မြန်မာ့သစ်လုပ်ငန်း
Category: သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန
ရည်ရွယ်ချက်
(၁) | ရေ၊ မြေ ၊ တောရိုင်းတိရစ္ဆာန် ၊ ဇီဝမျိုးစုံနှင့် သဘာဝဝန်းကျင်ကိုကာကွယ်ရမည်။ |
(၂) | သစ်တောများမှ ရရှိနိုင်သည့် တိုက်ရိုက်နှင့် သွယ်ဝိုက်သောအကျိုးများကို စဉ်ဆက်မပြတ် ခံစားနိုင်ကြစေရန်၊ သစ်တောသယံဇာတအရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေး အတွက် ထိန်းသိမ်းရမည်။ |
(၃) | ပြည်သူလူထုအတွက် လောင်စာ၊ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိသည့် အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးရမည်။ |
(၄) | သစ်တောသယံဇာတများရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာဝ ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့်အဝအသုံးချရန်စီမံရမည်။ |
(၅) | သစ်တောများပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူပေါင်းပါဝင်လာကြစေရန် ဆောင်ရွက်သွားရမည်.ထိန်းသိမ်းရေးဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့်အဝအသုံးချရန်စီမံရမည်။ |
(၆) | နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာတွင် သစ်တောများသည် အဓိက အခန်းမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း အသိရှင်သန်စေရန် လှုံ့ဆော်သွားရမည်။ |
ဆောင်ပုဒ်
(၁) | သစ်တောကြွယ်ဝ ၊ လှပချမ်းသာ ၊ အနာဂတ်ကမ္ဘာ |
(၂) | အပူပိုင်းဒေသစိမ်းလန်းဖို့ ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ |
(၃) | နိုင်ငံသာယာဝပြောဖို့ ၊ သဘာဝတောတွေထိန်းသိမ်းစို့ |
(၄) | သက်ရှိလောကတည်မြဲဖို့ ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ |
(၅) | ပူနွေးကမ္ဘာတားဆီးရာ ၊ ဖြေရှာတစ်ခု တောပြုစု |
လုပ်ငန်းတာဝန်များ
(၁) | သစ်တောပြုန်းတီးမှု၊ သစ်တောအတန်းအစား ကျဆင်းမှုကို တားဆီးနိုင်ရန်နှင့် သဘာဝ တောများကို ကူညီအားဖြည့်ရန် တောနိမ့်၊ တောပျက်များအား ပြန်လည်ပြုစု ပျိုးထောင်ခြင်း နှင့် ပျက်စီးပြုန်းတီးလျှက်ရှိသော သစ်တောနယ်မြေများတွင် သစ်တောစိုက်ခင်း အသစ်များ တည်ထောင်ခြင်း။ |
(၂) | မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်ထုတ်လုပ်ခြင်း၊ အချောထည် ထုတ်လုပ်ခြင်း၊ သစ်နှင့် သစ်တောထွက်ကုန်ပစ္စည်းများ ရောင်းချခြင်းများ ဆောင်ရွက်ပါသည်။ မြန်မာ့သစ်လုပ်ငန်းသည် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံအားလုံးအတွက် ကုန်ကြမ်း ဖြည့်ဆည်းပေးနိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်၍ သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ |
ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းများ
မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ပုဂ္ဂလိကအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများသစ်ခွဲသား အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် အထူးအိတ်ဖွင့်တင်ဒါနှင့် အိတ်ဖွင့်တင်ဒါစနစ်တို့ဖြင့် ကုန်ကြမ်း သစ်လုံးများနှင့်သစ်ခွဲသားများ လစဉ် ရောင်းချပေးလျှက် ရှိပါသည်။
(၁) | အထူးအိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခြင်း ဆိုရာတွင် ဌာနထုတ် ကျွန်း/သစ်မာ သစ်လုံးများနှင့် ဖမ်းဆီးရမိသော ပိတောက်၊ တမလန်းကဲ့သို့သော (သတ-ဖ) သစ်များ ကိုရန်ကုန်ရုံးချုပ်၌ လစဉ်ရောင်းချပေးပြီး လုပ်ငန်းကြီး/ငယ်မရွေး တန်းတူ အခွင့်အရေးဖြင့် ယှဉ်ပြိုင်ဝယ်ယူနိုင်ခြင်း ဖြစ်ပါသည်။ |
(၂) | အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချပေးခြင်းဆိုရာတွင် အမှတ်(၁၀၃) သစ်စက်မှ ထွက်ရှိသော ကျွန်း/သစ်မာခွဲသား အတို/အသေး/ရွေးကျန်များကို (၃)တန်၊ ၅တန်၊ လပ်ပုံများ ပုံ၍လည်းကောင်း၊ သာမန်/သတ-ဖ သစ်မာသစ်လုံး၊ ခွဲသားများအား သစ်စက်၊ သစ်ဆိပ်များ၌ လပ်ပုံ ပုံ၍လည်းကောင်း၊ လေလံလျှောက်လွှာပုံစံဖြင့် ယှဉ်ပြိုင် ပေးသွင်းစေပြီး စျေးအမြင့်ဆုံးပေးနိုင်သူကို ရောင်းချပေးခြင်း ဖြစ်ပါသည်။ တိုင်းတွင်းသစ်ဆိပ်များနှင့် အမှတ်(၁၀၃)သစ်စက်၌ လပ်ပုံများကြည့်ရှု၍ တိုင်းဒေသကြီးအတွင်း၌ လျှောက်လွှာဝယ်ပြီး လေလံစျေး တင်သွင်းနိုင်ပါသည်။ |
ရုံးလိပ်စာ |
မြန်မာ့သစ်လုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီး၊ ဒုတိယအထွေထွေမန်နေဂျာရုံး၊ အမရပူရမြို့နယ် |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂ - ၄၀၇၀၁၈၇၊ ၀၂-၄၀၇၀၁၈၉ |
|
ဖက်(စ်)ဖုန်း | ||
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. |
Eservices | Topics | |
|
||
News | ||
|