သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်
Category: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ရည်ရွယ်ချက်
(၁) | လူတိုင်းရောဂါဘယကင်းရှင်းရေး။ |
(၂) | လူတိုင်း သက်တမ်းစေ့အသက်ရှည်စွာနေထိုင်ရေးဖြစ်ပါသည်။ |
ရည်မှန်းချက်
ကျွမ်းကျင်ထက်မြက်သော နိုင်ငံတကာအဆင့်မှီ သွားဘက်ဆိုင်ရာဆရာဝန်များ မွေးထုတ်ရန် ရည်ရွယ်ပါသည်။
လုပ်ဆောင်ချက်
(၁) | သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးမှ မွေးထုတ်ပေးသော သွားဘက်ဆိုင်ရာ ဆရာဝန်များသည် ပြည်သူများကို သွားနှင့်ခံတွင်း ရောဂါများကုသရန် အသိပညာ (Knowledge) နှင့် ကျွမ်းကျင်မှု (Skill )အပြည့်အဝ ရှိရမည်။ |
(၂) | လူနာများကို ဆက်ဆံရာ၌ လူသားချင်းကိုယ်ချင်းစာနာစိတ်ရှိရမည်။ |
(၃) | သွားဆရာဝန်များသည် စဉ်ဆက်မပြတ်ပညာဆည်းပူးရုံသာမက သုတေသနလုပ်ငန်း များကိုပါ လုပ်ဆောင်ရမည်။ |
(၄) | ကုသမှုပေးရာတွင် ပြည်သူလူထုအားလုံးကို ကုသရုံသက်သက်မဟုတ်ဘဲ ပညာပေးကဏ္ဍပါပါဝင်ရမည်။ ထိုသို့ကုသမှုနှင့် ပညာပေး ဆောင်ရွက်ရာတွင် အစိုးရဝန်ထမ်းများသာမက ပုဂ္ဂလိကကဏ္ဍပါ ပါဝင်ရမည်။ |
(၅) | သွားဘက်ဆိုင်ရာဆရာဝန်များသည် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို သိရှိရမည်။ |
(၆) | သက်ဆိုင်ရာက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ |
ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးအနေဖြင့် ဘွဲ့လွန်ကျောင်းသားများနှင့် 4th BDS ကျောင်းသား/သူများသည် အပတ်စဉ် ပြည်သူလူထု အတွင်းသို့ ကွင်းဆင်းကုသခြင်း၊ ပညာပေးခြင်း၊ စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်ပါသည်။ တက္ကသိုလ်၌လည်း လူနာများကို လက်ခံပြီး ကုသမှုမျိုးစုံကို ကုသပေးလျှက်ရှိပါသည်။
ရုံးလိပ်စာ | ၆၂လမ်း၊ ကုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံနှင့် အရိုးအထူးကုဆေးရုံကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂-၈၁၂၄၁ ၀၂-၈၀၇၇၀ | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | udmmandalay.gov.mm | |
Social Link |
Eservices | Topics | |
News | ||