မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန

Category : ကျန်းမာရေးဝန်ကြီးဌာန

နိဒါန်း

မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တိုင်းဒေသကြီးအတွင်းမှီတင်းနေထိုင်ကြသောပြည်သူ(၆၁၀၁၀၉၆)ဦး၏ ကျန်းမာရေးအဆင့် မြှင့်တင်ခြင်း၊ ရောဂါ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဟူသောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအားလုံးကိုပြီးပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှုအသွင်ဖြင့် ပီပြင်စွာပေးစွမ်းနိုင်ရန် ပဏာမကျန်းမာရေးစောင့်ရှောက်မှု၏ အခြေခံမူကြီး (၅)ရပ်ဖြစ်သောကျန်းမာရေးစောင့်ရှောက်မှုသာတူညီမျှရှိစေခြင်း၊ ကာကွယ်ရေးလုပ်ငန်းများကိုဦးစားပေးခြင်း၊ ဒေသနှင့်လိုက်လျောညီထွေမှုရှိပြီးအများပြည်သူလက်ခံနိုင်သောနည်းစနစ် များကို အသုံးပြုခြင်း၊လူထုနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်မှုကိုရယူဆောင်ရွက်ခြင်း၊ ဌာနတွင်းနှင့်ဌာနအချင်းချင်းပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့နှင့်အညီအကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါသည်။

 

မူဝါဒ

၁။  ကျေးလက်ဒေသကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊
၂။ လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံရေးစနစ် ထူထောင်ရေး၊
၃။ ကျန်းမာမှုမြှင့်တင်ရေးနှင့်ရောဂါကာကွယ်ထိန်းချုပ်ရေးကိုဦးစားပေးဆောင်ရွက်ရန်၊
၄။ ကူးစက်ရောဂါများလုံးဝပပျောက်ပြီးကူးစက်ခြင်းမရှိသောရောဂါများပြည်သူ့ကျန်းမာရေးပြဿနာများအဖြစ်မှ လျော့နည်းပပျောက်ရေး၊

 

ရည်မှန်းချက်

၁။  လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေထိုင်နိုင်ရေးနှင့် ကျန်းမာသောမျှော်မှန်းလူ့သက်တမ်းတိုးမြှင့်လာစေရန်၊
၂။ လူတိုင်းလက်လှမ်းမီနိုင်သောကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန်၊
၃။

လူတိုင်းရောဂါဘယကင်းရှင်းစေရန်နှင့် ကျန်းမာရေးအဆင့်အတန်းမြင့်မားစေရန်။

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းများ

ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ

၁။  ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
၂။ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
၃။ အာဟာရစောင့်ရှောက်မှုလုပ်ငန်း
၄။ ကျန်းမာရေးပညာပေးလုပ်ငန်း
၅။ ကျောင်းကျန်းမာရေးလုပ်ငန်း
၆။ ပတ်ဝန်းကျင်နှင့်လုပ်ငန်းခွင် ကျန်းမာရေးလုပ်ငန်း

ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ

၁။  တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း
၂။ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း
၃။ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း
၄။ အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်း
၅။ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး
၆။ မျက်မမြင်နှင့်မျက်ခမ်းစပ်ပပျောက်ရေးလုပ်ငန်း
၇။ မကူးစက်တတ်သောရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း

 

စဉ် ဆေးရုံဆေးခန်း

အရေ

အတွက်

အမည်

ခရိုင်ပြည်သူ့ကျန်းမာရေး

ဦးစီးဌာန

မန္တလေး၊ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ မိတ္တီလာ၊ ရမည်းသင်း၊ ညောင်ဦး

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

၂၈

ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ မိတ္တီလာ၊ ရမည်းသင်း၊ ညောင်ဦး၊ အောင်မြေသာစံ၊ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ မတ္တရာ၊မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ပျော်ဘွယ်၊ ကျောက်ပန်းတောင်း

တိုက်နယ်ကျန်းမာရေးဌာန ၃၉  
ကျေးလက်ကျန်းမာရေးဌာန ၁၂၄  
ကျေးလက်ကျန်းမာရေးဌာနခွဲ ၇၆၇  
ကျောင်းကျန်းမာရေးဌာန ကျောက်ဆည်၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ရမည်းသင်း
မိခင်ကလေးကျန်းမာရေးဌာန ၂၅  
ဒေသန္တရကျန်းမာရေးဌာန

အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊

ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊မိတ္ထီလာ၊ညောင်ဦး၊၀မ်းတွင်း

ဒေသန္တရကျန်းမာရေးဌာနခွဲ အောင်မြေသာစံ၊ ဒေါနဘွား၊ ပြည်ကြီးမျက်မှန်၊ ဒေးဝန်း၊ မဟာအရှေ့၊ စိန်ပန်း၊ တမ္မဝတီ၊ ဧရာထွန်း၊ပဲဖြူကုန်း

 

 

     
  ရုံးလိပ်စာ မန္တလေးတိုင်းဒေသကြီပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လမ်း၇၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်
  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၉ - ၄၀၄၉၉၅၇၈၇

  အီးမေးလ်လိပ်စာ
  website လိပ်စာ www.mohs.org.mm
   Social Link
 

 

Eservices   Topics
No tagged items found
 
No tagged items found
News