ဘူမိဗေဒလေ့လာရေး နှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန
Category: သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန
ရည်ရွယ်ချက် (၃)ရပ်
(၁) | ဘူမိဗေဒမြေပုံရေးဆွဲရေးလုပ်ငန်း၊ |
(၂) | ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း၊ |
(၃) | သတ္တုသတင်းပေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်း၊ |
ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁) | ကွင်းဆင်းအခြေစိုက်စခန်း (မန္တလေး)သည် ရုံးချုပ်၏ ညွှန်ကြားချက်အရ မန္တလေးတိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းတို့တွင် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးတာဝန်ဖြင့် ကွင်းဆင်းသည့်ဝန်ထမ်းများအတွက် လုပ်ငန်းသုံး ငွေကြေးကိစ္စများ ရှင်းလင်းဆောင်ရွက်ပေးခြင်း၊ ဓါတ်သတ္တုစမ်းသပ်တိုင်းတာရေးလုပ်ငန်းအတွက် လိုအပ်သော လွန်တူးစက်နှင့်ဆက်စပ်ပစ္စည်းများ၊ စက်သုံးဆီများဖြည့်ဆည်းပေးခြင်း၊ ကွင်းဆင်းအဖွဲ့မှ ပြန်လည်လက်ခံရရှိသော လွန်စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ ရုံးချုပ်၏ ညွှန်ကြားချက်အရ ကွင်းဆင်းအဖွဲ့များမှ ရယူခဲ့သော ကျောက်နှင့် သတ္တုနမူနာများ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ ကွင်းဆင်းဝန်ထမ်းများ သွားလာတည်းခို နေထိုင်ရေးတို့အား အဆင်ပြေစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးရသော ကွင်းဆင်းအခြေစိုက်စခန်းတစ်ခုဖြစ်ပါသည်။ |
(၂) | ကွင်းဆင်းအခြေစိုက်စခန်း (မန္တလေး)သည် သီးခြားဘတ်ဂျက်ရန်ပုံငွေ ခွဲဝေထားခြင်းမရှိပါ။ လိုအပ်သော အသုံးစရိတ်ရန်ပုံငွေအား ပြည်ထောင်စုဘတ်ဂျက်မှ ရုံးချုပ်သို့ တင်ပြတောင်းခံ၍ ရုံးချုပ်၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြု ဆောင်ရွက်ရပါသည်။ |
(၃) | ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ အခြေစိုက်စခန်းများသို့ လစဉ်ငွေစာရင်း ဝန်ထမ်းတစ်ဦးစီ သွားရောက်၍ အဆိုပါဒေသများတွင် ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းများနှင့် ကွင်းဆင်း တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအတွက် ငွေကြေးသုံးစွဲမှုအား ရှင်းလင်းဆောင်ရွက်ပေးရပါသည်။ |
(၄) | နေပြည်တော်ရုံးချုပ်၏ ညွှန်ကြားချက်အရ ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်းခိုသွားလာ အသုံးပြုနိုင်ရန် သပိတ်ကျင်းမြို့နယ်၊ (၅)မိုင်ဒေသတွင် ကွင်းစခန်းတစ်ခု၊ မိုးမိတ်မြို့နယ်၊ မိုးမိတ်အာသံရပ်နှင့် မိုးဟောက်ဘော်ဒေရပ်ကွက်တို့တွင် ကွင်းစခန်းတို့အား ထားရှိပြီး ကွင်းဆင်းအခြေစိုက်စခန်း (မန္တလေး)မှ ကြီးကြပ်တာဝန် ယူ ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရပါသည်။ |
ရုံးလိပ်စာ |
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ကွင်းဆင်းအခြေစိုက်စခန်း (မန္တလေး) မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ကျွဲဆည်ကန် ရန်ကုန်-မန္တလေး လမ်းမကြီး အနောက်ဖက်ခြမ်း။ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂ ၆၀၃၃၂ (ညွှန်ကြားရေးမှူးရုံးခန်း) |
|
ဖက်(စ်)ဖုန်း | ၀၂ ၇၀၄၆၇ | |
အီးမေးလ်လိပ်စာ | ||
website လိပ်စာ | www.mining.gov.mm |
Eservices | Topics | |
News | ||