i1cover

အမှတ်(၁)သတ္တုတွင်းလုပ်ငန်း

 

Category: သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန


 
ဦးစီးဌာန၏ရည်ရွယ်ချက်

၁။ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမန္တလေးရုံးခွဲသည် နမ္မတူ-ဘော်တွင်းဒေသ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းတွင်အလုပ်လုပ်ကိုင်ခဲ့ကြပြီး ပင်စင်ယူသွားကြသောပင်စင်စားများအားပင်စင်လစာထုတ်ပေး ရသောရုံးခွဲတစ်ခုဖြစ်ပါသည်။ယခုအခါအမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်အမှတ်(၃)သတ္တုတွင်းလုပ်ငန်းမှ ပင်စင်စားများကိုပင်စင်လစာများလစဉ်ထုတ်ပေးနေသောရုံးခွဲဖြစ်ပါသည်။
(က) ပင်စင်စားများသည်ပင်စင်လစာငွေကို ၊ (၁)လတစ်ကြိမ်၊ (၂)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ (၄)လတစ်ကြိမ်၊ (၅)လတစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၇)လတစ်ကြိမ်၊ (၈)လတစ်ကြိမ် ၊ (၉)လတစ်ကြိမ် ၊ (၁၀)လတစ်ကြိမ်၊ (၁၁)လတစ်ကြိမ်၊ (၁၂)လတစ်ကြိမ် စသည်ဖြင့်ပင်စင်စားများထုတ်ယူလိုသည့်အတိုင်း ကြိုတင်စာရင်းပေးထားကြသည့်အတိုင်းထုတ်ပေးနေပါသည်။
(ခ) အရေးပေါ်၍ပြင်ဆင်လိုပါက(၁)ရက်နေ့မှ(၅)ရက်နေ့အတွင်းအချိန်မီအကြောင်းကြားပါက ပြင်ဆင်နိုင်ပါသည်။
(ဂ) (၁၂)လတနှစ်ကျော်သွားပါကထုတ်ပေး၍မရတော့ပါ၊နေပြည်တော်ရုံးချုပ်သို့ခွင့်ပြုမိန့်တင် ပြပြီးခွင့်ပြုမိန့်ကျလာမှထုတ်ပေးရပါသည်။
(ဃ) ပင်စင်စားကွယ်လွန်သွားပါက၊ပျောက်ဆုံးသွားပါကချက်ချင်းအသိပေးအကြောင်းကြားရ ပါမည်။၊
၂။ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူကုမ္ပဏီလုပ်ကွက်အသစ်လျှောက်ထားခြင်းများ ၊ နေပြည်တော်ရှိ ဝန်ကြီးရုံးတွင် လျှောက်ထားကြရပါမည်။

 

ဆောင်ပုဒ်။

၁။ မြေလွှာကိုဖွင့်၍ပြည်ကိုမြှင့်အံ့
၂။ ကျေးရွာလူမှုဘဝတိုးတက်မြင့်မားရေးသတ္တုလုပ်ကွက်များကထောက်ကူပေး
၃။ အလုပ်အကိုင်အခွင့်အလမ်းများသတ္တုလုပ်ကွက်များကဆောင်ရွက်ပေး
၄။ ကုမ္ပဏီဆိုင်းဘုတ်စိုက်ထူထားပွင့်လင်းမြင်သာရှိစေသား

အဓိကလုပ်ငန်းတာဝန်များ။

၁။ သတ္တုတွင်းဦးစီးဌာနကအဖွဲ့ခေါင်းဆောင်၊အမှတ်(၁)သတ္တုတွင်းလုပ်ငန်းကအဖွဲ့ဝင်တာဝန်ဖြင့်လုပ်ကွက်များသို့ကွင်းဆင်းစစ်ဆေးရေးများဆောင်ရွက်ခြင်း။
၂။ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်အမှတ်(၃)သတ္တုတွင်းလုပ်ငန်းမှအငြိမ်းစားပင်စင်စားများအား လစဉ်မှန်မှန်ပင်စင်လစာထုတ်ပေးခြင်း။
(က) ပင်စင်စားများသည်ပင်စင်ထုတ်ယူလိုကြောင်းကြိုတင်စာရင်းပေးထားကြရန်။ လျှောက်လွှာပုံစံတွင်ပြည့်စုံစွာ လက်မှတ်ရေးထိုးပေးကြရန်၊လိုအပ်သည့်ထောက်ခံစာများတပါတည်းပူးတွဲတင်ပြကြပါရန်။လျှောက်လွှာနောက်ကျခြင်းများအတွက်ပင်စင်လစာငွေစာရင်းပါလာမည်မဟုတ်ပါ။
(ခ) စာရင်းမပါဘဲပင်စင်လစာငွေထုတ်ပေးခြင်းမပြုပါ။ စာရင်းပါမပါဖုန်းဆက်မေးမြန်းပြီးမှ ပင်စင်လစာငွေကိုထုတ်ယူရန်လာကြပါ။
  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၆၀၃၀၁၊ ၀၉ ၂၀၀၅၇၅၁

  ဖက်(စ်)
  လိပ်စာ  ၈၄လမ်း၊ ၂၈x၂၉လမ်းကြား။
  website လိပ်စာ

  

Eservices   Topics
     
News