ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
Category: ပြန်ကြားရေးဝန်ကြီးဌာန
ရည်ရွယ်ချက်
(၁) |
ပြည်သူကို မျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း |
(၂) |
ပြည်သူကို မျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း |
(၃) | မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ မှတ်တမ်းတင် ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း |
ဆောင်ပုဒ်
(၁) |
ပြန်ကြားပေးရန် (Information) |
(၂) |
ပညာပေးစည်းရုံး လှုံ့ဆောင်ရန် (Education) |
(၃) | ဖျော်ဖြေပေးရန် (Entertainment) |
လုပ်ငန်းတာဝန်များ
(၁) |
နိုင်ငံတော်၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက် များကို ပြည်သူလူထု သိရှိစေရန် ဆောင်ရွက်ခြင်း |
(၂) |
နိုင်ငံတော်က ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြေညာချက်များကို ပြည်သူလူထု အမြန်ဆုံး သိရှိစေရန် ဆောင်ရွက်ခြင်း |
(၃) | ဒို့တာဝန်အရေး (၃)ပါးကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ ဖြင့် ပြည်သူလူထု သဘောပေါက်အောင် ဆောင်ရွက်ခြင်း |
(၄) | ပြည်သူများ အသိပညာမြင့်မားရေးနှင့် ခရိုင်၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း |
(၅) | ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် ဌာန၏ စီမံချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိ စိစစ်ကြပ်မတ် ဆောင်ရွက်ခြင်း |
(၆) | ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒို့ကျေးရွာဂျာနယ်ကို တစ်လလျှင် (၂)ကြိမ် ထုတ်ဝေဖြန့်ချီ ဆောင်ရွက်ခြင်း |
(၇) | နိုင်ငံတော်အကြီးအကဲများ၏ ပြည်တွင်း/ ပြည်ပ ခရီးစဉ်များတွင် သတင်းဓါတ်ပုံ ရိုက်ကူး ထုတ်ပြန်ပေးခြင်း၊ မှတ်တမ်းအယ်လ်ဘမ်များ ပြုလုပ်ပေးခြင်းနှင့် ပြည်ပနိုင်ငံများမှ နိုင်ငံတော် အကြီးအကဲများ၏ ခရီးစဉ်များ၊ နိုင်ငံတော်အခမ်း များတွင် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူး ဆောင်ရွက်ခြင်း |
(၈) | ပြန်ကြားရေးဝန်ကြီးဌာန website ဖြစ်သည့် www.moi.gov.mm နှင့် MOI Web Portal Myanmar (Facebook Page )များတွင် သတင်းများကို အချိန်နှင့် တစ်ပြေးညီ လွှင့်တင်ဆောင်ရွက်ခြင်း |
(၉) | နိုင်ငံတကာမှာ သတင်းထောက်များအား ပြည်ဝင်ခွင့် ဗီဇာထောက်ခံပေးခြင်းနှင့် ဗီဇာသက်တမ်း တိုးခြင်းများကို ထောက်ခံပေးခြင်း |
(၁၀) | အသစ်ပြဌာန်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို စိစစ်ခွင့်ပြုထုတ်ပေးနိုင်ရေး ဆောင်ရွက်ခြင်း |
ရုံးလိပ်စာ | ၈၆ လမ်း၊ ၂၁×၂၂ လမ်းကြား၊ ပုလဲငွေရောင်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂- ၆၀၀၂၅ ၊ ၀၂-၆၀၀၅၂ |
|
အီးမေးလ် |
This email address is being protected from spambots. You need JavaScript enabled to view it. |
|
Social Link | ||
Eservices | Topics | |
News | ||