မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်မျက်တူးဖော်ရေးဌာန၊ မန္တလေးမြို့
Category: သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ ရည်မှန်းချက်များ
(၁) | မြန်မာနိုင်ငံအတွင်း၌ ကျောက်စိမ်း၊ ကျောက်မျက်အချောထည်လုပ်ငန်းနှင့် ကျောက်မျက်ရတနာစျေးကွက် ဖြစ်ပေါ်လာစေရန်။ |
(၂) | ပုဂ္ဂလိကပိုင်ကဏ္ဍမြင့်မားရေးနှင့် တိုင်းရင်းသား ကျောက်မျက်ရတနာထုတ်လုပ်သူများ ထွန်းကား တိုးပွားလာစေရန်။ |
(၃) | နိုင်ငံတော်အတွက် နိုင်ငံခြားသုံးငွေနှင့် ပြည်တွင်းသုံးငွေများ တိုးတက်ရှာဖွေရန်။ |
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ လုပ်ငန်းတာဝန်များ
(၁) | မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ နှင့်အညီ ကျောက်မျက်ရတနာပြပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်နှင့်အကျိုးတူ တူးဖော်ရရှိသော ကျောက်မျက်နှင့် ကျောက်စိမ်းများ၊ ပုဂ္ဂလိကပိုင်ကျောက်မျက်နှင့်ကျောက်စိမ်းများကို ခင်းကျင်းပြသ၍ နိုင်ငံခြားငွေဖြင့် ရောင်းချမှုအပေါ် ရတနာခွန်များရရှိရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ |
(၂) | ကျောက်မျက်ရတနာပြတိုက်များကို နေပြည်တော်၊ ရန်ကုန်နှင့် ဖားကန့် ( တန် - ၃၀၀၀ ) တို့တွင် ဖွင့်လှစ်ပြီး နိုင်ငံတော်အဆင့် ဧည့်သည်တော်ကြီးများ၊ အများပြည်သူနှင့် နိုင်ငံခြားသားများကို ပြသခြင်း၊ စီမံထိန်းသိမ်ကွပ်ကဲခြင်း။ |
(၃) | နေပြည်တော် ( ပြတိုက် ) နှင့် ရန်ကုန် ( ပြတိုက် ) အဆောက်အဦတို့တွင် ရတနာစျေးများဖွင့်လှစ်၍ ရတနာဆိုင်များငှားရမ်းခြင်းနှင့် ပုဂ္ဂလိက ရတနာဆိုင်များကို ကြီးကြပ်ခြင်း။ |
(၄) | အထူးရွှေဆိုင်ကြီးများဖွင့်လှစ်၍ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်လုပ်သော ရွှေဒင်္ဂါးများ၊ ရွှေစင်ချောင်းများ ရောင်းချခြင်း။ |
(၅) | မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ နိုင်ငံသားကျောက်မျက်ရတနာကုမ္ပဏီများကို ရတနာမြေများ အလိုက် ကျောက်မျက်နှင့်ကျောက်စိမ်းတူးဖော်ခွင့်ပြုမိန့်များ စိစစ်ချထားပေးခြင်းနှင့် အဆိုပြုငွေများ နိုင်ငံတော်သို့ ပေးသွင်းခြင်း။ |
(၆) | သက်တမ်းကုန် သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ်လုပ်ကွက်များ၊ သတ်မှတ်လုပ်ကွက် ( အသစ် ) များ၊ ဖော်ထုတ်လုပ်ကွက် ( အသစ် ) များနှင့် အကျိုးတူလုပ်ကွက် ( အသစ် ) ကွင်းဆင်းစစ်ဆေးချက်များကို မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီသို့ တင်ပြ၍ လုပ်ကိုင်ခွင့်များ စိစစ်ချထားပေးခြင်း။ |
(၇) | ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားကျောက်မျက်ကုမ္ပဏီများ အကျိုးတူ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ရောင်းချခြင်းများကို ဆောင်ရွက်ခြင်း။ |
(၈) | ရတနာမြေအသီးသီးတွင် ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများကြောင့် သဘာ၀ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး အလေးထား ဆောင်ရွက်ခြင်း။ |
(၉) | မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ နိုင်ငံသားပုဂ္ဂလိက ရတနာပစ္စည်းအရောင်းဆိုင်များကို လိုင်စင်များချထားပေးခြင်းနှင့် နိုင်ငံခြားငွေဖြင့် ရောင်းချမှုအပေါ် ရတနာခွန်များကောက်ခံခြင်း။ |
(၁၀) | နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသည့် ကျောက်မျက်ရတနာပစ္စည်းများကို စိစစ်တန်ဖိုးသတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာဌာနများမှ အပ်နှံသော ကျောက်မျက်ရတနာပစ္စည်းများကို လွှဲပြောင်းလက်ခံထိန်းသိမ်ခြင်း။ |
(၁၁) | ပြည်ပနိုင်ငံများတွင် ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲနှင့် ကုန်စည်ပြပွဲများသို့ သွားရောက်ပြသ ရောင်းချမည့် ပုဂ္ဂလိကရတနာအရောင်းဆိုင်များ၏ ရတနာပစ္စည်းများကို စိစစ်တန်ဖိုးသတ်မှတ်ခြင်း၊ ရောင်းချမှုအပေါ် ရတနာခွန်များရရှိရေး ကြီးကြပ်ဆောင်ရွက်ခြင်း။ |
ပြည်သူနှင့်ဆက်သွယ်ပေးရသော လုပ်ငန်းတာဝန်များ
(၁) | ကျောက်မျက်ရတနာပြပွဲမှ ပြည်ပရတနာကုန်သည်များဝယ်ယူပြီး တဖက်နိုင်ငံသို့ တင်ပို့သောကျောက်စိမ်း ရိုင်းများကို မန္တလေးမြို့သို့ ဖြတ်သန်းသယ်ဆောင်ရာတွင် အဆင်ပြေချောမောစေရေးအတွက် အကောက်ခွန် ဦးစီးဌာနနှင့်ညှိနှိုင်း၍ စစ်ဆေးကြပ်မတ်ခြင်း။ |
(၂) | မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်ရတနာလုပ်ငန်းဆောင်ရွက်နေသူ များ၏ ကျောက်မျက်ရတနာဆိုင်လိုင်စင်နှင့် ကျောက်မျက်အချောထည်လိုင်စင်များ လျှောက်ထားလာပါက အဖွဲ့ဖြင့်စစ်ဆေးခြင်းနှင့် ရုံးချုပ်သို့ စစ်ဆေးချက်အစီရင်ခံစာ တင်ပြဆောင်ရွက်ခြင်း။ |
(၃) | မန္တလေးမြို့၊ ကျောက်မျက်အချောထည်များပူးပေါင်းစစ်ဆေးရေးစခန်း (One Stop Service Center) လုပ်ငန်းများ အချိန်နှင့်တပြေးညီ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြပ်မတ်ခြင်း။ |
(၄) | နှစ်စဉ် မိုးကုတ်မြို့ ရေနီချောင်းရှင်းလင်းခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံများ၏အကြံပြုချက် ရယူပြီး ညှိနှိုင်းဆောင်ရွက်ပေးခြင်း။ |
ရုံးလိပ်စာ |
၃၅လမ်းနှင့်၆၄လမ်းထောင့်၊ ထရံကာရပ်ကွက်၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂ ၃၆၁၇၇ |
|
ဖက်(စ်)ဖုန်း | ||
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | www.mining.gov.mm |
Eservices | Topics | |
|
||
News | ||