d5cover

လမ်းဦးစီးဌာန

Category: ဆောက်လုပ်ရေးဝန်ကြီးဌာန

 

 မူဝါဒ

(၁) နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲလာသည့် နိုင်ငံရေးစနစ်နှင့်အညီ နိုင်ငံအတွင်းရှိလမ်းများကို နိုင်ငံတကာအဆင့်မီ လမ်းမကြီးများ အဖြစ် ပေါ်ပေါက်လာစေရန်
(၂) မြန်မာနိုင်ငံနှင့် ဆက်စပ်လျှက်ရှိသည့် နိုင်ငံတကာဆက်သွယ်မှုလမ်းကြောင်းများအား ၂၀၃၀ ခုနှစ် နှစ်ရှည်စီမံကိန်း ပြီးဆုံးချိန်တွင် တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ (၅၀၀၁)အထက် ကျော်သည့် လမ်းများအား (၂၂)မီတာ အကျယ် ကတ္တရာ ကွန်ကရစ်လမ်း၊ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ (၂၀၀၁ မှ ၅၀၀၀) အတွင်းရှိ လမ်းများအား (၁၄)မီတာအကျယ် ကတ္တရာ ကွန်ကရစ်လမ်း၊ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ (၅၀၁ မှ ၂၀၀၀) အတွင်းရှိ လမ်းများအား (၇)မီတာ အကျယ် ကတ္တရာ ကွန်ကရစ်လမ်းဆောင်ရွက်ရန်၊
(၃) လမ်းအဆင့်များကို တိုးတက်အောင် ရည်မှန်းချက်ထား ဆောင်ရွက်မည်ဖြစ်ပြီး နှစ်စဉ် (၂%) တိုးတက်အောင် ဆောင်ရွက်ရန်၊
(၄) စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်၊
(၅) ဆောက်လုပ်ရေး၀န်ကြီးဌာနတွင် တာ၀န်ထမ်းဆောင်လျှက်ရှိသော အင်ဂျင်နီယာများသည် ကမ္ဘာအဆင့်မီ နည်းပညာများ ဖိတ်ခေါ်၍ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်၊
(၆) ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် P.P.P (Public Private Partnership) အစီအစဉ်အရ နိုင်ငံသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်၊
(၇) နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ F.D.I (Foreign Direct Investment) ဖိတ်ခေါ်၍ ပြည်တွင်းတွင် လမ်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(၈) ဆင်းရဲနွမ်းပါးမှုလျော့ကျရေးရည်မှန်းချက်ကို အထောက်အကူပြုစေရန်အတွက် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေ ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာနိုင်ရန် လမ်းများအဆင့်မြှင့်တင်ခြင်း ဆောင်ရွက် ရန်၊

 

 ရည်မှန်းချက်များ

(၁) လုပ်ငန်းဆောင်ရွက်မှုနှင့် ပစ္စည်း၀ယ်ယူမှုများကို အိတ်ဖွင့်တင်ဒါစနစ် (Open Tender) ဖြင့် ဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှု ကင်းရှင်းစေရန် ပညာပေးမှု၊ အရေးယူမှုများကို အလေးထားဆောင်ရွက်သွားရန်၊
(၂) ပညာရပ်‌ဆိုင်ရာ ဆွေးနွေးပွဲများ၊ ပြည်တွင်း၊ပြည်ပပညာ သင်ကြားရေးအစီအစဉ်များဖြင့် အရည်အသွေးမြှင့်တင်ရန် နှင့် သတင်းအချက်အလက်နှင့် နည်းပညာရပ်များ (IT) ဖြင့် ဆက်စပ်ဆောင်ရွက်နိုင်ရန်၊
(၃) ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် P.P.P (Public Private Partnership) အစီအစဉ်အရ နိုင်ငံသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် လွှဲပြောင်းပေးခြင်း (B.O.T) (Build, Operate and Transfer)စနစ်ဖြင့် ပုဂ္ဂလိကပိုင်အခန်းဏ္ဍကို မြှင့်တင်နိုင်ရန် နည်းပညာပိုင်းပံ့ပိုးခြင်း၊ အတတ်ပညာပိုင်း အကူအညီပေးခြင်း၊ ရပိုင်ခွင့်များနှင့် လုပ်ပိုင်ခွင့်များ ကာကွယ်စောင့်ရှောက် ပေးသွားရန်၊
(၄) အာရှဖွံ့ဖြိုးရေးဘဏ် A.D.B (Asia Development Bank) ၊ ကမ္ဘာ့ဘဏ် (World Bank) ချေးငွေများဖြင့် လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့ (Grant Aid) ၊ ချေးငွေ (Loan) များ ရရှိအောင် ဆောင်ရွက်ရန်၊
(၅) ပို့ဆောင်ရေး၀န်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KOICA အဖွဲ့အကူအညီဖြင့် ရေးဆွဲထားသည့် Master Plan for Arterial Road Network Development in Myanmar တို့ကိုအ‌ခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသည့် နှစ်ရှည်ပင်မစီမံကိန်း (Master Plan) အရ အဓိကပင်မသွေးကြော လမ်းမကြီးကွန်ယက် (Main Arterial Road Network) နှင့် အမြန်လမ်းမကြီးကွန်ယက် (Expressway Network) တို့တွင် ပါ၀င်သောလမ်းများ၊ နိုင်ငံတကာနှင့် ဆက်သွယ်သည့် ပြည်ထောင်စုလမ်းမကြီးများအား (၇)မီတာ အကျယ် ကတ္တရာကွန်ကရစ် (Asphalt Concrete) လမ်းအဆင့်ရောက်ရှိရန်၊
(၆) ဆောင်ရွက်ဆဲ ကျန်ပြည်ထောင်စုလမ်းများအား (၇)မီတာအကျယ် ကတ္တရာလမ်းအဆင့်ရောက်ရှိရန်၊

 

 လုပ်ငန်းစဉ်များ

(၁) နှစ်ရှည်ပင်မစီမံကိန်းတွင် ပါ၀င်သော နိုင်ငံတကာနှင့် ဆက်သွယ်သည့်လမ်းများ၊ အဓိကပြည်ထောင်စုလမ်းများအား မြေလမ်း/အမာခံလမ်း/ကျောက်လမ်း (၃.၆၆)မီတာ၊ (၅.၅)မီတာအကျယ် ကတ္တရာလမ်းမှ (၇)မီတာ အကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေပေါ်မူတည်၍ အဆင့်ဆင့်တိုးမြှင့်ဖောက်လုပ်ရန်၊
(၂) ဆောင်ရွက်ဆဲ ကျန်ပြည်ထောင်စုလမ်းများအား ‌မြေလမ်း/အမာခံလမ်း/ကျောက်လမ်း (၃.၆၆)မီတာ၊ (၅.၅)မီတာ အကျယ် ကတ္တရာလမ်းမှ (၇)မီတာ အကျယ် ကတ္တရာလမ်းအဖြစ် ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေပေါ်မူတည်၍ အဆင့်ဆင့်တိုးမြှင့်ဖောက်လုပ်ရန်၊
 
  ရုံးလိပ်စာ တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်း ၃၀၊ ၇၀-၇၁လမ်း ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၄၀၇၃၄၄၄
  ဖက်စ်ဖုန်း ၀၂ ၄၀၇၃၄၄၄
   အီးမေးလ်လိပ်စာ

This email address is being protected from spambots. You need JavaScript enabled to view it.

This email address is being protected from spambots. You need JavaScript enabled to view it.          

   Facebook Page -
   Website  

  

Eservices   Topics
 
News