သူနာပြုသင်တန်းကျောင်း
Category: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ရည်ရွယ်ချက်
စာပေဗဟုသုတများကို သင်ကြားပေးပြီး လက်တွေ့နယ်ပယ်၌ အရည်အသွေးပြည့်ဝ၍ သူနာပြုအတတ်ပညာများကို ကျွမ်းကျင်လိမ္မာစွာ လုပ်ဆောင်နိုင်သော စိတ်နှလုံးသား ဖြူစင်လှပပြီး ပြည်သူလူထုကို အလုပ်အကျွေးပြုမည့် သူနာပြုများကို မွေးထုတ်ပေးနေသည့် သင်တန်းကျောင်းဖြစ်ပါသည်။
အဓိကလုပ်ငန်းတာဝန်များ
သူနာပြုနှင့်သက်ဆိုင်သော ပညာရပ်များ အထွေထွေဗဟုသုတ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ခံယူချက်သဘောထားများ၊ လူမှုပေါင်းသင်းဆက်ဆံရေးများကို တတ်မြောက်အောင် သင်ကြားပေးခြင်းနှင့် သူနာပြုစုမှုအတတ်ပညာရပ်များကို ကျွမ်းကျင်လိမ္မာပြီး မှန်ကန်ကောင်းမွန်သော ဆုံးဖြတ်ချက်များနှင့် နွေးထွေးကြင်နာစွာ လက်တွေ့လုပ်ဆောင်နိုင်စေရန် သင်ကြားပေးခြင်း။
ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
သူနာပြုသင်တန်းကျောင်းတွင် ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များမရှိပါ။ သို့သော် သူနာပြုသင်တန်းသား/သူများသည် ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုဘာသာရပ်နှင့်ပတ်သက်၍ ပြည်သူလူထုကြားသွားရောက်၍ လက်တွေ့ကွင်းဆင်းရပါသည်။ ၄င်းတို့မှာ
(၁) | တစ်နှစ်တစ်ကြိမ် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်များတွင် ကွင်းဆင်းပြီး တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်တမ်းများ ကောက်ယူခြင်း၊ စစ်တမ်းများကောက်ယူစဉ် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အားဆေးများပေးခြင်း၊ နေမကောင်းဖြစ်နေသူများတွေ့ရှိပါက ဆေးရုံ၊ ဆေးခန်းသို့ပြရန်တိုက်တွန်းခြင်း၊ ပို့ပေးခြင်း၊ ရပ်ကွက်ဓမ္မာရုံတွင် အဖြစ်များသော ရောဂါများအကြောင်းကို ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ပြည်သူများနှင့် အမေးအဖြေ ပြန်လည်ပြုလုပ်ပြီး လက်ဆောင်ပေးခြင်းများ ပြုလုပ်ပါသည်။ |
(၂) | Water Sanitation & Supplies အတွက် အများပြည်သူသုံး ရေပေးဝေရေးစက်ရုံ အမှတ် (၄)နှင့် အမှတ်(၈) များသို့လည်းကောင်း၊ အမှတ်(၁) မလွန်ရေတွန်းစက်ရုံ၊ ရေဆိုးထုတ်စက်ရုံအမှတ်(၂)နှင့် အမှတ်(၃)များသို့လည်းကောင်း လက်တွေ့ကွင်းဆင်း လေ့လာကြပါသည်။ |
(၃) | မိခင်နှင့်ကလေးကျန်းမာရေးသူနာပြုစုခြင်းအတွက် မန္တလေးမြို့ပေါ်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားခန်းများတွင် လက်တွေ့ကွင်းဆင်း လေ့လာသင်ယူခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ပြုလုပ်ပေးပါသည်။ |
ရုံးလိပ်စာ | လမ်း ၆၀ နှင့် စံပါယ်လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂-၈၀၁၈၅ | |
အီးမေးလ်လိပ်စာ | ||
website လိပ်စာ | ||
Social Link |
Eservices | Topics | |
News | ||