ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မန္တလေးသင်္ဘောကျင်းဌာန
Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ဦးစီးဌာန၏ ရည်ရွယ်ချက်
(၁) | ဌာန၏ရည်ရွယ်ချက်ဆောင်ပုဒ်မှာ ရေယာဉ်နှင့် ခရီးသည် အန္တရာယ်ကင်းရှင်းရေး (Safety) ၊ လုပ်ငန်းစွမ်းဆောင်မှု အပြည့်အဝပေးရေး(Service)နှင့် လုပ်ငန်းခွင်အသွင် အပြင် ကောင်းမွန်ရေး(Image)တို့ ဖြစ်ပါသည်။ |
ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
ဆောင်ပုဒ်
(၁) | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ဆောင်ပုဒ်မှာ '' ပို့ဆောင် ခြင်းဖြင့် စီးပွားမြှင့်အံ့"၊ "များများသယ်၊ မြန်မြန်ပို့၊ ပြည်သူတွေစိတ်ချမ်းသာဖို့" ဟူ၍ ဖြစ်ပါသည်။ |
အဓိကလုပ်ငန်းတာဝန်များ
အင်ဂျင်နီယာဌာနသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရှိ ဌာနကြီး(၇)ခု အနက် အဓိက အထောက်အကူပြု ဌာနကြီးတစ်ခုဖြစ်ပါသည်။ အင်ဂျင်နီယာဌာန၏ အဓိကလုပ်ငန်းဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) | အင်ဂျင်နီယာဌာနသည် ဌာနပိုင်ရေယာဉ်များအား ခရီးလမ်းအသီးသီးတွင် ကိုယ် ထည်နှင့် စက်များကြံ့ခိုင်မှုရှိစွာ ပြေးဆွဲအသုံးပြုနိုင်ရန် ရေယာဉ်များအား နှစ်ပတ်လည် ပြင်ဆင်ခြင်း၊ အကြီးစားပြုပြင်ခြင်း၊ အသေးစားပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးရခြင်း။ |
(၂) | သယ်ယူပို့ဆောင်ရေးဌာန၏ လိုအပ်ချက်အရ စက်ရှိရေယာဉ်မှ စက်မဲ့ကုန်တင်တွဲ၊ စက်မဲ့ကုန်တင်တွဲမှ ဆိပ်ခံတွဲအဖြစ်သို့လည်းကောင်း၊ ကုန်တင်တွဲမှ ခရီးသည်တင် ရေယာဉ်များအဖြစ်လည်းကောင်း ပုံစံပြောင်းတည်းဆောက်ပေးခြင်း၊ စက်မဲ့တွဲများကို စက်ရှိရေယာဉ်အဖြစ် အကြီးစားပြုပြင်တည်ဆောက်ခြင်းတို့ ဆောင်ရွက်ပေးရခြင်း။ |
(၃) | ရေယာဉ်တွင်တပ်ဆင်ထားသည့် စက်မကြီး၊ ဂီယာ ၊ ပဲ့ချိတ်စက် ၊ မီးစက် ၊ လေသွင်းစက်၊ ရေစုပ်စက်စသည်တို့ကို ထုတ်လုပ်သူ၏ စံချိန်စံညွှန်းနှင့် အညီ ပြုပြင်ပေး ရခြင်း။ |
(၄) | ရေယာဉ်များပြုပြင်ရန်လိုအပ်သော ကုန်ကြမ်း/ ကုန်ချောပစ္စည်းများ၊ စက်ကိရိယာနှင့် အရန်ပစ္စည်းများ၊ စက်ဆီ/ချောဆီများ လိုအပ်ချက်ကို လိုအပ်စံချိန်စံညွှန်းနှင့် အညီ ပြုစု၍ ပြည်ပနိုင်ငံများမှ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်း။ |
(၅) | သင်္ဘောကျင်းများ၏ ထုတ်လုပ်မှုစွမ်းအား မကျဆင်းစေရေးအတွက် လူစွမ်းအား အရင်းအမြစ် စီမံချက်ချ စုဆောင်းခြင်း၊ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ရေယာဉ်လိုက် စက်ဘက်ဝန်ထမ်းများတွင် ရေယာဉ်တွင် တပ်ဆင်ထားသည့် စက်မကြီး၏ မြင်းကောင် ရေအရ ကျွမ်းကျင်မှုလက်မှတ်ရရှိနိုင်ရေး လေ့ကျင့်ပျိုးထောင်ပေးရခြင်း၊ ၎င်းအပြင် သင်္ဘောကျင်းများ၏ အင်ဂျင်နီယာများအား ကျွမ်းကျင်မှု ခါးဆက်မပြတ်စေရန် ခေတ်မှီ ဖွံ့ဖြိုးတိုးတတ်သည့် နိုင်ငံများသို့ သွားရောက် ပညာတော်သင်ယူနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြလျက် လေ့ကျင့်ပျိုးထောင်ပေးရခြင်း။ |
(၆) | ရုပ်ဝတ္တုပိုင်းဆိုင်ရာများဖြစ်သည့် သင်္ဘောကျင်းများ၏ လွန်းလမ်းဝန်ချီစက်များ၊ တွင်စက်များ၊ သံဂဟေစက်၊ သံပြားဖြတ်စက်၊ သံပြားချိုးစက်၊ သံရည်နှင့် ကြေးရည်ကျို ဖိုများ အမြဲအသုံးပြုနိုင်ရန်လိုအပ်သလို အစားထိုးတပ်ဆင်နိုင်ရေးအတွက် စီမံချက်ရေးဆွဲ တင်ပြရခြင်း။ |
(၇) | စက်ရုံ၊ အလုပ်ရုံများ ကြံ့ခိုင်မှုရှိရေး၊ လုပ်ငန်းသုံး ကိရိယာ တန်ဆာပလာများ ပြည့်စုံ ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အတွက် နှစ်အလိုက် ခွင့်ပြုဘဏ္ဍာငွေများထဲမှ လိုအပ်ချက်များ ဝယ်ယူဖြည့်တင်းပေးရခြင်း။ |
(၈) | ဌာန၏လိုအပ်ချက်အရ ရေယာဉ်သစ်တည်ဆောက်ရန် လိုအပ်လာပါက အသုံးပြုမည့် ခရီးလမ်းနှင့် ဆီလျော်သည့် ရေယာဉ်ပုံစံကို ခေတ်စနစ်နှင့်လျော်ညီစွာ ပုံစံရေးဆွဲခြင်း၊ တပ်ဆင်ရမည့် စက်ကိရိယာများ စီစစ်ရွေးချယ်ခြင်းတို့ကို ကျွမ်းကျင်မှုအရ ဦးဆောင် ဦးရွက် ပြုလုပ်ပေးရခြင်း။ |
(၉) | ပြေးဆွဲအသုံးပြုနေဆဲ ရေယာဉ်များအား သယ်ယူပို့ဆောင်ရေးဌာန၏ လိုအပ်ချက် အရ အပြည့်အဝအသုံးပြုရန်လို့အပ်သော ကုန်ကြမ်းပစ္စည်းများ၊ စက်ဆီ/ချောဆီများ အရန်သင့် ရှိနေစေရေးနှင့် အချိန်မီပြင်ဆင်ပေးနိုင်ရေး ကြီးကြပ်တာဝန်ယူဆောင်ရွက်ပေး ရခြင်း၊ ရေယာဉ်များ စက်စွမ်းအား အပြည့်အဝရရှိနိုင်ရေးနှင့် လမ်းခရီးတွင် ကြံ့ကြာမှု မရှိစေရေးတို့အတွက် တာဝန်ယူမွမ်းမံပေးရခြင်းတို့ ဖြစ်ပါသည်။ |
ရုံးလိပ်စာ | ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မန္တလေးသင်္ဘောကျင်းဌာနခွဲ၊ အကွက်အမှတ်(၃၆၅)၊ ကမ်းနားလမ်းနှင့် ၄၁-လမ်းအနောက်ထိပ်၊ ပန်းဆက်တံခါးအနီး၊ စိန်ပန်းရပ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂ ၄၀၃၆၀၃၇ |
|
ဖက်စ်ဖုန်း | ||
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. |
|
Facebook Page | https://www.facebook.com/mandalay.dockyard.3 | |
Website |
Eservices | Topics | |
News | ||