င်ရောက် ၍ လူနာတက်ရောက်မှတ်တမ်းစာအုပ်တွင် အမည်၊ နေရပ်လိပ်စာများကို ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။ |
(၂) | ဆရာ၀န်စမ်းသပ်မှုနှင့်အတူ လိုအပ်သည့် ကုသမှုများ ပြုလုပ်ရန်အတွက် Inverstigatiol (သွေးနမူနာ) ဖောက်ပြီး ဓါတ်ခွဲဌာနသို့ ပေးပို့ရပါသည်။ |
(၃) | တချိန်တည်းမှာပင် ဆရာ၀န်မှ လူနာအား လိုအပ်သလို စီစဉ်၍ မီးယပ်ရောဂါကုသဆောင်သို့ စေလွှတ် ပါသည်။ |
(၄) | ကုသဆောင်ရှိ ဆရာ၀န်ကြီးများမှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သလို ဆေးကုသမှုများ ဆောင်ရွက်ပေးပါသည်။ |
ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် ပဋိသန္ဓေတားဆီးရန်အတွက် လုပ်ဆောင်ချက်များ
(၁) | ပဋိသန္ဓေတားဆီးရန်အတွက် လာရောက်သော လူနာသည် ပြင်ပလူနာဌာနတွင် ပဋိသန္ဓေတားဆီးရေး ပုံစံ အား အခမဲ့ယူဆောင်၍ ပုံစံတွင် လိုအပ်သည့် အချက်အလက်များနှင့် ဆရာ၀န်၏ ဆေးထောက်ခံစာများအား ဖြည့်စွက်ရပါသည်။ |
(၂) | ၄င်းအချက်အလက်များ ပြည့်စုံပါက စီမံရေးရာဌာနသို့ လာရောက်လျှောက်လွှာတင်ရပါသည်။ |
(၃) | လစဉ်၊ လကုန်ရက်တွင် ပဋိသန္ဓေတားဆီးရေးလျှောက်လွှာ ပိတ်ပါသည်။ |
(၄) | နောက်လ(၁၅)ရက်ခန့်တွင် ပဋိသန္ဓေတားဆီးရေးဘုတ်အဖွဲ့မှ စီစစ်၍ သားကြောဖြတ်ရန် လိုအပ်သော လူနာများအား သားကြောဖြတ်ခွင့်ပြုပါသည်။ |
(၅) | ၄င်းလျှောက်လွှာများအား လျှောက်လွှာတင်ထားသူများမှ လာရောက်ကြည့်ရှု၍ ဆေးရုံသို့ တက်ရောက် ရာတွင် ၄င်းလျှောက်လွှာအား ယူဆောင်လာရပါမည်။ |
(၆) |
အရေးပေါ်တက်ရောက်လာသော လူနာများကိုလည်း ဘုတ်အဖွဲ့မှ အရေးပေါ်စီစစ်၍ ပြုလုပ်ပေးပါသည်။ |
ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် ဖွားစာရင်းအတွက် လုပ်ဆောင်ချက်များ
(၁) | ဆေးရုံဆင်းစာရွက်ဖြင့် ဖွားစာရင်းဌာနမှ ဖွားစာရင်းထုတ်ယူရန်အတွက် ရက်ချိန်းသတ်မှတ်ပေးပါသည်။ |
ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် မီးဖွားခွင့်နှင့် ဆေးခွင့်အတွက် လုပ်ဆောင်ချက်များ
(၁) | မီးဖွားခွင့်ယူလိုသော ၀န်ထမ်းသည် မိမိဌာနအကြီးအကဲမှတဆင့် ဆေးရုံအုပ်ကြီး ဗဟိုအမျိုးသမီး ဆေးရုံကြီး (မန္တလေး)သို့ လိပ်မူ၍ စီမံရုံးခန်းသို့ လာရောက်၍ မီးဖွားခွင့်ပုံစံအား အခမဲ့လာရောက် ထုတ်ယူနိုင် ပါသည်။ |
(၂) | ၄င်းပုံစံအား အရေးပေါ်ပြင်ပလူနာဌာနတွင် ဆရာ၀န်ထောက်ခံချက် သွားရောက် ယူဆောင်ရပါမည်။ |
(၃) | ဖြည့်စွက်ပြီး ပုံစံအား စီမံရုံးခန်းသို့ လာရောက် လျှောက်လွှာတင်ပြီး ဆေးရုံအုပ်ကြီးမှ စီစစ်၍ မီးဖွားခွင့် သတ်မှတ်ပေးပါသည်။ |
(၄) | ဆေးခွင့်ယူသော ၀န်ထမ်းမှာလည်း ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)သို့ တက်ရောက်ဆေးကုသ မှသာလျှင် ဆေးခွင့်သတ်မှတ်ပေးပါသည်။ |
ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)၏ ပြင်ပလူနာကြည့်ရှုသည့် အချိန်ဇယား ၂၀၁၉
နေ့ | နံနက် ၈:၀၀-၁၂:၀၀ နာရီထိ | နေ့လည် ၂:၀၀-၄:၀၀ နာရီထိ |
တနင်္လာ |
- သားဖွားမီးယပ်ရုံ (၁) - ကိုယ်၀န်ဆောင်မိခင်များနှင့်မီးယပ်ရောဂါလူနာ များအားကြည့်ရှုစောင့်ရှောက်ခြင်း - အရေးကြီးကိုယ်ဝန်ဆောင်မိခင်များအားကြည့်ရှုစောင့်ရှောက်ခြင်း။ |
- ခုခံအားကျဆင်းမှုကူးစက်ရောဂါ(HIV)ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်များအားကြည့်ရှုစောင့်ရှောက် ခြင်း။
|
အင်္ဂါ |
- သားဖွားမီးယပ်ရုံ (၂) |
- သွေးဆုံးပြီးအမျိုးသမီးများအား ကြည့်ရှုစောင့်ရှောက်ခြင်း။ |
ဗုဒ္ဓဟူး |
-သားဖွားမီးယပ်ရုံ (၃)
|
- မွေးဖွားပြီးမိခင်များအား ကြည့်ရှုစစ်ဆေးခြင်းနှင့် သားဆက်ခြားရေးပညာပေးခြင်း။ - မိခင်နို.တိုက်ကျွေးခြင်းများအတွက်အကြံပေး ဆောင်ရွက်ခြင်း။ |
ကြာသပတေး |
- သားဖွားမီးယပ်ရုံ (၁) |
- သွေးဆုံးပြီးအမျိုးသမီးများအား ကြည့်ရှုစောင့်ရှောက်ခြင်း။ |
သောကြာ |
- သားဖွားမီးယပ်ရုံ (၂)
|
- ရင်သားကင်ဆာရောဂါစောစီးစွာရှာဖွေစစ် ဆေးခြင်း။
|
လိပ်စာ | လမ်း၃၀နှင့် ၃၁လမ်း၊ ၆၈လမ်းနှင့် လမ်း၇၀ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂ ၄၀၆၆၆၉၁၊ ၀၂ ၄၀၆၆၆၉၂၊ ၀၂ ၄၀၆၆၆၉၃ |
|
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | ||
Social Link |
Eservices | Topics | |
|
||
News | ||