စိတ်ကျန်းမာရေးဆေးရုံကြီး

Category: ကျန်းမာရေးဝန်ကြီးဌာန

     

 

မိမိဌာနမှ ပြည်သူလူထုသို့  ဝန်ဆောင်မှုပေးလျှက်ရှိသော  လုပ်ငန်းစဉ်များ  ၊  အသိပေးလို သည့်   အချက်အလက်များနှင့်   ထိုဝန်ဆောင်မှုများအား   ရယူရန်အတွက်  လိုအပ်သော အချက်အလက်များ

(က) စိတ်ကျန်းမာလူနာများကို  ဆေးသောက်မှန်ကန်စေရန်နှင့် အချိန်မှန်မှန် ဆေးတိုက်ပေး ခြင်းများ ဂရုတစိုက်ဆောင်ရွက်ပါသည်။
(ခ) ပြင်ပလူနာများအနေဖြင့် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ရက်ချိန်းမှန်ကန်စေရန် ပြုလုပ်ပေးပါသည်။
(ဂ) ပိုင်ရှင်မဲ့လူနာများအတွက် အစစအရာရာ အဆင်ပြေစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပါသည်။
(ဃ) မူးယစ်ဆေးစွဲလူနာများကို ဆေးရုံတက်နေစဉ်ကာလအတွင်း ဆေးသောက်မှန်ကန်စေရန်  နှင့်   ဆေးရုံမှဆင်းသွားလျှင်လည်း    မူးယစ်ဆေးဝါးများ၏  ဆိုးကျိုးများကို    ရှင်းပြ၍ ၎င်းဆေးဝါးများအားဆက်လက်  သုံးစွဲခြင်းမပြုရန် ၊အသိပညာပေးခြင်းများ ဆောင်ရွက် ပေးပါသည်။
(င) မူးယစ်ဆေးစွဲလူနာများအား မိသားစုကို စိတ်ချမ်းသာမှုဖြင့် ကျေးဇူးဆပ်ရန် ကျန်းမာရေး ပညာပေး ဟောပြောပေးပါသည်။
(စ) စိတ်ကျန်းမာရေးဆေးရုံကြီးတွင် ဆေးရုံတက်ပါက လူနာအတွက် လူနာစောင့်(၁)ယောက် ပါလျှင်   ပိုကောင်းပါသည်။  လူနာအကြောင်း   နားလည်သော  မိသားစုဝင်ဖြစ်လျှင်  ပို၍ အဆင်ပြေပါသည်။    ၎င်းလူနာစောင့်သည်    အရက်နှင့်      မူးယစ်ဆေးဝါးသုံးစွဲသောသူ မဖြစ်ရပါ။
(ဆ)

မူးယစ်ဆေးစွဲရောဂါကုဆေးရုံတွင် ဆေးရုံတက်လူနာ ယူဆောင်လာရန် လိုအပ်သည့် ပစ္စည်းများမှာ

 

 

ပတ်စပို့ဓါတ်ပုံ 

မှတ်ပုံတင်မိတ္တူ 

အိမ်ထောင်စုဇယားမိတ္တူ 

အင်္ကျီ(ကော်လံ၊အိတ်ကပ်မပါ) 

အတွင်းခံဘောင်းဘီ 

စွပ်ကျယ် 

ဘောင်းဘီတို(အိတ်ကပ်၊ဇစ်မပါ) 

ခြုံစောင်(တစ်ထပ်စောင်) 

အိပ်ယာခင်း(တစ်ထပ်စောင်) 

ခေါင်းအုံးစွပ် 

မျက်နှာသုတ်ပဝါ 

ဖိုက်ဘာပန်းကန်ပြား 

ဖိုက်ဘာပန်းကန်လုံး 

ဖိုက်ဘာဇွန်း 

ဖိုက်ဘာရေခွက် 

ရေချိုးခွက် 

ဓါတ်ဗူး 

 

(၈) ပုံ 

(၂) စောင်

(၂) စောင်

(၃) ထည်

(၂) ထည်

(၃) ထည်

(၃) ထည်

(၁) ထည်

(၁) ထည်

(၁) ထည်

(၁) ထည်

(၁) ချပ်

(၁) လုံ

(၁) ချောင်း

(၁) လုံး

(၁) လုံး

(၁) လုံး

     

  

     
  ရုံးလိပ်စာ

မြစ်ငယ်၊ထုံးဘိုလမ်းခွဲ၊တောတွင်ကျေးရွာအနီး စိတ်ကျန်းမာရေးဆေးရုံကြီး၊အမရပူရမြို့နယ်၊မန္တလေးမြို့။

  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉-၂၆၆၈၆၃၂၅၈
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ
   Social Link

 

Eservices   Topics
     
News