အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ
Category: ကျန်းမာရေးဝန်ကြီးဌာန
နိဒါန်း
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအဖြစ်၂၀၁၃ခုနှစ်သြဂုတ်လတွင်တိုးမြှင့်ခဲ့ပြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ၊မန္တလေးရုံးခွဲ၌ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့်အရာထမ်း(၃)ဦး၊အမှုထမ်း (၁၇)ဦးစုစုပေါင်း (၂၀)ဦးဖွဲ့စည်းခဲ့ရာမှ (၅-၁-၂၀၁၅) ရက်နေ့မှစ၍ညွှန်ကြားရေးမှူးရာထူးဖြင့်၂၀၁၈ခုနှစ်ဒီဇင်ဘာလအထိအရာထမ်း (၂၁ )ဦး၊အမှုထမ်း ( ၈၈ )ဦး၊ခွင့်ပြုအင်အား ( ၁၄၉ )ဦးတွင်ခန့်ထားအင်အားစုစုပေါင်း ( ၁၀၉ )ဦးဖြင့်တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူတစ်ရပ်လုံးအတွက်ဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံစိတ်ချရသောအစားအသောက်၊ဆေးဝါး၊အလှကုန်ပစ္စည်း၊ဆေးပစ္စည်းများရရှိစေရေးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီဝင်များ၊နှီးနွယ်အဖွဲ့အစည်းများ၊လုပ်ငန်းရှင်များ၊ NGOsများပူးပေါင်းဆောင်ရွက်လျက်ရှိကြပြီးလူထုပူးပေါင်းပါဝင်လာစေရေးအတွက်လည်းကြိုးပမ်းလျက်ရှိသည်။
မျှော်မှန်းချက် (Vision)
အစားအသောက်၊ဆေးဝါး၊အလှကုန်နှင့်ဆေးပစ္စည်းကိရိယာများ၏ဘေးအန္တရာယ်ကင်းရှင်းမှု၊အာနိသင်ထက်မြက်မှုနှင့်အရည်အသွေးကောင်းမွန်မှုတုိ့ကိုစနစ်တကျကြီးကြပ်ကွပ်ကဲပေးခြင်းဖြင့်ပြည်သူလူထု၏ကျန်းမာရေးကိုကာကွယ်ရန်နှင့်အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။
လုပ်ငန်းတာဝန် (Mission)
အရည်အသွေးပြည့်ဝ၍ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်၊ဆေးဝါး၊အလှကုန်ပစ္စည်း၊ဆေးပစ္စည်းများကိုစိတ်ချယုံကြည်စွာသုံးစွဲနိုင်ရေးအတွက်ပြဌာန်းထားသောဥပဒေ၊နည်းဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်၊လုပ်ထုံးလုပ်နည်းများနိုင်ငံတကာစံနှုန်းများနှင့်အညီဆောင်ရွက်သွားရန်ဖြစ်ပါသည်။
မန္တလေးရုံးခွဲ၏ဌာနခွဲများ
(က) အစားအသောက်ကြီးကြပ်ဌာနခွဲ
(ခ) (ဆေးဝါး)၊ (ဆေးပစ္စည်း၊အလှကုန်/လူသုံးကုန်)ကြီးကြပ်ဌာနခွဲ)
(ဂ) ဓာတ်ခွဲဌာနခွဲ
(ဃ) စီမံဌာနခွဲ
အစားအသောက်ဌာနခွဲ၏လုပ်ငန်းတာဝန်များ
(က) ကွင်းဆင်းစစ်ဆေးခြင်း (Inspection)
- သောက်ရေသန့်လုပ်ငန်း (GMP)
- အစားအသောက်လုပ်ငန်း (GMP & GHP)
(ခ) စျေးကွက်နမူနာကောက်ယူခြင်း(Post Market Surveillance)
(ဂ) အသိပေးဟောပြောပွဲများကျင်းပခြင်း (Health Education)
ရုံးလိပ်စာ | ၃၅ လမ်း၊ ၆၄x၆၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၉ ၈၉၆၅၀၀၂၈၅ | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | www.fdamyanmar.gov.mm | |
Social Link |
Eservices | Topics | |
|
||
News | ||