အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
Category: ပြည်ထဲရေးဝန်ကြီးဌာန
ပြည်သူလူထုအတွက် အဓိကဆောင်ရွက်သည့် ကိစ္စရပ်များ
၁။ | အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ ၏ အကျိုးစီးပွားကိုအစဉ်ရှေးရှုပြီး မိမိအားအပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ စီးပွားရေးဆိုင်ရာပြစ်မှုများ၊ ဝန်ထမ်းမသမာမှုများ၊ ငွေကြေးခဝါချမှုများကို စုံစမ်းဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိပါသည်။ |
၂။ | အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် အောက်ပါရည်ရွယ်ချက်များဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်- |
(က) | ဖြစ်ရပ်မှန် ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်၍ တာဝန်ရှိသူများအား ပြစ်မှုကြောင်း အရလည်းကောင်း၊ ဌာနဆိုင်ရာအရလည်းကောင်းအရေးယူနိုင်ရေး |
(ခ) | ပြစ်မှုကျူးလွန်ရာ၌ အကျုံးဝင်သည့် ငွေကြေး၊ ပစ္စည်းများသိမ်းဆည်းနိုင်ခြင်းဖြင့် ဆုံးရှုံးသွားသောပြည်သူ့ဘဏ္ဍာများပြန်လည်ရရှိရေး |
(ဂ) | ဖြစ်ရပ်သည် မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်၊ မည်သူ့တွင် တာဝန်ရှိသည်၊ မည်သို့ ပြုပြင်သင့်သည်တို့ကိုပါ ဖော်ထုတ်သုံးသပ်၍ နောင်အလားတူဖြစ်ရပ်မျိုး မပေါ်ပေါက်စေရန် စီမံခန့်ခွဲရေးအပိုင်းမှ ကြိုတင်တားဆီးကာကွယ်နိုင်ရေး |
၃။ | အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် အောက်ပါရည်မှန်းချက် တာဝန်(၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည်- |
(က) | စီးပွားရေးဆိုင်ရာပြစ်မှုများစုံစမ်းဖော်ထုတ်အရေးယူရေး |
(ခ) | ဝန်ထမ်းမသမာမှုများစုံစမ်းဖော်ထုတ်အရေးယူရေး |
(ဂ) | နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများစုဆောင်တင်ပြရေး |
(ဃ) | ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး |
၄။ | အဆိုပါ ဦးစီးဌာနရည်မှန်းချက်တာဝန်များကိုဆောင်ရွက်ရာတွင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် “ အုပ်ချုပ်ရေး အာဏာသက်ရောက်ခြင်းဖြင့် တရားဥပဒေစိုးမိုးမှုရရှိကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုကိုဖြစ်ထွန်းစေသော နိုင်ငံတော်လုံခြုံရေးကို တည်ဆောက်ခြင်း” ဟူသော ပြည်ထဲရေးဝန်ကြီးဌာန၏ အမျိုးသားလုံခြုံရေးမူဝါဒကိုအခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ |
ရုံးလိပ်စာ |
|
|
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂-၄၀၃၉၂၀၅ |
|
ဖက်(စ်)ဖုန်း | ||
အီးမေးလ်လိပ်စာ | ||
website လိပ်စာ |
Eservices | Topics | |
News | ||
|