ဆေးဝါးတက္ကသိုလ်
Category: ကျန်းမာရေးဝန်ကြီးဌာန
ရည်ရွယ်ချက်
(၁) | ဆေးဝါးပညာရပ်များကို စွမ်းစွမ်းတမံလေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဆေးကြောင့် သုံးစွဲသူများ ဘေးဉပါဒ်တစ်စုံတစ်ရာမရှိ၊ ဘေးကင်းစေခြင်း။ |
(၂) | ဆေးအစွမ်းအာနိသင် အကျိုးရရှိစေခြင်း။ |
(၃) | ပြည်သူလူထုကို ဆေးဝါးနှင့် ပတ်သက်ပြီး တာဝန်ယူ စောင့်ရှောက်နိုင်သော အရည်အချင်း နှင့် ပြည့်စုံစွာ ကျေးဇူးပြုနိုင်ခြင်းတို့ ဖြစ်ပါသည်။ |
ဆောင်ပုဒ်
“ပြည်သူတို့၏ ကျန်းမာရေး ဆေးဝါးပညာဖြင့် စောင့်ရှောက်ပေး”
အဓိကလုပ်ငန်းတာဝန်များ
(၁) | ဆေးဝါးဆိုင်ရာ အသိပညာများဖြင့် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း အလုပ်များနှင့် ကျန်းမာရေးအသင်းအဖွဲ့များရှိ တာဝန်ဝတ္တရားများကို လုပ်ဆောင်နိုင်ရမည်။ ဆေးဝါးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရမည်။ |
(၂) | အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆောင်ရွက်ရန် ဆေးဝါးစီမံခန့်ခွဲမှု အတတ်ပညာများကို တတ်မြောက် ရမည်။ |
(၃) | ခိုင်မာသော လူသားချင်းစာနာတတ်သော စိတ်ဖြင့် မိမိ၏ အတတ်ပညာများကို ကောင်းစွာ အသုံးချနိုင်သူ ဖြစ်ရမည်။ |
(၄) | ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံပေးသော ကွန်ယက်ဆိုင်ရာ အသိပညာများ တတ်ကျွမ်း ရမည်။ |
(၅) | ဆေးဝါးထုတ်လုပ်မှု ၊ သင်ကြားရေး ၊ ဆေးရုံ၊ လူထုဆေးဝါးစောင့်ရှောက်မှု ဆေးပေးခြင်းနှင့် ဆေးဝါးစီမံမှု၊ သုတေသနနှင့်ဆေးဝါးဆိုင်ရာ သတင်းအချက်အလက်များ ပေးခြင်းတို့နှင့် ပတ်သက်၍ အထူးပြုဘွဲ့လွန်များ တက်ရောက်နိုင်ရန် အခြေခံများ တတ်မြောက်ရမည်။ |
(၆) | ပြောင်းလဲနေသော ကျန်းမာရေးလိုအပ်ချက်များ၊ ဆေးဝါးဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ တိုးတက်လာမှုများနှင့်အညီ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် မိမိဘာသာမိမိ တစ်သက် တာလုံး ဆက်လက်လေ့လာနိုင်စွမ်းအားရှိရမည်။ |
(၇) | ခွဲခြမ်းစိတ်ဖြာတွေးတောနိုင်စွမ်း၊ ယုတ္တိကျစွာ ကျင့်ထုံးနှင့်လျော်ညီစွာ တွေးတောဆင်ခြင်နိုင်စွမ်း ရှိရမည်။ |
(၈) | ဆေးဝါးသိပ္ပံဘာသာရပ်များတွင် သုတေသနများ ဆောင်ရွက်နိုင်သည့် အရည်အချင်းများရရှိ စေရမည်။ |
ရုံးလိပ်စာ | ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ တောတွင်ကျေးရွာ(ထုံးဘိုနှင့်မြစ်ငယ်ဖြစ်လမ်း)၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၈၅-၄၀၁၃၄၊ ၀၂-၆၀၀၆၄၊ ၀၈၅-၄၀၁၃၅၊ ၀၈၅-၄၀၂၄၄၊ ၀၈၅-၄၀၂၃၆ | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | www.uopmdy.gov.mm | |
Social Link |
Eservices | Topics | |
News | ||