h10cover

ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီး

Category: ကျန်းမာရေးဝန်ကြီးဌာန

     

 ရည်ရွယ်ချက်

(၁) လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊
(၂) လူတိုင်း ရောဂါဘယကင်းရှင်းရေး၊
   

 

အဓိကလုပ်ငန်းတာဝန်များ

(၁) မန္တလေးမြို့၊ ခုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံကြီးသည် ဗဟိုအဆင့်ဆေးရုံကြီး ဖြစ်သည့်အတွက် ရောဂါဖြစ်ပွား၍ ဆေးရုံသို့ရောက်ရှိလာသော လူနာများကို Early Diagnosis & Prompt Treatment လျှင်မြန်၍ ထိရောက်သော ကုသမှုများ ပေးခြင်းဖြစ်ပါသည်။ ခေတ်မီရောဂါရှာဖွေရေး စက်ကိရိယာများ၊ ဓါတ်ခွဲစစ်ဆေးခြင်း ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခြင်းဖြင့် အထောက်အကူ ပြုပေးပါသည်။
(၂) သင်ကြားရေးဆေးရုံကြီးဖြစ်သည့်အတွက် ဆေးတက္ကသိုလ်/ သွားဆေးတက္ကသိုလ်/ သူနာပြုတက္ကသိုလ်/ ဆေးဝါးတက္ကသိုလ်/ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာဆရာဝန်ကြီးများမှ စာတွေ့၊ လက်တွေ့ သင်ကြားခြင်းကို ဆောင်ရွက်လျှက်ရှိပါသည်။
(၃) ပြည်သူ့ကျန်းမာရေးလုပ်ငန်း စီမံချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်လည်း တီဘီရောဂါလူနာများအတွက် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံ ကိန်းနှင့် ပူးပေါင်း၍ Public-Public Mixed DOTS (PPM DOTS Corner) ကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ Unicef အထောက်အပံ့ဖြင့် မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်ခြင်းမှ ကာကွယ်ရေးအတွက် PMCT စီမံချက်လုပ်ငန်းဆောင်ရွက်ခြင်း၊ တစ်နှစ်အောက်ကလေးများအား ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန် ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးခြင်းတို့အတွက် EPI စီမံချက် လုပ်ငန်း ဆောင်ရွက်ခြင်း၊ Union/NAP နှင့်ပူးပေါင်း၍ HIV ပိုးတွေ့လူနာများအား ART တိုက်ကျွေးခြင်းလုပ်ငန်း Integrated HIV/AIDS (IHC Programme)ကို ဆောင်ရွက်ခြင်း၊ မန္တလေးမြို့ စိတ်ကျန်းမာရေးဆေးရုံနှင့် ပူးပေါင်း၍ မူးယစ်ဆေးစွဲ လူနာများကို Methadone ဆေးရည်တိုက်ကျွေးခြင်းတို့ကိုလည်း ဆောင်ရွက်လျှက် ရှိပါသည်။
 

ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
ဆေးရုံတက်ရောက်ကုသသော လူနာများ၏ လူမှုရေး၊ စီးပွားရေး၊ အခက်အခဲ ပြဿနာများအတွက် ဆေးလူမှုဆက်ဆံရေးဌာနမှ ဆေးလူမှုဆက်ဆံရေးအရာရှိ (၁)ဦးနှင့် ဆေးလူမှုဆက်ဆံရေးမှူး (၂)ဦးတို့မှ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

 


 

     
  ရုံးလိပ်စာ ၄၆x၄၈ လမ်း၊ ၆၀x၆၂ လမ်းအတွင်း၊ သိပ္ပံလမ်းတောင်ဘက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၈၁၀၃၉၊ ၀၂ ၈၀၃၄၀၊ ၀၂ ၈၀၉၅၉
  အီးမေးလ်လိပ်စာ 3This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ
   Social Link

 

Eservices   Topics
     
News